Catwidget1

Arts

လှပတဲ့လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၄၊ နိဂုံး)

640-1
သူတို့အသုံးပြုတဲ့ သန့်ရှင်းရေးလုပ်တဲ့စက်တွေတပ်ဆင်ထားတဲ့ ကားတွေကို လျှိုကျို့မြို့ တုံဖုန်ကားထုတ်ရေးကနေ ဝယ်ယူထားတာလို့လည်း ပြောတယ်။ တံုဖုန်ကားထုတ်လုပ်ရေးက မြန်မာနိုင်ငံ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ အရောင်းစင်တာဖွင့်ထားတာ ဆယ်နှစ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ခုနှစ်မှာ ကားစီးရေ တစ်ထောင်လောက်ရောင်းချခဲ့ရတယ်လို့သိရတယ်။ ၇၉၀၇ဧကကျယ်ဝန်းတဲ့ တုံဖုန်ကားထုတ်လုပ်ရေးကုမ္ပဏီမှာ အာရှမှာအကြီးဆုံး ကား ဖရိန်ပုံလောင်းနိုင်တဲ့ စက်ရုံလည်းရှိပါတယ်။
u1010u1036u102fu1016u102fu1014u1039-4-1
လေးမိနစ် ကားတစ်စီးတပ်ဆင်ထုတ်လုပ်နိုင်တယ်
တုံဖုန်ကားစက်ရုံက ဆယ်ဘီးကားအရွယ်နဲ့ မီနီဘတ်စ်ကားတွေထုတ်လုပ်တယ်လို့ဆိုတယ်။ ဈေးကွက် လိုအပ်ချက်ပေါ်မူတည်ပြီး လေးမိနစ်တစ်စီး၊ တစ်နှစ်ကို ကားစီးရေတစ်သိန်း လောက်အထိထုတ်လုပ်နိုင်တဲ့ ကားကုမ္ပဏီပါ။ သူတို့အနေနဲ့ ရန်ကုန်နဲ့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတွေ နဲ့လည်း ချိတ်ဆက်ဆောက်ရွက်မှုတွေရှိတယ်လို့သိခဲ့ရပါတယ်။
u1010u1036u102fu1016u102fu1014u1039-1
တုံဖုန်ကားထုတ်လုပ်ရေးကုမ္ပဏီက ဆယ်ဘီးကားနဲ့ မီနီဘတ်စ်ကားတွေထုတ်တယ်
တကယ်ဆိုတော့ လျှိုကျို့မြို့ဟာ ကွမ်ရှီပြည်နယ်ရဲ့ အဓိကမြို့ကြီးမဟုတ်ပါဘူး။ ကွမ်ရှီပြည်နယ်ရဲ့မြို့တော်က နန်နင်းမြို့ပါ။ လျှိုကျို့မြို့ကတော့ ဒုတိယအကြီးဆုံးမြို့ပါ။ ဒီမြို့ရဲ့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ကုန်ထုတ်လုပ်မှုတန်ဖိုးက ယွမ် ၃၀၈ဒဿမ၃၇ဘီလီယံကျော်နဲ့ ၇ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ အဲဒီအထဲမှာ စက်မှုလုပ်ငန်းကနေရတဲ့ ကုန်ထုတ်လုပ်မှု တန်ဖိုးက ယွမ် ၁၄၀ဒဿမ၉၅ဘီလီယံနဲ့ ၃ဒဿမ၆ရာခိုင်းနှုန်းတိုးတက်ခဲ့တယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ကားအစီးရေပေါင်း ၂၅သိန်း ထုတ်လုပ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံတစ်နိုင်ငံလုံးမှာ လျှိုကျို့ရဲ့ ကားထုတ်လုပ်မှုက တတိယနေရာမှာရပ်တည်နေတာပါ။
capture12
နှစ်ပေါင်း ၆၀လျှိုကျို့မြို့ပြောင်းလဲတိုးတက်မှု
နေ့ခင်းဘက် ထမင်းစားနားပြီးချိန်မှာတော့ လျှိုကျို့မြို့စက်မှုနည်းပညာပြတိုက်ကို သွားရောက်လေ့လာခဲ့တယ်။ ဒီပြတိုက်ဟာ အထက်ကပြောခဲ့တဲ့ ကိန်းဂဏန်းတွေရဲ့ သက်သေပါပဲ။ လျှိုကျို့စက်မှုနည်းပညာပြတိုက်က လျှိုကျို့မြို့အရှေ့ခြမ်း၊ လျှိုမြစ်တစ်ဖက်ကမ်း ဝမ်ချန်(WenChang)မြစ်ကူးတံတား အနီး၊ ယွီဖိန်(YuFeng)ရပ်၊ ဆန်းရှိုင်း၁၀၀စီပွားရေးစင်တာအနီးမှာရှိတယ်။ ပြတိုက်ဧရိယာ တစ်သိန်းတစ်သောင်းစတုရန်မီတာ (သုံးသိန်းခြောက်သောင်း စတုရန်ပေကျော်)ပေါ်မှာ အဆောက်အဦးဧရိယာ ခြောက်သောင်းစတုရန်မီတာ(၁၉၆၈၀၀စတုရန်ပေ)ရှိတဲ့ အလွယ်တကူဖြုတ်တပ်၊ ရွှေ့ပြောင်းနိုင်တဲ့ နှစ်ထပ်အဆောက်အဦးပါ။
liuzhou-industrial-museum
