Catwidget1

Arts

မနက်ဖြန် အာဇာနည်နေ့

ဒီလိုကနေ လူကြီးတွေက လူငယ်တွေကို ဆုံးမရင် ဗိုလ်ချုပ်အောင်ဆန်း ငယ်ငယ်က မင်းတို့လိုမဟုတ်ဘူးလို့ ပြောတယ် နှံစပ်တဲ့လူငယ်တွေကလည်း ဗိုလ်ချုပ်ကငယ်စဉ်က သူတို့လို မဟုတ်သလို ကြီးလာတဲ့အခါ သူတို့အခုပြောတဲ့ လူကြီးတွေလိုလည်း မဟုတ်ကြောင်း ပြန်မပြောရဲပေမဲ့သိကြတယ်။

မနက်ဖြန်ဆိုရင် အာဇာနည်နေ့ ရောက်ပြန်ပါပြီ။ ကျဆုံးလေပြီး တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို နှစ်တိုင်းလိုဘဲ အလေးပြုမယ် ပြီးရင် နေမြဲဆိုပြီး နဂိုအတိုင်းဆက်နေမြဲနေကြမယ်။ပြီးတော့လည်း လုပ်ချင်တာတွေ ဆက်လုပ်နေကြမယ်။ နှစ် ၇၀ နားတောင်နီးနေပါပြီ။

တိုင်းပြည်အတွက် လွတ်လပ်ရေးကို ရအောင် ကြိုးစားခဲ့ကြရင်း လုပ်ကြံခံ ခဲ့ရတာ ဖြစ်လို့ အာဇာနည်အဖြစ် အားလုံးက ပူဆွေးတဿကြတယ် နှမြောကြတယ်။ ငယ်ငယ်နဲ့ လုပ်နိုင်ခဲ့ပြီး အစွမ်းရှိသလို လက်ရုံးရည်ကောင်းသလို နှလုံးရည်ကောင်းတယ် အက်တလီတို့ နဲ့ ပြောဆိုဆွေးနွေးပြီး လိုချင်တာရအောင်ယူနိုင်ခဲ့တယ် တောင်းဆိုနိုင်ခဲ့တယ် အဲလို ဖြစ်အောင်လည်း လူထုကနောက်မှ ရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ် ရိုးသားတယ် ဖြောင့်မတ်တယ် သတ္တိရှိတယ် ဇွဲကောင်းတယ်။ စည်းရုံးနိုင်တယ် အုပ်ချုပ်နိုင်တယ် ယုံကြည့်မှု့ တွေတည်ဆောက်နိုင်ခဲ့တယ်။စွမ်းဆောင်နိုင်ခဲ့တယ်။ သူတင်လားဆိုတော့ မဟုတ်ဘူး သူတို့ အုပ်စုလိုက်ပါ။

တိုင်းပြည်အတွက် အစည်းအဝေးလုပ်ရင်း ဖြစ်တာဆိုတော့ အခြား အားကိုးရတဲ့ မညံ့တဲ့ လက်ရုံးရည်နှလုံးရည်ရှိတဲ့ ပညာကြီးတဲ့ ဉာဏ်ကြီးတဲ့ စေတနာကြီးတဲ့အခြား အာဇာနည်တွေလည်း လုပ်ကြံခံရ အသတ်ခံလိုက်ရတယ်။ သူလိုဘဲ တော်ကြသူတွေ အများစုပါ။ တော်သေးတယ် ဒီလိုဖြစ်ခဲ့ပေမဲ့ တိုင်းပြည် ကံကောင်းချင်တော့ လွတ်လပ်ရေး ရသွားနိုင်ခဲ့တယ်။

သို့ သော် ကံဆိုးချင်တော့ သူတို့ ကိုယုံတဲ့လူမျိုးတွေ အဖွဲ့တွေနိုင်ငံတွေ က သူတို့ မရှိတဲ့နောက်မှာ ကွဲပြဲတာတွေ ဖြစ်ကုန်ကြတယ်။ ရှုပ်ထွေးကုန်ကြတယ် အားပြိုင်ကုန်ကြတယ် တိုက်ခိုက်ကုန်ကြတာတွေလည်း ရှိခဲ့ကြတယ်။ဒါတွေ ဖြစ်ခဲ့ကြတယ်ဆိုပါတော့ ။

