Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။ တကယ်ဆိုတော့ ၁၉၆၆ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိ ၁၀နှစ်တာ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ အရင်းရှင်လမ်းကို လျှောက် နေသူ၊ မြန်မာနိုင်ငံ ကွန်မြူနစ်စာပေတွေမှာ သုံးနှုန်းတဲ့ အသုံးအနှုန်းအရဆိုရင် ဖောက်ပြန်ရေးသမား အဖြစ် တံဆိပ်ကပ်အဖယ်ရှားခံရသူပါ။ ဒါကို ပုဂ္ဂိုလ်ရေးအရ နည်းနည်းမှ အငြိုးအတေးမထားတဲ့ သူစိတ် ဓာတ်ကို မြင်လိုက်ရတယ်။ တိုင်းပြည်အတွက်ဆိုရင် ကိုယ်ခံစားခဲ့ရတာတွေကို ဘေးချထားနိုင်သူလို့ မှတ်ချက် ပြုမိတယ်။
သူတွင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ယနေ့ခေတ်တရုတ်ပြည်ကို ကမ္ဘာ့ ဒုတိယ၊ တတိယနေရာမှာ ရပ်တည်နေ နိုင်ဖို့အတွက် ထောက်ကန်ပေးခဲ့တဲ့ အင်အားစုတစ်ခုရှိခဲ့တယ်။ အဲဒီလူတွေက ယဉ်ကျေးမှုတော်လှန်ရေးကြောင့် လယ်တောအပို့ခံရတဲ့ မိသားစုတွေနဲ့အတူ ပါသွားတဲ့ လူငယ်တွေ။

သူတို့အကြောင်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်လက်ထက်မှာ ထောင်စုနှစ်ရည်မှန်း ချက် အကောင်အထည်ဖော်ရေး အထူးအကြံပေး၊ ၁၉၉၂ခုနှစ်မှာ တရုတ်ဘောဂဗေဒအစည်းအရုံး (Chinese Economists Socitety-CES)ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဘောဂဗေဒပညာရှင် ဂျက်ဖရီဆာ့(ချ)က ဆင်းရဲမှုနိဂုံး(The End of Poverty)စာအုပ်၊ ဆရာကျော်ဝင်းဘာသာပြန်မှာ အခုလို မှတ်တမ်းတင်တယ်။
CES ဆိုတာ တရုတ်လူငယ်ဘောဂဗေဒပညာရှင်တွေနဲ့ ဖွဲ့ထားတဲ့ သုခမိန်အဖွဲ့ကြီးပါ။ CESအဖွဲ့ဝင်တွေဟာ အနောက်တိုင်း တက္ကသိုလ်ကြီးတွေမှာ ပညာသင်ယူခွင့်ရခဲ့သူတွေလို့ သိရတယ်။ သူတို့တစ်တွေဟာ တရုတ် ပြည်စီးပွားရေး ပြုပြင်ပြောင်းလဲဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေရှာဖွေဖို့ အားတက်သရော ကြိုးစားနေ ကြသူတွေဖြစ်တယ်။

CES အဖွဲ့ဝင်တိုင်းလိုလိုမှာ ဒရမ်မာကြီးတစ်ခု ဒါမှမဟုတ် ဝတ္ထုရှည်ကြီး တစ်ပုဒ်လို စိတ်ဝင်စားစရာ နောက်ခံဘဝ ကိုယ်စီရှိကြတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေနဲ့ အစိုးရအရာရှိတွေရဲ့ သားသမီးတွေကများတယ်။ မော် ဝါဒရဲ့ ကွေ့ကွေ့ကောက်ကောက်လော့ဂျစ်အရ မယုံကြည်ရတဲ့ လူတန်းစားတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း တန်ဖိုးကြီးကြီးပေးခဲ့ရသူ မိသားစုတွေပါတဲ့။
သူတို့ရဲ့ နည်းလမ်းရှာဖွေကြိုးစားအားထုတ်မှုတွေကြောင့် တရုတ်နိုင်ငံစီးပွားရေးဟာ အပြောင်းလဲကြီးပြောင်း လဲသွားခဲ့ရတယ်။ သူတို့ဟာ သူတို့မိသားစုဘဝတွေ စတေးခံခဲ့ရတာကို တိုင်းပြည်အတွက်နဲ့ မေ့ပျောက် နိုင်ကြသူတွေရယ်ပါ။

ပေါ်လစီအလွဲတစ်ခုကြောင့် တရုတ်ပြည်သူအချို့ နစ်နာမှုတွေရှိခဲ့ရတယ်ဆိုစေဦးတော့ ၂၀ရာစုအတွင်း ကမ္ဘာ့သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀ထဲက တစ်ဦးအဖြစ် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခြင်းခံရသူ ဥက္ကဋ္ဌကြီး မော်စီတုန်းကို သူဂုဏ်နဲ့ညီအောင် တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေက နေ့စ ဉ်ဂုဏ်ပြုကြတုန်း၊ နေ့စဉ်အလေးပြုကြတုန်းပါ။
ဒါကို ဟူနန်ပြည်နယ် ချန်ရှားမြို့ ကျွီကျီကျိုလို့ခေါ်တဲ့ လိမ္မော်သီးကျွန်းပေါ်မှာ တွေ့ခဲ့ရတယ်။ ကျွီကျီကျိုဆိုတာ လည်း ၁၉၂၅ခုနှစ်က မော်ရေးစပ်ခဲ့တဲ့ (Qin Yuan Chun-Changsha)ချန်ရှားဆိုတဲ့ ကဗျာထဲက စာကြောင်းတစ်ခုကို ယူသုံးထားတာလို့ဆိုတယ်။ သို့သော်လည်း ဒီကျွန်းလေးကို ၁၉၀၄ခုနှစ် ချင်မင်းဆက်ခေတ်မှာ စတင်ဖွင့်လှစ်ခဲ့တာလို့လည်း မှတ်တမ်းတွေ့ရတယ်။ ဒီကျွန်းလေးက ယွဲ့လုတောင်နဲ့ မြို့တော်ချန်ရှားကို ပိုင်းခြားပေးသလို ဖြစ်နေပြီး ရှန်ကျန်းမြစ်(Xiangjiang)မြစ်လယ်ခေါင်မှာရှိနေတာ။ ဒီကျွန်းက အလျား ၅ကီလိုမီတာ (ပေတစ်သောင်းခြောက် ထောင်ကျော်)နဲ့ အနံ မီတာ ၄၀ကနေ ၁၄၀ (ပေ၁၃၀ကနေ ၄၆၀)၊ စုစုပေါင်း ဧရိယာ သုံးသိန်းခုနှစ်သောင်း စတုရန်မီတာ (၉၁ဒဿမ၆၄ဧက)ကျယ်တယ်။ အပင်အများစုက လိမ္မော်ပင်တွေနဲ့ပါ။ မော်လူငယ်ဘဝက နွေရာသီလိုနေ့တွေမှာ သူ့သူငယ်ချင်းတွေနဲ့ လာရောက်ရေကူးရင်းအပန်းဖြေ လေ့ရှိတယ်။ ဒါကြောင့်လည်း ဒီကျွန်းပေါ်မှာ မော်စီတုန်း ၂၃နှစ်အရွယ်ပုံကို ထုလုပ်ထားတယ်။

သူဂုဏ်နဲ့ညီအောင် ထုလုပ်ထားတဲ့ အဲဒီ ၂၃နှစ်အရွယ် ရုပ်ထုကို နှမ်းဖက်ကျောက်တုံးပေါင်း ၈၀၀၀(တန် ၈၀၀)နဲ့ တည်ဆောက်ထားတာ။ ၂၀၀၇ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီးတော့ ၂၀၀၉ခုနှစ်မှာ ပြီးတယ်။ မော့်အသက် ၁၁၆နှစ်ပြည့်ပေါ့။ အဲဒီနှမ်းဖက်ကျောက်တွေကို တရုတ်နိုင်ငံ အရှေ့တောင်ဘက်၊ ဟူနန်ပြည်နယ်နဲ့ပြည်နယ် တစ်ခုခြားတဲ့ ဖူးကျန့်ပြည်နယ်ကနေ တကူးတက သယ်ယူတည်ဆောက်ခဲ့ကြတာ။ တည်ဆောက်တဲ့ အခါမှာလည်း မော် အသက် ၂၃နှစ်ကို ကိုယ်စားပြုပြီး ၂၃မီတာ(၁၀၅ပေ)အမြင့်၊ မော့်သက်တမ်း ၈၃နှစ်ကို ကိုယ်စားပြုပြီး အလျား ၈၃မီတာ(၂၇၂ပေ)၊ မော့်သမ္မတသက်တမ်း ၄၁နှစ်ကို ကိုယ်စားပြုပြီး အနံ ၄၁မီတာ(၁၃၅ပေ)နဲ့ တည်ဆောက်ထားတယ်။ အဲဒီနှမ်းဖက်ကျောက် ရုပ်ထုကြီးအတွင်းပိုင်းမှာ မော်နဲ့သူ့ဇနီးပန်းချီကားအပါအဝင် ချန်ရှားမြို့မှာ မော်နေထိုင်ခဲ့စဉ်က မှတ်တမ်းမှတ်ရာတွေကို ပြသထားသေးတယ်။
img_6533
မော်စီတုန်း မွေးရပ်မြေ ရှောင်ရှန်းရွာလေးဟာ အခုဆို သီးခြားမြို့လေးအဖြစ်ရှိနေတယ်။ တရုတ်နိုင်ငံကို တည်ထောင်ပေးခဲ့တဲ့ မော်စီတုန်းမွေးရပ်မြေဟာ တရုတ်အစိုးရ ခရီးသွားလုပ်ငန်းရဲ့ အထင်ကရ နေရာတစ်ခုပါ။ မော်စီတုန်းအိမ်တော်၊ မော်စီတုန်းနေခဲ့တဲ့ကျောင်း၊ မော်စီတုန်းတစ်သက်တာပြတိုက်၊ မော်စီ တုန်းကြေးရုပ်၊ လိမ္မော်သီးကျွန်းပေါ်က မော်စီတုန်း လူငယ်ဘဝရုပ်ထုဆိုတာတွေဟာ ခရီးသွားအစီအစဉ် ပတ်ကေ့ချ်တစ်ခုပါ။ အဲဒီနေရာတွေကို သွားဖို့ တစ်ရက်တာခရီးအဖြစ် ခရီးသွားလာရေး အေဂျင်စီတွေက သူတို့ ဝဘ်စာမျက်နှာတွေမှာ ကြော်ညာကြတယ်။ ဒါကြောင့်လည်း မော့်အိမ်တော်၊ မော်နေခဲ့တဲ့ကျောင်း၊ မော့်တစ် သက်တာပြတိုက်၊ မော့်လူငယ်ဘဝရုပ်ထုတို့ဟာ မော့်မွေးနေ့လို့၊ တရုတ်နိုင်ငံအမျိုးသားနေ့လို့ အထင်ကရ ရက်တွေမှ လူစည်းကားခွင့်ရတဲ့ အလေးအမြတ်ပြုခံခွင့်ရတဲ့ နေရာတွေမဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ လာရောက် လည်ပတ်သူတွေ လူချင်းမတိုက်မိအောင် မနည်းရှောင်နေရတဲ့ လူစည်ကားရာ နေရာတွေပါ။
အောင်မျိုးထွန်းကျော်
ဓာတ်ပုံ - မောင်မောင်လှတင့် (မန်းတက္ကသိုလ်)
Credit : PaukPhaw

အလေးနီပြုကြသူတွေ အပိုင်း(၁)

img_20190323_113056
“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

ဒီမော်စီတုန်း ကြေးရုပ်က ၁၉၄၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့ ထင်အန်မင်ရင်ပြင်မှာ မော်မိန့်ခွန်းပြောခဲ့တဲ့ ပုံကို ထုလုပ်ထားတာလို့ဆိုတယ်။ အဲဒီနေ့ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့၊ တရုတ်နိုင်ငံကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွန်မြူနစ်နိုင်ငံလို့ ကမ္ဘာကို အတိအလင်းကြေညာခဲ့တဲ့နေ့ပါ။ အဲဒီနေ့မှာ မော်ပြောခဲ့တဲ့ စကားက “the Chinese people have stood up” တရုတ်ပြည်သူတွေ နိုးထလာပြီတဲ့။
img_20190323_112248
ဒီကြေးရုပ်ထုကို ၁၉၉၃ခုနှစ် မော် အသက် ၁၀၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် သွန်းလုပ်ခဲ့တာ။ စတင်သွန်းလုပ်ခဲ့စဉ်က မော် အသက် ၁၀၀ ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ မီတာ ၁၀၀ အမြင့်ရှိခဲ့တယ်။ ပြီးတော့ မော့်မွေးရပ် ရှောင်ရှန်းရွာလေးရဲ့ အလယ်ဗဟိုတည့်တည့်မှာ ထားလိုက်ကြတယ်။ မော့်အသက် ၁၁၅နှစ်ပြည့် ၂၀၀၈ခုနှစ်ရောက်တဲ့အခါ ဒီကြေးရုပ်ထုကို အစိုးရရဲ့ အဓိကကျတဲ့ အစီအစဉ်အဖြစ် ပြန်လည်တည်ဆောက်ပြီး လက်ရှိနေရာကို ရွှေ့လိုက်တယ်။ အမြင့်ပေကိုလည်း အောက်ခံဖောင်ဒေးရှင်း အပါအဝင် တစ်ရာ့တစ်မီတာ အဖြစ်ဖန်တီးလိုက်ကြသလို ရင်ပြင်အကျယ်ကိုလည်း စတုရန်မီတာ တစ်သိန်း(စတုရန်ပေ သုံးသိန်းနှစ်သောင်းကျော်) အထိ ချဲ့ထွင်ပေးလိုက်တယ်။
dsc00185
dsc00252
img_6339
သမိုင်းဘာသာရပ်ကို စိတ်ဝင်စားသူမဟုတ်ရင် ပြတိုက်တွေလေ့လာရတာက ပျင်းစရာကောင်းပါတယ်။ ကြေးရုပ် ရင်ပြင်နဲ့ကပ်လျှက် မော်စီတုန်းတစ်သက်တာ ပြတိုက်ကတော့ ဆန့်ကျင်ဘက်ပါ။ သူ့တော်လှန်ရေးသမားဘဝ ကနေ သမ္မတဖြစ်တဲ့အထိ ဆောင်ရွက်ချက်တွေထဲက ထုတ်နှုတ်တင်ပြရာမှာ စာရွက်၊ စာတမ်း၊ ဓာတ်ပုံ၊ အသုံး အဆောင်၊ လက်နက်ဆိုတာတွေအပြင် နည်းပညာအသုံးပြုထားတဲ့ အခြေအနေတွေကို တွေ့ခဲ့ရတယ်။ ဥပမာ ထင်အန်မင်ရင်ပြင်မှာ မော်မိန့်ခွန်းပြောတဲ့ ရုပ်ထုနဲ့ပန်းချီကားရှေ့ရပ်မိလိုက်တာနဲ့ အဲဒီနေ့ အဲဒီအချိန်မှာ မော်ပြောခဲ့တဲ့ မိန့်ခွန်းသံထွက်လာတယ်။ ကိုယ်တိုင် ထင်အန်မင်ရင်ပြင်ထဲ မော့်မိန့်ခွန်းကို နားထောင် နေရသလိုပါပဲ။ အလားတူပဲ ပြတိုက်ရဲ့ ထောင့်ချိုးအကွေ့လို နေရာတွေမှာ နားကြပ်နဲ့ နားထောင်လို့ ရတဲ့ အော်ရီယိုစက်တွေ ထားပေးထားတယ်။ အဲဒီစက်တွေကို လေးငါးနှစ်အရွယ်ကလေးတွေ ဖွင့်ချင်သလိုဖွင့် နားထောင်ချင်သလိုနားထောင် ပြီးရင် ဒီအတိုင်းထားခဲ့ ဘယ်သူမှဘာမှ ပြောမယ့်သူမရှိဘူး။ ကလေးတွေကို ဟန့်တဲ့ တားတဲ့သူရယ်လို့ တစ်ယောက်ကိုမှ မမြင်မိခဲ့ဘူး။ မျိုးဆက်သစ်တရုတ်လူငယ်တွေက သူတို့အမျိုးသားခေါင်းဆောင်ကို အဲဒီလို ရင်းရင်းနှီးနှီး နေခွင့်ရကြတာ။
img_20190323_104603
မော်စီတုန်းတစ်သက်တာပြတိုက်နဲ့ မလှမ်းမကမ်းမှာ မော့်အိမ်တော်နဲ့ မော်ကလေးဘဝနေခဲ့ရတဲ့ ကျောင်းရှိတယ်။ ၁၉၂၉ခုနှစ်ကတည်းက ကူမင်တန်တွေဖျက်စီးခဲ့တဲ့ မော့်အိမ်တော်ကို ၁၉၄၉ခုနှစ် နှစ်ပေါင်း ၃၀အကြာမှာ ကွန်မြူနစ်အစိုးရက ပြန်လည်ရယူ ထိန်းသိမ်းခဲ့တယ်။ မော့်ဖခင်တည်ဆောက်ခဲ့တဲ့ ရွှံ့နံရံကာ သက်ကယ်မိုးတဲ အစား ရွှံ့အုတ်ကာ အုတ်ကြွပ်မိုး ပြတိုက်အဖြစ် ပြန်လည်တည်ဆောက် ထိန်းသိမ်းခဲ့တယ်။
img_20190323_110120
မှတ်တမ်းတွေအရ မော့်အိမ်တော်ရှိရာ ရှောင်ရှန်းကို တစ်နှစ်လူတစ်သန်းလောက်လာကြတယ်။ ၁၉၆၃ခုနှစ်မှာ လူသုံးသောင်း၊ ၁၉၆၄ခုနှစ်မှာ လူခုနှစ်သောင်း၊ ၁၉၆၅ခုနှစ်မှာ လူနှစ်သိန်းငါးထောင်၊ ၁၉၆၆ခုနှစ် နှစ်ဝက်မှာ လူ သုံးသိန်းတစ်သောင်းကျော် လာရောက်ကြည့်ရှု ဂါရဝပြုကြတယ်လို့မှတ်တမ်းတွေရှိတယ်။ ဒီနေ့ခေတ် ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဧည့်လမ်းညွှန်ကို မေးကြည့်မိတဲ့အခါ ခရီးသွားရာသီတွေမှာ တစ်ရက် လူတစ်သိန်းလောက်လာတယ်။ ပုံမှန်ရက်တွေမှာဆိုရင် တစ်သောင်းကျော် နှစ်သောင်းလောက်လာ ကြတယ်လို့ဆိုတယ်။ အဲဒါအပြင် ၂၀၁၈ခုနှစ် စာရင်းတွေအရ လူသိန်း ၂၀၀ကျော်ရှိတယ်လို့ ပြောတယ်။
img_20190323_104726-1
မော်အိမ်တော်က အဆောင်နှစ်ဖက်ထုတ်ထားတဲ့ အိမ်မျိုးပါ။ မော့်အိမ်အဝင်ပေါက်တံခါးမှာ မော်မိသားစုအိမ်လို့ ရေးထားတဲ့ စာလုံးကို စပြီးသတိထားမိတယ်။(ဆက်လက်ေဖာ်ပြပါမည်)
အောင်မျိုးထွန်း‌‌ကျော်
ဓာတ်ပုံ-မောင်မောင်လှတင့်(မန်းတက္ကသိုလ်)
Credit : PaukPhaw