Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

လှပတဲ့လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၃)

အနီရောင်ဝမ်ဝှေ့(WenHui)မြစ်ကူးတံတား၊ ပန်းနုရောင်စွယ်တော်ပန်းနဲ့ မြူဆိုင်းနေပုံက လျှိုမြစ်ဟာ ကွမ်ရှီပြည်နယ် ဖန်ရှန်မြို့(FengShan)အနီး ရုန်မြစ်(Rong)နဲ့လုန်မြစ်(Long)တို့ ပေါင်းစုံစီးဆင်းရာကနေစတင်ဖြစ်ပေါ်စီးဆင်းလာပြီး လျှိုကျို့မြို့ တောင်ဘက်ကနေ ကွေ့ဝိုက်စီးဆင်းတာပါ။ သူဟာ ကွမ်ရှီပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ လျှောင်ဘင်(Laibin)မြို့ အရှေ့ဘက်ရောက်တဲ့အခါ ဟုန်ရွှေ(HongShui)...

လှပတဲ့ လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၂)

ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း(LuLiuPing)နဲ့ တာဝန်ရှိသူတွေက လျှိုကျို့ဟိုတယ်အဆောင် ၄၊ ကျန်ရှန်ခန်းမမှာ ညစာတည်ခင်း လျှိုမြစ်က မြို့ကိုရစ်ခွေစီးဆင်းနေတာကြောင့် မြစ်ကမြို့ထဲရှိသလို မြို့ကလည်း မြစ်ထဲမှာရှိတယ်။ ဒီကနေ့က မြူတွေလည်းဆိုင်းနေတော့ လျှိုကျို့မြို့က အရမ်းကို ရိုမတ်တစ်ဆန်တဲ့ မြို့တစ်မြို့ဖြစ်နေပါသတဲ့။ တကယ်လို့ဒီနေ့ည ရာသီဥတုကောင်းတယ်ဆိုရင် လျှိုမြစ်ကို သွားလည်လို့ရတယ်။...

နိုင်ငံတကာဆုပေါင်း ၂၃ ဆုရထားတဲ့ Capernaum(2018)

ဇာတ်ကားအမည်က အသံထွက်ရခက်သလို၊ ဇာတ်ကားအကြောင်းဖတ်ဖို့ကလည်း ခက်တယ်။ အာရဘီစာတွေကနေ ဆင်းသက်လာတဲ့စကားလုံးတွေမို့ အလှမ်းဝေးပါတယ်။  ဒါရိုက္တာ Nadine Labaki ရဲ့ဇာတ်ကားပါ။ ကလေးတစ်ယောက် ဘယ်လို အသက်ရှင်သင့်လဲ၊ ကလေးယူကြတော့မယ့် မိဘတွေအနေနဲ့ ဘာတွေစဉ်းစားသင့်သလဲ။ ကိုယ့်ဘက်က ဘာမှလက်ဆုပ်လက်ကိုင်မရှိဘဲ ကလေးတစ်ယောက်ကို အလွယ်တကူမယူလိုက်ကြဖို့ စတဲ့ မက်ဆေ့ချ်တွေပေးထားတယ်။ တစ်ခု သတိပေးချင်တာက ဗုဒ္ဓရဲ့ ကံ၊ ကမ္မနိယာမဆိုတဲ့ ပေတံနဲ့ ထုတ်မတိုင်းမိဖို့ပါ။  ၁၂သား ကလေးတစ်ယောက် လူသတ်မှုနဲ့ ထောင်၅နှစ်ကျသွားတယ်။ ကိုယ့်ထက်ကြီးတဲ့ လူတစ်ယောက်ကို...

လှပတဲ့လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၁)

လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း(LuLiuPing)နဲ့ ကျွန်တော်တို့ ချစ်ကြည်ရေးကိုယ်စားလှယ် ၁၄ဦး ဟူနန်ပြည်နယ် ချန်ရှာမြို့ကနေ ကွမ်ရှီပြည်နယ် လျှိုကျို့မြို့ကို ၆၆၂စတုရန်ကီလိုမီတာ(မိုင်လေးရာကျော်) ဝေးတယ်။ ဒီခရီးကို ရိုးရိုးရထားနဲ့သွားရင် ၉နာရီကနေ ၁၂နာရီ၊ နေ့တစ်ဝက်ခရီးလောက် သွားရလိမ့်မယ်။ မြန်မာနိုင်ငံကနေ ချစ်ကြည်ရေးခရီးရောက်လာတဲ့ ကျွန်တော်တို့တရုတ်-မြန်မာချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့...

နန်နင်းမြို့ ကျုန်ရှန် အစားအသောက်ညဈေးသို့ အလည်တစ်ခေါက်

"နန်နင်မြို့ကို လာရောက်ရတာ ပင်ပန်းသွားပြီလို့ ထင်ပါတယ်။ နန်နင်းမြို့ကို လည်ပတ်စေချင်တဲ့အတွက် အချိန်တွေအများကြီး မဖြုန်းတော့ပါဘူး။ ဟိုတယ်ကို ရောက်ပြီး ရှော့ပင်မသွားဘူး။ ကျုန်ရှန်လမ်းကို မသွားဘူး ဆိုရင်တော့ ကျွန်မဝမ်းနည်းရပါလိမ့်မယ်။ ဒါပေမယ့် လုံခြုံရေးကိုတော့ အထူးဂရုစိုက်ပါဦး။ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်"  နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်...

အိုင်တီကမ္ဘာပြုမှုဒဏ်ကို ကွမ်ရှီသတင်းဌာန ခံနေရ

ကွမ်ရှီသတင်းဌာနအနေနဲ့ ခေတ်လိုအပ်ချက်အရ ကွမ်ရှီသတင်းဝဘ်ဆိုက်ကိုတည်ထောင်လွှင့်ထူးထားရပေမယ့် ယနေ့အချိန်အထိ အကျိုးအမြတ်တစုံတရာ မရသေးဘူးလို့ ပြည်ပမီဒီယာဌာနညွှန်ကြားရေးမှူး မစ္စတာရှာ ဟိုက်ချန်(Xia Hai Cheng)က ပြောပါတယ်။ ကွမ်ရှီပြည်နယ်၊ နန်နင်မြို့၊ ကွမ်ရှီသတင်းဌာနကို မတ်လ ၂၈ရက်မွန်လွဲပိုင်းက ၁၄ဦးပါဝင်တဲ့ တရုတ်-မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သွားရောက်လေ့လာစဉ် ကိုယ်စားလှယ်တွေရဲ့...

SmartCity တစ်ခုဖန်တီးရာမှာ အချက်အလက်တွေတစုတစည်းတည်းရှိဖို့လို

စမတ်စီးတီးတစ်ခုတည်ဆောက်ရာမှာ တကွဲတပြားစီဖြစ်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ လူမှုဘဝနေထိုင်မှုလုပ်ငန်းတွေက အချက်အလက်တွေကို ဆာဗာတစ်ခုတည်းမှာ ချိတ်ဆက် ထားရတယ်လို့ တရုတ်-အာဆီယံစမတ်မြို့တော် ဆန်းသစ်တီထွင်ရေးစင်တာ တာဝန်ရှိသူ မစ္စတာအက်ဒီလီက ပြောပါတယ်။ မတ်လ ၂၉ ရက် နံနက်ပိုင်းက ကွမ်ရှီပြည်နယ် နန်နင်းမြို့မှာရှိတဲ့ အဲဒီဆန်း သစ်တီထွင်ရေးစင်တာကို...