အခုချိန်မှာဆိုရင် ဒီ ဖြစ်ရပ်က နှစ် ၆၀-၇၀ ဆိုတော့ မိုးဖွဲလေးရွာတာတွေ ၊ ရက်စက်စွာဝင်တာပစ်တာတွေ၊ လုပ်ကြံတာတွေ အသေးစိတ် နှစ်တိုင်း ကြားနေရတော့ အားလုံးလည်း အတော်လေးလည်း မှတ်မိနေကြတယ်။ သိနေကြတယ်။ နှစ်တိုင်း ဒီနေ့ရောက်တိုင်း စိတ်တိုတယ် အားမလိုအားမရဖြစ်တယ် နှမြောတယ် ကြေကွဲပူဆွေးပေးကြတယ်။ နောက်ပြီး တော့ လည်း နဂိုအတိုင်းဘဲ။

တကယ်တော့လည်း သမိုင်း အဖြစ်အပျက်မှာ လွတ်လပ်ရေး ရအပြီး ကွဲကြပြဲကြတယ် ချကြတိုက်ကြတယ် အားလုံးက လေးစားသူမရှိတဲ့နောက်မှာ အချင်းချင်းလေးစားမှု့ မရှိတာတွေ့ရတယ်။
မငြိမ်မသက် နဲ့ တိုင်းပြည်မှာ ပညာရေးစီးပွားရေးတွေ နေရာကွက်ပြီး ဘဲ ရှင်သန်နိုင်ခဲ့တယ်။
၆၂ မှာ အာဏာသိမ်းပြီးတော့လည်း အာဏာသိမ်းတဲ့ အစိုးရက ရှင်းလင်းပြီး အများကြိုက်တဲ့ ဆိုရှယ်လစ် ဆိုတာကို မြန်မာနည်းမြန်မာဟန်နဲ့သွားမယ် သူတို့ ဖာသူတို့ လုပ် ပြီး ဒီလမ်းစဉ်က ဗိုလ်ချုပ်ချမှတ်သွားတယ်လို့ ဆိုပြီး။ စည်းရုံးတယ်။ လူတိုင်းချစ်ခင်သနား လေးစား ရိုသေတဲ့အပေါ် လုပ်စားကြတာ နင်းကြတာ ဝင် ပဏာ ယူကြတာ ရောချကြတာတွေလည်း သူသာမက အများကြီးပေါ်လာဘူးတယ်လို့ထင်တယ်။အမှတ်တရ လုပ်ရင်း ဂွင်ဝင်ဖန်ကြတဲ့ သူတွေလည်းရှိတယ်။ ကျောင်းတွေမှာ ပွဲတွေ နှစ်စဉ် ကျင်းပကြတယ်။ လူတိုင်းသိကြတယ်။

ဒါကတော့ အာဇာနည်နေ့ ဇူလိုင် (၁၉) ပေါ့။
ဒိုင်းဒိုင်းဒိုင်း ဆိုတဲ့ တစ်နေ့တည်းက အရာတွေနဲ့ အဲဒီနားဝန်းကျင်က အကြောင်းတွေနဲ့ အာဇာနည်နေ့လုပ်လာကြတာ ကြာနေပြီလို့ ထင်တယ်။ ရန်သူကို မုန်းတတ်ဖို့ဘဲ ရိုက်သွင်းနေသလိုဘဲ။ ဒီထက်ပိုပြီး တစ်ပြည်လုံးသင်္ခန်းစာရတာတွေ ပြောကြရင်မကောင်းဘူးလားပေါ့။
ဒီလိုကနေ လူကြီးတွေက လူငယ်တွေကို ဆုံးမရင် ဗိုလ်ချုပ်အောင်ဆန်း ငယ်ငယ်က မင်းတို့လိုမဟုတ်ဘူးလို့ ပြောတယ် နှံစပ်တဲ့လူငယ်တွေကလည်း ဗိုလ်ချုပ်ကငယ်စဉ်က သူတို့လို မဟုတ်သလို ကြီးလာတဲ့အခါ သူတို့အခုပြောတဲ့ လူကြီးတွေလိုလည်း မဟုတ်ကြောင်း ပြန်မပြောရဲပေမဲ့သိကြတယ်။

