Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၇) နိဂုံး

ရေးသားသူ ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စာသင်ကျောင်းများ၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသူကျောင်းသားများ စာမေးပွဲ အောင်မြင်ရန် မဟုတ်၊ အလုပ်ရရန်မဟုတ်၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို တတ်ကျွမ်းရန်လည်းမဟုတ်၊ ကျောင်းသူ ကျောင်းသားများသည် သိနားလည်သော တိုင်းသူပြည်သားကျောင်းများ ဖြစ်လာကြစေရန် ရည်ရွယ်ချက် ထားရှိရပေမည်။ ထိုသို့သော တိုင်းသူပြည်သားကောင်း ဆိုသည်မှာလည်း...

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၆)

ရေးသားသူ ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဒီမိုကရေစီကျောင်းထွက်သည် ဝါဒဖြန့်ခြင်းကို မျက်စိမှိတ်ပြီး ယုံကြည်မည့်သူ မဟုတ်ပေ။ ဆန်ခါတွင်တင်၍ အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ပြီးမှသာလျှင် လက်ခံမည့် လူစားမျိုးဖြစ်သည်။ ကိုယ်ပိုင်ဉာဏ်ကို အများဆုံး အသုံးပြုရသော လူစားမျိုး ဖြစ်ပေသည်။ (ငါမသိပါဘူး ကွာ) ဟု ညည်းညူသော လူပျင်းတို့၏ လက်သုံးစကားကိုလည်း လက်ကိုင်ပြုခြင်းမရှိပေ။...

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၅)

ရေးသားသူ ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကျောင်းလောကသည် ပြင်ပလောကနှင့် အဆက်ပြတ်၍ ထည်းထည်း တည်ရှိနိုင်သော လောကမဟုတ်ပေ။ ပြင်ပလောကဆိုသည် မှာလည်း မိမိတို့၏ နိုင်ငံတစ်ခုတည်းကိုသာ ကွက်၍ မြင်ရသော ကျဉ်းမြောင်းသည့်လောကမျိုး မဖြစ်စေသင့်ပေ။ ကမ္ဘာလောကတစ်ခုလုံးကြိုခုံ၍ မြင်နိုင်သော ကျယ်ဝန်းသည့်လောကမျိုးသာ ဖြစ်သင့်၏။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် တနေ့ထက်တနေ့ ပိုမိုရင်းနှီးစွာ...

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၄)

ရေးသားသူ ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် မိဘဆရာများအသင်းကို စနစ်တကျ ဖွဲ့စည်း၍ စိတ်ပါလက်ပါ ဆောင်ရွက်ကြပါက သက်ဆိုင်ရာကျောင်းနှင့် ကျောင်းသူ ကျောင်းသားများအတွက် အကျိုးများမည်မှာ သေချာပေသည်။ ဆရာကို အပြစ်ရှာလိုသော သဘောဖြင့်ဖွဲ့စည်းခြင်း၊ နာမည်ထင်ပေါ်စေလို၍ဖွဲ့စည်းခြင်းမျိုးမဖြစ်စေဘဲ စေတနာသန့်သန့်နှင့် ကျောင်း၏ အကျိုးကိုရည်ရွယ်၍သာ ဖွဲ့စည်းသင့်ပေသည်။ ထိုသို့သော...

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၃)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စည်းကမ်းဆိုသည်မှာ တစ်ဦးတစ်ယောက်က (ဝါ) လူတစ်စုက အတင်းအကြပ် ပြုလုပ်ထားရှိသဖြင့် ကျန်လူအများက လိုက်နာရသည့် စည်းကမ်းမျိုးမဟုတ်ဘဲ လူတိုင်းလူတိုင်းက သဘောပေါက်ပြီးလျှင် ကျင့်ကြံ လိုက်နာကြရသည့် စည်းကမ်းမျိုး ဖြစ်စေလိုပေသည်။ လူအများနှင့် ရောနှောနေထိုင်ရသဖြင့် လူအများ၏ အကျိုးအတွက် (ဝါ) လူအများအား အနှောက်အယှက်မဖြစ်စေရန်အတွက်...

ကျောင်းတွင်း ဒီမိုကရေစီ အခန်း(၂)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကျောင်းကောင်စီများ၏ ဆုံးဖြတ်ချက် ဆိုသည်မှာ ဒီမိုကရေစီနည်းအရ ဆောင်ရွက်ချက်များဖြစ်သဖြင့် ကျောင်းလောက အတွင်းရှိ သူအားလုံးနှင့် သက်ဆိုင်ပေသည်။ အချို့သော ဆုံးဖြတ်ချက်များကို သဘောမတူသော ကျောင်းသားများရှိကောင်း ရှိမည် ဖြစ်သော်လည်း ဒီမိုကရေစီအလေ့အကျင့် ဖြစ်စေရန် သဘောမတူသူများကလည်း ဆုံးဖြတ်ချက်ကို လိုက်နာ...

ကျောင်းတွင်း ဒီမိုကရေစီ အခန်း(၁)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် တပည့်များက ဆရာ့အား ချစ်ကြောက် ရိုသေရမည်ဟူသော ဥပဒေသည် ဆရာများက အတင်းအကျပ် ဖန်တီးပေးရမည့် ဥပဒေသ မဖြစ်စေရ။ တပည့်များ၏ စိတ်တွင် အလိုအလျောက် ပေါ်ပေါက်လာရမည့် ဥပဒေသသာလျှင် ဖြစ်စေသင့်သည်။ တပည့်ကျောင်းသား များက ဆရာသမားများအား အလိုအလျောက် ချစ်ခင်ခြင်း၊ အလိုအလျောက် ကြောက်ရွံ့ရိုသေခြင်း ရှိပါမူ ဤကျောင်းမျိုးသည်...

ကျောင်းတွင်း ဒီမိုကရေစီ နိဒါန်း

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဒီမိုကရေစီ ဝါဒသည် နှစ်သက် လိုလား အပ်သော အင်္ဂါရပ်များ အများအပြားရှိသော်လည်း ခြောက်ပြစ် ကင်း သဲလဲစင်ဝါဒမဟုတ်ပေ။ ချွတ်ယွင်းချက် များလည်းရှိပေသည်။ အများသိရှိပြီးဖြစ်သော ချွတ်ယွင်းချက်မှာ နှေးကွေးခြင်းပင်ဖြစ်၏။ တိုင်းပြည်တစ်ပြည်ကို ဖက်ဆစ်နိုင်ငံဖြစ်လာအောင် ငါးနှစ်အတွင်း ဖန်တီးပေးနိုင်ပေ သည်။ သို့ရာတွင်...