
ပင်လယ်ပြင်ဆိုင်ရာဇီဝဗေဒပညာရှင်တစ်ဦးက ငါးမန်းတစ်ကောက်ကို စမ်းသပ်ခန်းထဲရှိတဲ့ လက်တွေ့စမ်းသပ်ချက်ပြုလုပ်မယ့် ကန်အကြီးကြီးတစ်ခုထဲ ထည့်လိုက်တယ်။ ပြီးတော့ ငါးစားအဖြစ် ငါးသေးသေးလေးတွေကိုလည်း ထည့်ပေးလိုက်တယ်။
သူမျှော်လင့်ထားတဲ့အတိုင်းပဲ ငါးမန်းက ငါးလေးတွေကို ချက်ချင်းတိုက်ခိုက်စားသောက်ပြစ်လိုက်တယ်။
အဲဒီနောက် အဲဒီကန်ထဲကို ကြည်လင်တဲ့ဖန်ချပ်တစ်ခုနဲ့ ထည့်ပြီး နှစ်ကန့်ကန့်လိုက်တယ် ပြီးတော့ ငါးမန်းကို ကန့်လိုက်တဲ့ကန်ရဲ့တစ်ဘက်မှာ ရှိနေစေတယ်။ ပထမတစ်ခေါက်ကလိုပဲ ငါးစားအဖြစ် ငါးအသေးလေးတွေကို ကန်ရဲ့အခြားဘက် အကန့်ထဲမှာ ထည့်ပေးလိုက်တယ်။
ငါးမန်းဟာ အဲဒီငါးသေးသေးလေးတွေကို တိုက်ခိုက်ဖို့ကြိုးစားပေမယ့် ကြားထဲမှာခံနေတဲ့ ဖန်ချပ်ကြောင့် အချည်းအနှီးဖြစ်ရတယ်။ သတ်မှတ်ရက်ပေါင်းများစွာ ငါးမန်းဟာ တိုက်ခိုက်ဖို့ကြိုးစားနေခဲ့တယ်။
နောက်ဆုံးမှာတော့ ဇီဝဗေဒပညာရှင်က ကန့်ထားတဲ့ဖန်ချပ်ကို ကန်ထဲကနေ ဖယ်ထုတ်လိုက်ပေမယ့် ငါးမန်းဟာ ငါးအသေးလေးတွေကို တိုက်ခိုက်ဖို့မကြိုးစားတော့ဘူး။ ငါးမန်းက ကန်ထဲမှာ အကာအကွယ်ရှိနေသေးတယ်လို့ ထင်တဲ့အတွက် သူ့ကြိုးစားအားထုတ်မှုကို ရပ်တန့်လိုက်တယ်။
သာမန်လူတန်းစားတော်တော်များများဟာ ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေနဲ့ အကြိမ်ကြိမ်ကြုံရပြီဆိုရင် အရှုံးပေးတတ်ကြတယ်။
ဒီဇာတ်လမ်းလေးမှာ ပေးချင်တဲ့သင်ခန်းစာက ကျရှုံးမှုအမျိုးမျိုးနဲ့ အကြိမ်ကြိမ်ကြုံတွေ့ရတယ်ဆိုစေဦးတော့ အရှုံးမပေးလိုက်ကြဖို့၊ အမြဲတမ်းကြိုးစားအားထုတ်နေဖို့ပါပဲတဲ့။ ငါးမန်းကြီး လက်မလျော့ခဲ့ဘူးဆိုရင် သူ့အနားမှာ အလွယ်တကူရှိနေတဲ့ ငါးတွေကို စားခွင့်ရနေဦးမှာပါ။ ကိုယ့်အနားအလွယ်တကူရှိနေတဲ့ အခွင့်အရေးဆိုပေမယ့် ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
Trans: အောင်မျိုးထွန်းကျော်
0 comments:
Post a Comment