သို့ သော် ကျွန်တော်တို့ တစ်တွေ ဒီဖြစ်ရပ်ကနေ နှစ်စဉ်ကျင်းပတာကနေ တစ်နှစ်နဲ့တစ်နှစ်မတူအောင် သင်္ခန်းစာ ဘာတွေ ယူနိုင်ကြလဲ။ ဘာတွေပြန်အောင့်မေ့လည်း သူဖြစ်ချင်တာတွေဖြစ်အောင်လုပ်ဖို့ ကြိုးစားလား။ သူ့ကိုသနားပြီး စိတ်တိုကြရင်းပြီးသွားကြတာလား ပြန်မတွေးခဲ့ကြဘူး။ သူလိုကလေးတွေမျိုးဆက်တွေ ထွက်လာအောင် မိဘတွေက ကိုယ်ကလေးကိုမွေးမြူသွန်သင်ကြရဲ့လား ဘယ်လိုကြီးပြင်းစေလည်း ပြန်ကြည့်ကြသင့်တယ်။ တကယ် role model လားပေါ့။

ပြန် တွေးကြည့် ပြန်မြင်ကြည့်ရင် သိသင့်တာတွေက အဲဒီနေ့တစ်ခုထဲအကြောင်းမဟုတ်ဘူး။ မြန်မာနိုင်ငံကို အင်္ဂလိပ်သိမ်းပြီးချိန်မှာ ပြောင်းလဲသွားတဲ့ စီးပွားရေး နိုင်ငံရေးဖြစ်စဉ်တွေ။ ဘုရားပေါ် ဖိနပ်မစီးရက စတဲ့ ကိစ္စတွေနဲ့ သက်ဆိုင်တဲ့ YMBA အသင်း နဲ့ သူတို့ လုပ်ရပ်တွေ GCBA ခေတ်တွေ ကြားထဲက ခေတ်တွေ ဒို့ဗမာအစည်းအရုံးခေတ် ဖဆပလခေတ် တွေ ကြုံခဲ့ကြတဲ့ ရှေ့နေရှေ့ရပ်တွေ ကြိုးစားခဲ့ကြရတဲ့ ၉၁ဌာန တို့ ဒိုင်အာခီတို့ တွဲရေးခွဲရေးတိူ့ ခေတ်က အနေအထားတွေ၊ ဖြစ်ပွားခဲ့တဲ့ ၁၃၀၀ ပြည့်လို စီးပွားပျက်ကပ်နဲ့ဆက်စပ်တဲ့ ဆရာစံလို ကိစ္စတွေ စုအက်တူးမြောင်းပေါ်လာတာတွေ ကို စိတ်ဝင်တစား ပြန်လေ့လာကြတဲ့ ကျောင်းသားတွေ ရှိစေချင်တယ် သုံးသပ်ပြောဆိုကြစေချင်တယ်။

သူတို့ သမိုင်းသင်တော့လည်း ထင်းအောင်ပါစေချင်တယ်။ အင်္ဂလိပ် အောက်မြန်မာပြည်အသိမ်း မြစ်ဝကျွန်းပေါ် လုပ်ငန်းတွေချဲ့တာ ကုလားတွေ မျိုးစုံပါလာတာ၊ ဧရာဝတီမြစ်ထဲ မီးသင်္ဘော ၅၀၀ ကျော်သွားနေတာ၊ အင်္ဂလိပ်လူမျိုး ရာဂဏန်းလောက်ဘဲ သုံးပြီး ကုလားတွေ နဲ့ မြန်မာပြည်အုပ်ချုပ်ခဲ့တာ တွေ ဆရာတွေရောကမ္ဘာ ကလေးတွေ ရောသိနေစေသင့်တယ်။

နောက်ပြီး ကိုယ်နိုင်ငံ စစ်ကြီး ၂ ခုဖြစ်ချိန်က အဖြစ်အပျက်တွေ နဲ့ စစ်ပြီးခေတ် အနေအထားတွေနဲ့ ခေတ်ပြိုင် အခြားက သမိုင်းတွေ တွေ။ တကယ် အာဇာနည်နေ့ဖြစ်စေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီး အသတ်ခံခဲ့ရတဲ့ အာဇာနည် တွေရဲ့ ကလေးဘဝ တွေ ဖြတ်သန်းခဲ့ရတာတွေ သူတို့ လုပ်ရပ်တွေ အရည်အချင်းတွေ ကြိုးစားထားတာတွေ အားကိုးရပုံတွေ တာဝန်ယူထားကြတာတွေ စိတ်နေသဘောထားတွေလည်း နှစ် ၆၀-၇၀ မှာ တကယ်နှစ်တိုင်း ဂရုစိူက်ရင် တော်တော်စုံစုံ တကယ်ဆို သိနေကြသင့်ပြီ။