ဒီအဆောက်အဦးကို ၂၀၀၉ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီးတော့ ၂၀၁၂ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။ စတင်ဆောက်လုပ်စဉ် ကတည်းက နိုင်ငံတော်အဆင့် အေလေးလုံးအဆင့်မှီအောင်ဆောက်လုပ်ခဲ့သလို သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက်ပါ ရည်ရွယ်ခဲ့တယ်။ အဲဒီရည်ရွယ်ချက်အတိုင်းပဲ ၂၀၁၃ခုနှစ်မှာ အဆောက်အဦးရဲ့ ခေါင်းမိုး တစ်သောင်းစတုရန်မီတာ(၃၂၈၀၀စတုရန်ပေ)ပေါ်မှာ ယင်လီ(YingLi)ကုမ္ပဏီ ထုတ် အပြာရောင်ဆိုလာအချပ်ပေါင်း ၂၄၀၀ကိုတပ်ဆင်နိုင်ခဲ့တယ်။ နေရောင်ခြည်စွမ်းအင်သုံး အဲဒီအပြာရောင်ဆိုလာအချပ်တွေက တစ်နာရီကို ၅၈၀မဂ္ဂါဝပ်(580MW/h)ရှိတဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တယ်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကို အသုံးပြုနိုင်ခဲ့တာကြောင့် လျှိုကျို့စက် မှုနည်းပညာပြတိုက်အနေနဲ့ တစ်နှစ်တစ်နှစ်ပေးဆောင်ရမယ့် လျှပ်စစ်မီတာခ ယွမ် လေးသိန်းသုံးသောင်း(မြန်မာငွေ ၉၆သန်းကျော်)ကို ချွေတာနိုင်ခဲ့တယ်။ ဒီပြတိုက်က မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ပြတိုက်ဖြစ်သလို ကွမ်ရှီပြည်နယ်ရဲ့ ပထမဆုံးစက်မှုနည်းပညာပြတိုက်ရယ်ပါ။
captureu1044
လျှိုမြစ်ကူးတံတာတည်ဆောက်ခဲ့စဉ်က
လျှိုကျို့စက်မှုနည်းပညာပြတိုက်မှာ လျှိကျို့စက်မှုလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကြီးကို လေ့လာနိုင်တယ်။ မြောက်များတဲ့စက်မှုလုပ်ငန်း အချက်အလက်တွေကို မြင်တွေ့နိုင်တယ်။ အချို့က လူမှုဘဝနေ့စဉ်သုံးပစ္စည်းတွေဖြစ်ပြီး၊ အချို့ကစက်မှုလုပ်ငန်းသုံးတွေဖြစ်တယ်။ အချို့ကတော့ စစ်အတွင်းကာလ စစ်လက်နက်ထုတ်လုပ်မှုတွေပေါ့။ အဲဒီအရာတွေဟာ ယနေ့ခေတ်လျှိုကျို့ရဲ့ သမိုင်းအစိတ်အပိုင်းတွေပါပဲ။
dsc00976
လျှိုကျို့မြို့ထုတ် ရေနွေးငွေ့အင်ဂျင်ရထား
ဒီပြတိုက်ရဲ့အဆောက်အဦးအတွင်းပိုင်းမှာ စက်မှုထုတ်ကုန်ပြကွက်၊ စက်မှုလုပ်ငန်းမထွန်းကားမီက အစိမ်းရောင်ကမ္ဘာလူနေထိုင်မှုနဲ့ လျှိုကျို့မြို့စက်မှု လုပ်ငန်းသမိုင်းဆိုပြီး အပိုင်းသုံးပိုင်းခွဲပြီးပြသထားတယ်။ အဲဒါအပြင် အဆောက်အဦးအပြင်ဘက်အပိုင်းကိုတော့ စီစဉ်ပြသမှုအပိုင်းနဲ့ ဝန်ဆောင်မှုအပိုင်း ဆိုပြီး နှစ်ပိုင်းခွဲပြသထားတယ်။ အပြင်ဘက်ပိုင်းပြကွက်မှာ ၂၀၀၀ခုနှစ်လောက်က အနားပေးလိုက်တဲ့ ဒီဇယ်အင်ဂျင်သုံး မီးရထားတွဲပြကွက်ကတော့ စိတ်ဝင်စားစရာအကောင်းဆုံးပါ။ ရထားတွဲကြီးကို ဒီအတိုင်ပြရုံပြထားတာမဟုတ်ဘဲ ၂၄နာရီ စာကြည့်တိုက်လုပ်ပေးထားတာပါ။
captureu1045-1
စက်မှုနည်းပညာပြတိုက်မှာ ပြသထားတဲ့ ရထားတွဲကို ဒီအတိုင်ပြရုံပြထားတာမဟုတ်ဘ
၂၄နာရီ စာကြည့်တိုက်လုပ်ပေးထားတာ
၁၉၀၂ခုနှစ် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကတည်းက စတင်အသုံးပြုခဲ့တဲ့ စက်မှုလုပ်ငန်းအမွေအနှစ်တွေ၊ စက်မှုထုတ်ကုန်တွေအပြင် ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ထုတ် အရောင်းရဆုံး ပေါ်ပြူလာအဖြစ်ဆုံး ကားတွေအထိပြသထားတယ်။ ပြီးခဲ့တဲ့နှစ်ထုတ် လျှပ်စစ်ကားက ပြတိုက်ပေါ်ရောက်နေပါပြီ။
dsc00965-1

