Catwidget1

Arts

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

capture-copy
ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။ ၁၄ဦးပါဝင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို လျှိုကျို့ဟိုတယ် အဆောင်လေးမှာ ညစာတည်ခင်းဧည့်ခံစဉ် အဲဒီလိုပြောခဲ့တာပါ။
dsc00993
စွယ်တော်ပင်က ပန်းပွင့်မယ့်ရက်ကို ရဲရဲကြီး ကြိုပြောလိုက်တာက မြန်မာနိုင်ငံသား နိုင်ငံခြားသား ချစ်ကြည်ရေး ကိုယ်စားလှယ်၊ စာရေးဆရာ၊ သတင်းစာဆရာတွေကိုပါ။ သာမန်ကြည့်ရင် ဘာမှမဟုတ်တဲ့ကိစ္စပါပဲ။ မတ်လ ၂၉ရက် မြန်မာနိုင်ငံပြန်ရောက်ပြီး နှစ်ပတ်အကြာမှာ မြန်မာ့နှစ်သစ်ကူး အတာသြင်္ကန်ကျတယ်။ သြင်္ကန်အတက်နေ့သာ ရောက်သွားတယ် ပိတောက်ပန်းပွင့်တာ မမြင်လိုက်ရဘူး။ အပူချိန်ကလည်း ခါတိုင်းနှစ်တွေထက် ပိုပူ၊ ၃၉ဒီဂရီစီတီဂရိတ်နဲ့ ၄၄ဒီဂရီစီတီဂရိတ်ကြားမှာ ရှိနေတယ်။
mmexport1555824738972-1
တရုတ်ခရီးစဉ်က ပြန်လာကတည်းက အဲဒီခရီးစဉ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ဆက်တိုက်ရေးနေခဲ့တာမို့ ဒုတိယမြို့တော်ဝန် ပြောလိုက်တဲ့စကားကလည်း အမှတ်ရရပါပဲ။ ကျွန်တော်တို့ဆီမှာ သြင်္ကန်နဲ့ ပိတောက် တွဲမမြင်ရတဲ့နှစ်တွေက တစ်နှစ်၊ နှစ်နှစ် မဟုတ်တော့ဘူး။
လျှိုကျို့ ဒုတိယမြို့တော်ဝန် ရဲရဲကြီးပြောခဲ့တဲ့စကားအရ လျှိုကျို့မြို့အစိုးရပိုင် ခရီးသွားလာရေးဝက်ဘ်စာမျက်နှာကို ဝင်ကြည့်ဖြစ်ခဲ့တယ်။ ဧပြီလ ၁၆ရက်နေ့က မိုးလေကင်း စင်ပြီး ကောင်းကင်ကြီးကလည်း ပြာလို့။ လျှိုကျို့မြို့တခွင် မြို့လုံးကျွတ် စွယ်တော်ပန်းပွင့်တဲ့ ပန်းပွဲတော် ဆင်နွဲနေ တယ်ဆိုတဲ့ သတင်းက တက်နေပါပြီ။ အဲဒီမှာမြင်ရတဲ့ အန်နီမေးရှင်းတွေ၊ ဓာတ်ပုံတွေမှာ မြို့ကြီးတစ်ခုလုံးက ပန်းနုေ ရာင်မြို့တော်ကြီး ဖြစ်လို့ပါ။

တကယ်ဆိုတော့ အခုလို ပန်းနုရောင်မြို့တော်ရယ်လို့ တင်စားလောက်အောင် ဖြစ်လာခဲ့တာ ဆယ်စုနှစ် မပြည့်ေ သးပါဘူး။ စက်မှုမြို့တော်ဖြစ်တဲ့ လျှိုကျို့မြို့ဟာ ၁၉၄၉ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးတဲ့နောက်မှာ အကြီးစားစက်မှုလုပ်ငန်း စီမံကိန်းအမြောက်အများကို ခွင့်ပြုပေးခဲ့ရာမြို့ ဖြစ်တယ်။ ၁၉၉၀ ခုနှစ်ရောက်တဲ့အခါမှာတော့ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ စက်မှုမြို့တော်တွေထဲက တစ်ခုဖြစ်လာခဲ့တယ်။
screenshot_20190421_023121-1
အဲဒီလို စက်မှုလုပ်ငန်းထွန်းကားရာမြို့ ဖြစ်လာတာနဲ့အမျှ လျှိုမြစ်အတွင်းကို စက်မှုလုပ်ငန်းတွေကထွက်တဲ့ ရေဆိုးတွေ စွန့်ပြစ်မှုလည်း များလာခဲ့တယ်။ လျှိုမြစ်ညစ်ညမ်းလာသလို ကောလာတယ်။ အလားတူ လျှိုကျို့မြို့ရဲ့ လေထုညစ်ညမ်းမှု ကလည်း အသက်ရှူလိုက်တိုင်း ဓာတုဓာတ်ငွေ့အနံ့ရတဲ့အထိ ဆိုးဝါးလာခဲ့တယ်။ အဆိုးဆုံး ကတော့ နဂါးမြို့တော်ရယ်လို့ ဂုဏ်ယူဝင့်ကြွားခဲ့ရတဲ့အမည်အစား အက်ဆစ်မိုးမြို့တော်လို့ သရော်ရတဲ့အဖြစ်မျိုးေ တွအထိ ဖြစ်လာခဲ့တယ်။ ရွာတဲ့မိုးတွေက PH4 အဆင့်ထက်နည်းတဲ့ အက်ဆစ်မိုးတွေပဲ ရွာတော့တာပါ။
screenshot_20190421_023353
တရုတ်နိုင်ငံအစိုးရက ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission) ကို ၂၀၀၃ခုနှစ်မှာ ဖွဲ့စည်းလိုက်တယ်။ အဲဒီကော်မရှင်မှာ ဌာနခွဲ ၃၃ခု ပါဝင်ပါတယ်။ အဲဒီဌာန ၃၃ခုထဲမှာ ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြေရှင်းဖို့ ရာသီဥတုပြောင်းလဲမှု လေ့လာစောင့်ကြည့်ေ ရးဌာန (Department of Climate Change) ဆိုတဲ့ ဌာနတစ်ခုလည်း ပါဝင်တယ်။ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ပထမ ၅နှစ် စီမံကိန်းကို အဲဒီနှစ်မှာပဲ စတင်ခဲ့တယ်။ ကော်မရှင်ဖွဲ့စည်းပြီးတဲ့နောက် ၂၀၀၆ခုနှစ်ကစလို့ လျှိုကျို့မြို့ ဂေဟစနစ်မြို့တော်ကို စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ဂေဟစနစ်ဆိုတာ အပင်နဲ့သတ္တဝါ၊ အဲဒီအရာတွေနဲ့ ပတ်ဝန်းကျင် ဆက်နွယ်မှုကို ခေါ်တာပါ။
screenshot_20190421_023424
ဒီစနစ်အရ လျှိုကျို့မြို့ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်က အစီအစဉ်(၁) အနေနဲ့ အများလက်ခံနို င်မယ့် ကျေနပ်စရာကောင်းတဲ့ သိပ္ပံနည်းကျ ဖြစ်ရမယ်။ လမ်းတွေနဲ့ အဆောက်အဦးတွေကို သစ်ပင်တွေ ဝန်းရံနေေ စရမယ်။ ဆိုလိုတာကလမ်းနဲ့ အဆောက်အဦးကလွဲရင် ကျန်တာအပင်တွေ ဖြစ်နေရမယ်။ သန့်ရှင်းတဲ့ရေနဲ့ လေထုရှိရမ ယ်။ အစီအစဉ်(၂) မြို့နေလူထုဟာ ဥပဒေတွေကို လိုက်နာဖို့ လိုအပ်သလို သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအ တွက် နိုးကြားတဲ့အသိ ရှိရမယ်။ အစီအစဉ်(၃) နောက်သုံးနှစ်အတွင်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းအောင် မလုပ်ရ ဘူး၊ ဂေဟဗေဒစနစ် ပျက်စီးအောင် မလုပ်ရဘူး။ အစီအစဉ်(၄) မြို့မှာရှိတဲ့ စီးပွားရေးဌာနတွေအနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေကို တစ်သဝေမတိမ်း လိုက်နာရမယ်။ နောက်ဆုံးအစီအစဉ်(၅) အနေနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို အသုံးပြုရမယ်။ စည်းမျဉ်းတွေကို လိုက်နာရမယ်လို့ မူဝါဒချ ဆောင်ရွက်ခဲ့တယ်။
screenshot_20190421_023250-1
ကော်မရှင်ရဲ့ ဒုတိယ ၅နှစ်စီမံကိန်းကာလအတွင်း ၂၀၁၂ခုနှစ်မှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် လျှိုကျို့မြို့အနေနဲ့ ယွမ် ၁ ဒဿမ ၂ သန်း (ကျပ်သန်းပေါင်း ၁၄၄၀သန်း) ကို အသုံးပြုခဲ့တယ်။ အလားတူ စွယ်တော်ပန်းပင် ၂ ဒဿမ ၇ သိန်းကိုလည်း မြို့အန့ှံမှာ စိုက်ပျိုးခဲ့တယ်။ အဲဒီပန်းတွေ စုံစုံညီညီပွင့်တဲ့အချိန်မှာ ပန်းပွဲတော်ကို ကျင်းပကြတာပါ။ (ဆက်လက်ဖော်ပြပါမည်)
အောင်မျိုးထွန်းကျော်
Credit : PaukPhaw

0 comments: