Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

တကယ့်သတင်းစာဆရာဆိုတာ

ကျွန်တော်တို့က လူထုကို ဟင်းနဲ့ မကျွေးနိုင်ရင်တောင်၊ ထမင်းချည်းကျွေးသင့်ရင် ကျွေးရမှာပဲ။ သေချာတာက ကျွန်တော်တို့ လူထုကို အဆိပ်တော့ မကျွေးဘူး
ဒီဆွေးနွေးခန်း ဗီဒီယိုဖိုင်မှာ အလယ်က ဆွေးနွေးနေတဲ့ သတင်းစာဆရာဦးရဲနိုင်မိုးရဲ့ သတင်းစာပညာသင်တန်းတစ်ခုကို ဝင်နားထောင်ခဲ့ဖူးတယ်။ ၂၀၁၀-၂၀၁၁ လောက်က ရန်ကုန်မြို့ 7Day ရုံး အင်ဖိုရစ်သမ်မေ့ဇ် မှာပေါ့။ အဲဒီတုန်းက မှတ်မှတ်ရရ အဲဒီသင်တန်းမှာ အခုမန္တလေးမှာ ဂျာနယ်တွေ၊ သတင်းစာတွေ၊ အွန်းလိုင်းသတင်းတွေ စီစဉ်ထုတ်လုပ် လုပ်ကိုင်နေတဲ့ ကိုမင်းဒင်လည်း ရှိနေခဲ့တယ်။ သူက 7Day ဂျာနယ်မှာ သတင်းထောက်အဖြစ် အလုပ်စဝင်မှာမို့ မွန်းမံအဖြစ် အဲဒီသင်တန်းမှာ တက်နေတာ။

စကားကို ပြန်ဆက်ရရင် ဒီတုန်းက စစ်အစိုးရခေတ်ဖြစ်တဲ့ အလျှောက် အချို့သောစာရေးဆရာတွေနဲ့ သတင်းစာဆရာတွေ သူတို့ကလောင်ဆက်လက်အသက်ရှင်နေဖို့အတွက် အစိုးရနဲ့ပေါင်း၊ ကြံ့ခိုင်ရေးပါတီအထောက်အပံ့နဲ့ သတင်းစာ၊ ဂျာနယ်ထုတ် ရပ်တည်ခဲ့ကြရတယ်။ အလားတူပဲ စာပေစိစစ်ရေးကို မျက်စိ လည်အောင်လုပ်ပြီး ရေးလို့ရသလောက် ရေးရင်း လူထုကို အသိပေးနေကြရတဲ့ အခြေအနေမျိုးလည်း ဖြစ်နေပြန်တယ်။ ဒီအခြေအနေတွေ မြင်နေရတဲ့ကျွန်တော်က အဲဒီသင်တန်းမှာ ဆရာရဲနိုင်မိုးကို မေးခွန်းတစ်ခုမေးလိုက်တယ်။ ဆရာ စာရေးဆရာ၊ သတင်းစာဆရာတွေအနေနဲ့ အဲဒီလိုပူးပေါင်း လုပ်သင့်ပါသလားလို့။ ဆရာရဲနိုင်မိုးက ပြန်ဖြေတယ်။ ကျွန်တော်တို့က လူထုကို ဟင်းနဲ့ မကျွေးနိုင်ရင်တောင်၊ ထမင်းချည်းကျွေးသင့်ရင် ကျွေးရမှာပဲ။ သေချာတာက ကျွန်တော်တို့ လူထုကိုအဆိပ်မကျွေးဘူးလို့ ပြန်ဖြေတယ်။

ကျန်ဆရာနှစ်ယောက်ကတော့ ကိုယ်နဲ့တစ်ခေတ်တည်း ဖြတ်သန်းခဲ့ကြသူတွေမို့ ကျွန်တော့်လိုပဲ ဆရာရဲနိုင်မိုးရဲ့ အတွေးအခေါ်အယူအဆ လွှမ်းမိုးမှုရှိနေမယ်လို့ ယုံကြည်ပါတယ်။
အောင်မျိုးထွန်းကျော်



Credit : 7Day TV