Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့် မှတ်တမ်းအကျဉ်း

ကျွန်ုပ်၏ ကုလသမဂ္ဂအပေါ်ထားရှိသော ခံစားချက်အမြင်များကို နားလည်ရန် ပထမဦးစွာ ကျွန်ုပ်၏ ကိုးကွယ်ရာ ဘာသာရေးနှင့် ယဥ်ကျေးမှုနောက်ခံကို နားလည်မှဖြစ်မည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ကျွန်ုပ်သည် သည်းမခံတတ်ခြင်းမှလွဲ၍ အရာရာကို သည်းခံတတ်ရန်သင်ကြားခဲ့ရသည်။ ကျွန်ုပ်သည် နားလည်သည်းခံတတ်ရန် စိတ်အားထက်သန်သူတစ်ဦးဖြစ်ရုံသာမက ကိုယ်ကျင့်တရားကောင်းမှုကိုလည်း မြတ်နိုးသူတစ်ဦးဖြစ်သည်။ ထို့အပြင်...

မုန်တိုင်းသတင်း

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း NAKRI က နိုဝင်ဘာ ၈ရက် နောက်ပိုင်း ဗီယက်နမ် ကမ်းခြေကို ဖြတ်သန်းပြီး ကုန်းတွင်းပိုင်း ဝင်ရောက်နိုင်ပါတယ် ။ ၎င်းအရှိန် အကြွင်းအကျန်တွေကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း အရှေ့တောင်ပိုင်းတွေဖြစ်တဲ့ မွန်၊ တနင်္သာရီ၊ ကရင်၊ ပဲခူးတိုင်းတောင်ပိုင်း အရှေ့ခြမ်းဒေသတွေမှာ နိုဝင်ဘာ ၉ရက်၊ ၁၀ရက် မိုးရွာသွန်းမှု ရှိနိုင်ပါတယ်။ လယ်ယာလုပ်ငန်းနဲ့...

(၅၂)ကြိမ်မြောက် အဘိဓမ္မာစာတော်ပြန်ပွဲ ဘွဲ့ရ၊ စာအောင်စာရင်းများ ထုတ်ပြန်

ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်ကနေ အောက်တိုဘာ ပထမအပတ်အတွင်း ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေး အသင်းကြီးက ကြီးမှူးကျင်းပခဲ့တဲ့ (၅၂)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း စာတော်ပြန်ပွဲ သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ် အဆင့် ဘွဲ့ရ၊ အောင်စာရင်းတွေကို မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စာအောင်ဆုနှင်းပွဲကို လာမယ့် ဒီဇင်ဘာ ၂၅ရက်နေ့ မွန်းလွဲ ၁၂ခွဲမှာ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ အဘိဓမ္မရတနာဃရဓမ္မဗိမာန်မှာ...

အဓိက မိဘ

ကလေးတစ်ယောက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကျောင်းကောင်းကောင်းထားမှ ပြုစုပျိုးထောင်သူ ဆရာ/ဆရာမ ကောင်းမှဆိုတာကို ယေဘုယျအားဖြင့်လက်ခံထားကြပါတယ်။ မှန်ပါတယ် ... မှန်သင့်သလောက်ပေါ့လေ။ အောက်ကဖြစ်စဉ်လေးကို ဖတ်ကြည့်ပါဦး ....။ ကလေးက ထမင်းကို ဝါးမစားတတ်ဘူး။ အာဟာရမှုန့်ဖျော်ကျွေး၊ နို့ထမင်းလိုထမင်းကို အပျော့ချေကျွေးမှစားတယ်။ မြိုပဲချတယ်။ မဝါးတတ်ဘူး။ အစာကို ဝါးစားတယ်ဆိုတာက စကားမပြောတတ်သေးတဲ့...