Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှသည်

ဥရောပပညာရှင်တွေက စခဲ့တဲ့ အဘိဓမ္မနဲ့ပတ်သက်တဲ့ အငြင်းပွားမှုဟာ ၁၉၅၁ခုနှစ်မှာ ထိပ်တန်းကို ရောက်လာခဲ့တယ်။ သာသနာတော်နှစ် ၂၄၉၅ခု၊ ခရစ်နှစ် ၁၉၅၁ခုနှစ် အောက်တို ဘာလ ၂၈ရက်၊ ကောဇာ သက္ကရာဇ် ၁၃၁၃ခုနှစ် သီတင်းကျွတ် လမကွယ်မီ တစ်ရက်အလို သီတင်းကျွတ်လဆုတ် ၁၃ရက်၊ လွန်ခဲ့တဲ့ ၆၇နှစ်က မြန်မာနိုင်ငံ ဗုဒ္ဓသာသနာမှာ အရေးကြီးတဲ့ အယူအဆတစ်ခု ထွက်ပေါ်လာခဲ့တာပါ။ အဲဒါက အဘိဓမ္မာတရားသည် ဘုရားဟော မဟုတ်ဆိုတဲ့ အယူအဆပါ။ ကလောင်ရှင် ကိုရင်ဆေကိန္ဒရဲ့ Abhidhamma Day ခေါင်းစဉ်နဲ့ New Times of Burma မှာ ဆောင်းပါးတစ်ပုဒ်ပါလာရာက စတင်တယ်။ ဆောင်းပါးရှင်က ပိဋိကသုံးပုံ ပါဠိတော်တွင် အဘိဓမ္မတရားတော်ကို...