ဒိုင်းဒိုင်းဒိုင်း ဆိုတဲ့ တစ်နေထဲက အရာတွေနဲ့ အဲဒီနားဝန်းကျင်က အကြောင်းတွေနဲ့ အာဇာနည်နေ့လုပ်လာကြတာ ကြာနေပြီလို့ ထင်တယ်။ ရန်သူကို မုန်းတတ်ဖို့ ဘဲ ရိုက်သွင်းနေသလိုဘဲ။ ဒီထက်ပိုပြီး တစ်ပြည်လုံးသင်္ခန်းစာရတာတွေ ပြောကြရင်မကောင်းဘူးလားပေါ့။
တခါလာလည်း ဘက် အခြေခံပြီး
ရန်သူတွေက ဆိုးဆိုး အများစုက ခံရ ခံရ
နောက်သူရဲကောင်းက ကယ်ကယ် ဆိုတာတွေနဲ့ဘဲ
ကိုယ်ဆီကသူတွေ မြန်မာသမိုင်းကို အသင်ကြားခံကြရလို့လားမသိဘူး Developement ထက် တော်လှန်ရေးတွေ သူရဲကောင်းတွေကို ပိုမက်ကြ မှတ်မိကြတယ်။

နောက် သင်္ခန်းစာအနေနဲ့ သုံးသပ်ထားတဲ့ အဲဒီခေတ်က အတွင်းဝန်ရုံးလုံခြုံရေးတင်မကဘဲ။ နောက်နောင်မှာ တကယ်လို့ ဒီလိုဖြစ်ခဲ့ရင် လူတွေပေါ်မတည်ဘဲ မူတွေကနေ ဆက်သွားဖို့ဆောက်ထားတဲ့ Institution တွေ Successor plan တွေ Organization Design နဲ့ Structure တွေ System တွေ ကို သုံးသပ်လေ့လာ တာတွေ ဟောပြောကြတာတွေ ရှင်းလင်းတာတွေလည်း ပြောမယ်ဆိုတာမျိုးလည်း ထင်သလောက်မတွေ့ခဲ့ကြရဘူး။ဖြစ်စေချင်တယ်။

လွမ်းဆွတ်နာကျည်း ဝမ်းနဲတာများပြီး နောင်ဒီလိုမဖြစ်အောင် ဒါတွေဖြစ်သင့်တာဆိုတာတွေ ငြင်းခုံဆွေးနွေးခဲ့ကြတာတွေ စီမံတာတွ သခာင်္န်းစာ ဖြစ်အောင် လုပ်တာတွေ သိပ်မမြင်ခဲ့မိဘူး။ လုပ်ကြစေချင်တယ်။

တခါလာလည်း ဘက် အခြေခံပြီး
ရန်သူတွေက ဆိုးဆိုး အများစုက ခံရ ခံရ
နောက်သူရဲကောင်းက ကယ်ကယ် ဆိုတာတွေနဲ့ ဘဲ
ကိုယ်ဆီကသူတွေ မြန်မာသမိုင်းကို အသင်ကြားခံကြရလို့လားမသိဘူး Developement ထက် တော်လှန်ရေးတွေ သူရဲကောင်းတွေကို ပိုမက်ကြ မှတ်မိကြတယ်။

ဗိုလ်ချုပ်ပြောခဲ့တဲ့ တိုင်းပြည်စီးပွားရေး ပြန်လည်တည်ထောင်ရေး ပညာရေး စတာတွေထက် တော်လှန်တာ ချတာ ပြစ်ပြစ်နှစ်နှစ်ပြောတာ အပြစ်တင်တာ စိတ်တိုတာတွေကို ဘဲ မှတ်မိနေကြ ပြောနေကြ တသတသဖြစ်နေကြတာ တွေ့နေရသလိုဘဲ။ နောက်အစိုးရတွေကလည်း သင်္ခန်းစာထက် လူထုက သူတို့ ကို ချစ်ကြတဲအပေါ် အခွင့်ကောင်းယူပြီး လိုချင်တာဖြစ်ဖို့ကို အားထည့်ပြီး နိုင်ငံရေးအမြတ်ရအောင်လုပ်ခဲ့ကြတယ်။

ကမ္ဘာပေါ်က အခြားလုပ်ကြံခံရတဲ့ လင်ကွမ်း ကနေဒီ အင်ဒရာဂန္ဒီ စတာတွေ က ရသလို သခာင်္န်းစာတွေ အကျိုးအပြစ်တွေ ဝေဖန်တာတွေ သမိုင်းတွေ မျိုး ဘာဖြစ်သလဲ ဘာကွာသလဲ ကိုယ်က ဘာသာသလဲ သူတို့ က ဘယ်လိုဆက်ထိမ်းနိုင်ကြသလဲ ဘာတွေဖြစ်သွားတဲ့ထိ သမိုင်း ဖြစ်ခဲ့ကြသလဲဆိုတာတွေ လည်း နှိုင်းယှဉ်လေ့လာ ကျင့် ကျောင်းသားလူငယ်တွေ အဆင့်မှာ နှစ်စဉ် ဒီလိုနေ့ရောက်တိုင်း ရှိကြစေချင်တယ်။ သူတို့ ရဲ့ထူးခြားတဲ့ အတွေ့နဲ့ စာစီစာကုံးတွေဖတ်ချင်တယ်။

နှစ်တိုင်းမှတ်မိသလောက်ကတော့ ဆုရတဲ့စာစီစာကုန်းတွေဟာ ပုံဖော်တဲ့အရာနဲ့ ရသ စိတ်ခံစားမှု့တွေ လောက်သာ သူတို့ ဆီက ထွက်လာစေနိုင်ခဲ့တယ် ။ တကယ်ဆို ကျယ်ကျယ်ပြန့်ပြန် ဖြန်ထွက်ဆင့်ပွားပြီး ကလေးတွေ ဖန်တီးနိုင်တာမျိုး ဖြစ်စေချင်တယ်။ ဒီကိစ္စဟာ အဖြစ်အပျက် Story ပုံပြင်တစ်ခုလို ကနေ ဖယ်ကွာပြီး သမိုင်းရဲ့ အပြောင်းအလဲက အနေအထားတစ်ခုမှာ တကယ်ဖြစ်ခဲ့တဲ့ ရိုက်ခတ်မှု့ တစ်ခုလို့ တွေးပြီး ဆက်သွားကြစေချင်တယ်။ တကယ် role model လို ဖြစ်တယ်ဆိုရင်လည်း ကလေးတွေဟာ ဗိုလ်ချုပ်ရဲ့ ရိုးသားမှု့ အကျင့်စရိုက်ကို ကိုင်ပြီး မူတည်ပြီး ဘေးမှာမြင်နေတဲ့ မိဘအသိုင်းအဝိုင်း ညီအကိုမောင်နှမက အစ ကျောင်း ဆရာဆရာမနဲ့ တွေ့မြင်နေသူတွေကို ယှဉ်တိုင်းပြီး ပြောဆိုနိုင်တဲ့ ထိ ဖြစ်ရင်လည်း ကောင်းတာဘဲ။ တကယ်လည်း အဲလောက်ဖြစ်မလာဘူး။

သူတို့ ကို လေ့လာကြစေချိန်မှာလည်း ကလေးတွေကို ဇွတ် အဖြစ်အပျက်တွေ ရိုက်သွင်းပေးတာထက် သူတို့ ဖာသာ မတူတဲ့ နေရာတွေ က ရှာဖတ်တာ online က လေ့လာတာ လူကြီးတွေကို မေးတာမျိုးနဲ့ ဒီလိုနေ့ရောက်တိုင်း လေ့ကျင့်ပေးသင့်တယ်။ လူကြီးတွေက ကလေးတွေ ရှေ့မှာ ဟန်ဆောင်ထက် ပိုပြီးလည်း အာဇာနည်တွေကို အားလုံးကို ချစ်ခင်လေးစားပြကြသင့်တယ်။ တာဝန်တစ်ရပ်လို ခိုင်းတာလုပ် အာဇာနည်နေ့အခန်းအနားပြီး ပြီးရော ဆိုရင် ဒီလို နှစ် ၁၀၀ ပြည့်လည်း သိပ်လုပ်ရကျိုးနပ် ထိရောက်မယ်မထင်ဘူး။

ဘာရယ်မဟုတ်ပါဘူး ၁၉ ရက်နားနီးလို့ နိုင်ငံသားတစ်ယောက်အနေနဲ့ နေ့ထူးနေ့မြတ် လုပ်ကြတာပေါ်မှာ မတူတဲ့ အမြင်ကို ဝင်ဆွေးနွေးကြည့်တာပါ။ လက်ခံဖို့ အတင်းအကျပ်မပြောလိုပါဘူး။ကိုယ်အယူအဆနဲ့ ကိုယ်တွေဘဲပေါ့။

ရဲမြတ်သူ
၂၀၁၅ခုနှစ် ဇူလိုင်လ ၁၈ရက်
(၆၈)နှစ်မြောက် အာဇာနည်နေ့အကြို

0 comments: