Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ်...

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ...

လှပတဲ့လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၄၊ နိဂုံး)

သူတို့အသုံးပြုတဲ့ သန့်ရှင်းရေးလုပ်တဲ့စက်တွေတပ်ဆင်ထားတဲ့ ကားတွေကို လျှိုကျို့မြို့ တုံဖုန်ကားထုတ်ရေးကနေ ဝယ်ယူထားတာလို့လည်း ပြောတယ်။ တံုဖုန်ကားထုတ်လုပ်ရေးက မြန်မာနိုင်ငံ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ အရောင်းစင်တာဖွင့်ထားတာ ဆယ်နှစ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ခုနှစ်မှာ ကားစီးရေ တစ်ထောင်လောက်ရောင်းချခဲ့ရတယ်လို့သိရတယ်။ ၇၉၀၇ဧကကျယ်ဝန်းတဲ့ တုံဖုန်ကားထုတ်လုပ်ရေးကုမ္ပဏီမှာ အာရှမှာအကြီးဆုံး...