
ကျွန်ုပ်လည်း ဘော်ဒါရင်းတွေဆိုတော့ သူသွားချင်တဲ့နေရောတွ လိုက်ပို့ပေးပါတယ်။
"ဟာ မောင်ရင်တို့ အတော့်ကိုထိန်းသိမ်းထားတာပဲ ကြည့်စမ်းပါအုံး ရန်ကုန်မြို့ကြီးက ကျုပ်တို့အင်္ဂလိပ်အုပ်ချုပ်တုန်းကအတိုင်းပဲ ဘာမှမပြောင်းလဲဘူး...."
"ဟုတ်..."
"ကျုပ်ကို ဆိပ်ကမ်းလိုက်ပို့ပေးပါအုံး..."
ကျွန်ုပ်လည်း ဝါးတန်းဆိပ်ကမ်းခေါ်လာတော့ ရန်ကုန်မြစ်ထဲက သင်္ဘောတွေကြည့်ပြီး
“အို့မိုင်ဂေါ့ ... ဦးနာအောက်နဲ့ ကျုပ်တို့အင်္ဂလိပ်ပိုင် ဧရာဝတီသင်္ဘောကုမ္ပဏီ ပြိုင်ခဲ့ကြတဲ့ သင်္ဘောတွေ အခုထိသုံးလို့ရနေတာ တကယ်အံ့သြတယ် မြန်မာတွေ သိပ်တော်တယ်"
ချီးကျူးကာ မန်းလေးကို ရထားဖြင့်သွားချင်သည်ဆိုသဖြင့် လိုက်ပို့ရာ
"မောင်ရင် ရထားလမ်းက ဒီတစ်လမ်းပဲရှိတာလား...."
"ဟုတ်ပါတယ်...ကာနယ်"
"ဟာ ...ဒီရထားလမ်းက ကျုပ်တို့ဖောက်ခဲ့တာလေ ဒါနဲ့မန်းလေးကိုကားလမ်းဘယ်နှစ်လမ်းရှိလဲ.."
“သုံးလမ်းပါ။ ရန်ကုန်-ပြည်-မိတ္ထီလာ-မန်းလေး၊ ရန်ကုန်-ပျဉ်းမနား-မိတ္ထီလာ-မန်းလေး နဲ့ ရန်ကုန်-မန်းလေး အမြန်လမ်းပါ”
"ဟင် မောင်ရင်ပြောသလိုဆို အမြန်လမ်းတစ်ခုပဲမောင်ရင်တို့ ဖောက်တာပေါ့ ..."
"ဟုတ်...ဟုတ်...ပါတယ်"
ကျွန်ုပ်လည်း ရှက်ရှက်နဲ့ဖြေလိုက်ရတယ်။
"ဒါနဲ့ မန်းလေး မြစ်ကြီးနားလမ်းထပ်ဖောက်သေးလား..."
"ရထားလမ်းရော ကားလမ်းရော ကာနယ်တို့ ဖောက်ထားခဲ့တဲ့အတိုင်းပါပဲ..."
ကျွန်ုပ်ခေါင်းတောင်မဖော်ရဲတော့
“ထားပါတော့ ရိုးမတောကြီး ကျွန်ုပ်ကြည့်ချင်တယ်။ ကျွန်ုပ်တို့ တစ်ပင်ခုတ် ၁၀ပင်စိုက်ခဲ့တာ ခုလောက်ဆို စိမ်းစိမ်းစိုစို ရှိလောက်ရောပေါ့”
"ဟိုလေ ဟို ဟို ရိုးမကြီးတော့မရှိတော့ပါဘူး..."
"ဘာ မောင်ရင် ..."
"ဟုတ်ပါတယ် မရှိတော့ပါဘူး..."
"ဟာ.." ကာနယ်စလေဒင် သူ့နဖူးသူရိုက်ကာ နောက်လှန်သွားတယ် ခဏနေမှ
"မောင်ရင်တို့ နှစ်၇၀ လောက်ဘာလုပ်နေကြလဲ..."
ကျွန်ုပ်လည်း မပွင်တပွင့်လေသံဖြင့်
"ရန်ဖြစ်နေကြပါတယ် ကာနယ်..."
"ငင့်"
မုဆိုးလက်
0 comments:
Post a Comment