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ပေါ်ပြူလာအဖြစ်ဆုံး၊ အရောင်းရဆုံးကားက ပြတိုက်ပေါ်မှ
၁၉၃၃ခုနှစ်မှာ မူတန်(Mutan) ကားထုတ်လုပ်ရေးက ထုတ်တဲ့ ကျောက်မီးသွေးသုံး လျှိုကျို့ရဲ့ပထမဆုံးကားတို့၊ ၁၉၃၁ခုနှစ် စစ်ပွဲကာလမှာ ဂျပန်တပ်တွေကို တိုက်ခဲ့တဲ့ ကျုရုန်ကျန်(ZhuRongZhang)လို့ခေါ်တဲ့ ကွမ်ရှီပြည်နယ် လျှိုကျို့ရဲ့ပထမဆုံးတိုက်လေယာဉ်တို့၊ ၁၉၅၃ခုနှစ် ထုတ် မြင်းကောင်ရေ လေကောင်အားသာရှိတဲ့ တရုတ်နိုင်ငံရဲ့ ပထမမျိုးဆက် ဓာတ်ဆီအင်ဂျင်အသေးတို့၊ ၁၉၅၈ခုနှစ် နန်နင်းမှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ နန်နင်း(NanNing‎)၊ ကွေ့လင်(GuiLin‎)၊ လျှိုကျို့ (LiuZhou‎) မြို့တွေရဲ့ အကြီးစားစက်မှုစီမံကိန်တွေအတွက် ဥက္ကဋ္ဌကြီးမော်စီတုန်း ခွင့်ပြုပေးခဲ့ပုံသရုပ်ပြတို့ စသဖြင့် စက်မှုပစ္စည်း ခြောက်ထာင်ကျော်၊ မှတ်တမ်းစာရွက်စာတမ်းနဲ့ သမိုင်းဝင်ဓာတ်ပုံ တစ်သောင်းတစ်ထောင်ကျော်တို့ကို ပြသထားတယ်။ ဒီလျှိုကျို့စက်မှုနည်းပညာပြတိုက်ကို စေ့စေ့စုံစုံလေ့လာဖို့ဆိုရင် တစ်နာရီခွဲ နှစ်နာရီလောက် အချိန်ပေးဖို့ လိုအပ်တယ်လို့ တရုတ် သတင်းစာအချို့က အကြံပြုထားလေရဲ့။
dsc00956
၁၉၃၁ခုနှစ် စစ်ပွဲကာလမှာ ဂျပန်တပ်တွေကို တိုက်ခဲ့တဲ့ ကျုရုန်ကျန်(ZhuRongZhang)လို့ခေါ်တဲ့
ကွမ်ရှီပြည်နယ် လျှိုကျို့မြို့ထုတ် ပထမဆုံးတိုက်လေယာဉ်
ကျွန်တော်တို့တရုတ်မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အတွက် လျှိုကျို့မြို့က နှစ်ရက်တာခရီးမို့ အဲဒီနေ့ မတ်လ၂၇ရက်ညမှာ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း(LuLiuPing)နဲ့ တာဝန်ရှိသူတွေက လျှိုကျို့ဟိုတယ် အဆောင် ၄၊ ကျန်ရှန်ခန်းမမှာ ညစာတည်ခင်းပြီး နှုတ်ဆက်စကားဆိုတယ်။
capture9
အာရှမှာအကြီးဆုံး လူတွေဖန်တီးထားတဲ့ ဖန်လုံရေတံခွန်နေရာမှာ အရင်က စက်ရုံတစ်ခုရှိနေခဲ့တယ်။
အစိုးရက မြို့ကို သဘာဝအတိုင်းနေချင်စရာကောင်းတဲ့မြို့လို တည်ဆောက်နေတာ။ မြို့ကိုဖွံ့ဖြိုးအောင်လုပ်နေတဲ့အချိန်မှာပဲ စက်မှုလုပ်ငန်းကိုလည်း တိုးတက်အောင်လုပ်နေပါတယ်။ ရိုးရာယဉ်ကျေးမှုပုံစံနဲ့ ဗျူဟာဆိုပြီး ၅အပေါင်း၅ပုံစံနဲ့ ဖွံ့ဖြိုးအောင်လုပ်နေတယ်။ နောက်ဆိုရင် အရှေ့တောင်အာရှ မြန်မာနိုင်ငံအပါအဝင် လျှိုကျို့ရဲ့ စက်မှုလုပ်ငန်းတွေ အများကြီးလုပ်နိုင်ပါတယ်။ အခုဆိုရင် အိန္ဒိယမှာ စက်မှုစက်ရုံတစ်ခုရှိနေပါပြီလို့ မစ္စလုလျှိုပင်း (LuLiuPing)ကပြောတယ်။
capture11
တစ်မြို့လုံးကို စွယ်တော်ပန်းတွေနဲ့ ဝေနေအောင် ပန်းနုရောင်မြို့တော်ကို တည်ဆောက်တာ။
အခုချိန် ဒီရာသီဆို တစ်မြို့လုံး စွယ်တော်ပန်းတွေပွင့်လို့ ပန်းပွဲတော်ဆင်နွှဲကြတယ်။
သူပြောသွားတဲ့ ရိုးရာယဉ်ကျေးမှုပုံစံနဲ့ ဗျူဟာဆိုပြီး ၅အပေါင်း၅ပုံစံလုပ်နေတယ်ဆိုတာကို ကျွန်တော်နားမလည်ပါဘူး။ ဒါကိုနားလည်ချင်လို့ ရှာဖွေကြည့် တဲ့အခါ လျှိုကျို့မြို့က မြို့၅မြို့ ခရိုင် ၅ခုရှိတယ်။ အဓိက လျှိုကျို့မြို့ဟောင်းကို မြစ်အကွေ့စက်ဝိုင်းခြမ်းအတွင်းမှာရှိစေပြီး၊ မြို့သစ်တွေကို လျှိုမြစ် တစ်ဖက်ကမ်းနဲ့ အရပ်လေးရပ်မှာတည်ထားတာပါ။ ရှေးကတည်းကရှိခဲ့တဲ့ မြို့ဟောင်းကို ရိုးရာယဉ်ကျေးမှုမပျက်အောင်ထိန်းသိမ်းထားပြီး၊ ကျန်တဲ့ စက်မှု လုပ်ငန်းတွေကို မြို့သစ်တွေမှာလုပ်နေတာလို့ နားလည်မိလိုက်တယ်။
capture7
လျှိုကျို့မြို့ကို ပြုပြင်တည်ဆောက်ရာမှာ သောင်ထွန်းနေတဲ့ လျှိုမြစ်ကိုပြန်ပြုပြင်သလို၊
Landscape တွေနဲ့ အစိမ်းရောင်ကမ္ဘာကိုပြန်ဖြစ်စေတယ်
၂၀၁၅ခုနှစ်တုန်းက မန္တလေးမြို့ရေးဘေးအတွက် လျှိုကျို့မြို့ ကနေ တရုတ်ငွေ ၁၀သိန်းလှူပေးခဲ့တယ်လို့လည်း ဆက်ပြောတယ်။ အဲဒါအပြင် မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရေးညီအစ်မမြို့တော်ဖြစ်နေပြီဖြစ်တဲ့အတွက် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တယ်။ လျှိုကျို့နဲ့မန္တလေးချစ်ကြည်ရေး ဒီထက်ပိုပြီးတော့ ခိုင်မြဲ ပါစေတဲ့။
luliuping-2-1
ဒုတိယမြို့တော်ဝန်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်စဉ်
ဒီနှုတ်ဆက်ညစာစားပွဲမှာ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း(LuLiuPing)ကို ရင်ထဲခိုက်သွားအောင် လုပ်လိုက်နိုင်သူကတော့ ဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်)ပါ။ ဆရာမကြီးက လျှိုကျို့မြို့ရှုခင်းတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ခံစားပြီး ကဗျာတစ်ပုဒ်ရေးဖွဲ့ပေးခဲ့တယ်။
capture10
လျှိုကျို့မြို့ကို ပြုပြင်တည်ဆောက်ရာမှာ သောင်ထွန်းနေတဲ့ လျှိုမြစ်ကိုပြန်ပြုပြင်သလို၊
မြို့ပြစီမံကိန်းအသစ်မှာ ရှုခင်းအလှတွေကို ကွယ်နေစေတဲ့အဆောက်အဦးတွေကိုဖြိုချပြီး
 အသစ်တည်ဆောက်တာမျိုးတွေလည်း လုပ်တယ်
ထွန်းကားလိုက်တဲ့ လျှိုကျို့၊ ခေတ်မီလိုက်တဲ့ လျှိုကျို့၊

မေ့မရတဲ့ လျှိုကျို့၊ သဘာဝအလှကြွယ်ဝတဲ့ လျှိုကျို့၊

နည်းပညာစွမ်းအားဖွံ့ဖြိုးမှုက အံ့မခန်း။

တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိတဲ့ လျှိုကျို့၊

အိပ်မက်ကမ္ဘာထဲက လျှိုကျို့၊

ကျွန်မ မမေ့နိုင်တဲ့ အိပ်မက်မြို့တော်။ ။ ။

ကဗျာရွတ်ပြီးတဲ့အချိန်မှာ မစ္စလုလျှိုပင်း(LuLiuPing)က အိပ်မက်မြို့တော်တဲ့လားရှင်ဆိုပြီး ဆရာမကြီးကို ချီးမြှောက်စကားဆိုခဲ့လေရဲ့။ အဲဒီ ကဗျာလေးရဲ့ ခေါင်းစဉ်က အိပ်မက်မြို့တော်ပါတဲ့။
capture8
လျှိုကျို့မြို့ကို ပြုပြင်တည်ဆောက်ရာမှာ သောင်ထွန်းနေတဲ့ လျှိုမြစ်ကိုပြန်ပြုပြင်သလို၊
ပတ်ဝန်းကျင်က တောင်ကတုံးတွေကိုလည်း သျှောင်ပြန်ထုံးတယ်
capture5
လျှိုကျို့မြို့ကို ပြုပြင်တည်ဆောက်ရာမှာ သောင်ထွန်းနေတဲ့ လျှိုမြစ်ကိုပြန်ပြုပြင်သလို၊
Landscape တွေနဲ့ အစိမ်းရောင်ကမ္ဘာကိုပြန်ဖြစ်စေတယ်
အောင်မျိုးထွန်းကျော်

0 comments: