Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး


သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။


သမ္မတရှီရဲ့ခရီးစဥ်မှာ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုရေးကိစ္စတွေအပြင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး အနှစ် (၇၀)ပြည့်အခမ်းအနားကျင်းပဖို့လည်းပါပါတယ်။ တကယ်ဆိုတော့ တရုတ်-မြန်မာ ဆက်ဆံရေးက ပြည်ထောင်အနေနဲ့မပြောဘဲ လူမျိုးတစ်မျိုးစီအနေနဲ့ပြောရရင် နှစ်ပေါင်းထောင်ချီ ကြာခဲ့ပါပြီ။


တရုတ်စစ်မက်နိုင်ငံများခေတ် (၄၀၃-၂၂၁ ဘီစီ)အခါ၌ ယခင်တရုတ်နိုင်ငံအနောက်ဘက်တွင် ချင် Chin ဟုအမည်ရှိသော ပဒေသရာဇ်နယ်ရှိခဲ့၏။ ချင်ပ‌ဒေသရာဇ်မင်း ကျဲ(င်) Chinese (၂၄၆-၂၁၀ ဘီစီ) လက်ထက် ရောက်သောအခါ အခြားပဒေသရာဇ်ခြောက်နယ်တို့ကို တိုက်ခိုက်အောင်မြင်၍ တရုတ်နိုင်ငံတခုလုံးကို စုစည်း လိုက်ပြီး ချင်မင်းဆက်ကို တည်ထောင်ခဲ့သည်။ မိမိကိုယ်ကိုလည်း ရှီဟွမ်တိ Shi Huang Ti (Shi Huang Di) (ပထမဧကရာဇ်) ဟူသောဘွဲ့ကို ခံယူသည်။

ချင်ရှီဟွမ်တိတက်မလာမီ ချင်ပဒေသရာဇ်နယ်၏ တောင်ဘက်ဒေသဖြစ်သော ရှုနယ် (Shu State) (ယခု တရုတ်နိုင်ငံ စီချွမ်းနယ်(ယူနန်) အစိတ်အပိုင်း) အတော်များများသည် ချင်ပဒေသရာဇ်၏ ပိုင်နက်ဖြစ်နေပြီဖြစ်၏။ ချင်ရှီဟွမ်တိသည် ၎င်း၏နယ်ပယ်နှင့်နီးကပ်လျက်ရှိသော တီးယဲန်(အိန္ဒိယ)နိုင်ငံကိုပါ သိမ်းသွင်းလိုသော ဆန္ဒရှိလာသည်။ ရှူနယ် (ယခုတရုတ်နိုင်ငံ ယူနန်နယ်အရှေ့ပိုင်း) နှင့် တီးယဲန်(အိန္ဒိယ)သည် နီးကပ်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် စစ်မဆင်မီ လမ်းဖောက်ရ၏။ ဖောက်ခဲ့သော လမ်းများသည် ယခု စီချွမ်းနယ်ယီပင်းမှ အစပြုသော လမ်းတလမ်းနှင့် ယခုယှီးခန်းယာအနီး အစပြုသော လမ်းတလမ်း၊ ပေါင်း နှစ်လမ်းဖြစ်သည်။ တီးယဲန်(အိန္ဒိယ)နိုင်ငံ၏ အချက်အချာဒေသနှင့်အနီးဆုံးဖြစ်သော လမ်းကြောင်းသည် ယီပင်းမှအစပြုသော လမ်းဖြစ်သည်။ နှစ်လမ်းစလုံးသည် တီးယဲန်(အိန္ဒိယ)နိုင်ငံနယ်စပ်ဒေသသို့ပေါက်သည်။ လမ်းနှစ်လမ်း (အထူးသဖြင့် တီးယဲန်(အိန္ဒိယ)နိုင်ငံနယ်စပ် သို့မဟုတ် တီးယဲန်နိုင်ငံ၏ အချက်အချာဒေသဖြစ်သော တီးယဲန်ကန်ဒေသသို့ ဦးတည်ပြီးဖောက်သောလမ်း)သည် ၂၁၃-၂၁၂ ဘီစီအတွင်း စတင်ဖောက်လုပ်ခဲ့သည်ဟု ခန့်မှန်းရ၏။ 

ချင်ရှီဟွမ်တိ ကွယ်လွန်ပြီးသည့်နောက် တီးယဲန်နိုင်ငံကို ချဥ်းနင်းဝင်‌ရောက်တိုက်ခိုက်မည့် စီမံချက် ပျက်ပြားသွားတော့သည်။ ဖောက်ခဲ့သောလမ်းများသည် တီးယဲန်(အိန္ဒိယ)နိုင်ငံ နယ်ခြားဒေသမှ လမ်းများနှင့် ဆက်မိပြီး တီးယဲန်(အိန္ဒိယ)နိုင်ငံ၏ အချက်အချာဒေသဖြစ်သော တီးယဲန်ကန်ဒေသ Tien lake Area သို့ ပေါက်ရောက်လာသည်။ ထိုလမ်းများတည်ရှိခဲ့ခြင်းကြောင့် ရှူနယ်(ယူနန်)နှင့် တီးယဲန်(အိန္ဒိယ)နိုင်ငံအကြား ကုန်သွယ်ရေးများစွာ တိုးတက်ခဲ့၏။ မူလက စစ်ဆင်ရေးအတွက် ဖောက်ခဲ့သော လမ်းများသည် စီးပွားရေး ကုန်သွယ်ရေးအတွက် အကျိုးပြုသောလမ်းများဖြစ်လာသည်။ ထိုလမ်းနှစ်သွယ်သည် ပျူမြို့ပြနိုင်ငံ (ဗိဿနိုး (မြန်မာ)နိုင်ငံ ဖြစ်လာမည့်)ကို ကျော်ဖြတ်၍ တီးယဲန်(အိန္ဒိယ)နိုင်ငံသို့ ဖောက်သော ကုန်းလမ်းနှင့်ဆက်မိသဖြင့် လမ်းကြောင်းတခုလုံးသည် တရုတ်-အိန္ဒိယ သို့မဟုတ် အိန္ဒိယ-တရုတ်ကုန်းလမ်း ကုန်သွယ်ရေး လမ်းမကြီး ဖြစ်လာပါတော့သည်လို့ ဦးရည်စိန်ရဲ့သမိုင်းစာတမ်းမှာ ဖော်ပြထားတယ်။

ဒီနေရာမှာ ပြောစရာတစ်ခုရှိလာတာက တရုတ်နိုင်ငံကိုပြန်လည်တည်ထောင်ခဲ့တဲ့ ဥက္ကဋ္ဌကြီး မော်စီတုန်းရဲ့ တော်လှန်ရေးကာလ မြောက်ဖက်သို့ခရီးရှည်ချီတက်မှုဟာ သူရဲ့ ပင်ကိုယ်အတွေးမဟာဗျူဟာ မဖြစ်နိုင်ဘူး ဆိုတာ တွေ့လာရတယ်။ ချင်မင်းဆက်ဟာ (၂၂၁-၂၀၆ ဘီစီ)အထိတည်ရှိခဲ့ပြီး၊ (၂၀၆ဘီစီ-၂၂၀အေဒီ)အထိက ဟန်မင်းဆက်ခေတ်ပါ။ အဲဒီနောက် မြောက်ဘက်မှာ ဝေ့ပြည်ထောင် (Wei State ၂၂၀-၂၆၅အေဒီ)၊ အရှေ့တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်မှာ ဝူပြည်ထောင် (Wu State ၂၂၂-၂၈၀အေဒီ)နဲ့ အနောက် တောင်ဘက်မှာ ရှူပြည်ထောင် (Shu State ၂၂၁-၂၆၃အေဒီ)ဆိုပြီး‌ တရုတ်နိုင်ငံ သုံးပိုင်းကွဲသွားခဲ့တယ်။ အဲဒီခေတ်ကို သုံးပြည်ထောင်ခေတ် (The Epoch of The Three Kingdoms)လို့ ခေါ်ပါတယ်။

ရှူပြည်ထောင် (Shu State ၂၂၁-၂၆၃အေဒီ) လျှိုပေ့ Liu Bei ကို သူ့ရဲ့စစ်ရေးအကြံပေး အမတ်ချုပ် ကျူးကော့လျှံ (ပညာရှိ ခုံမင်) Zhuge Liang က တရုတ်နိုင်ငံတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်ဖို့ဆိုရင် မြောက်ဖက်ကို ချီတက်တိုက်ရပါလိမ့်မယ်။ ဒါမှသာ တရုတ်နိုင်ငံတစ်ခုလုံးကို သိမ်းနိုင်မှာလို့ အကြံပေးခဲ့တာပါ။ အဲဒီမဟာဗျူဟာကို ဥက္ကဋ္ဌကြီးမော်စီတုန်းက သူ့နည်း သူ့ဟန်နဲ့ ပုံစံပြောင်းပြီး အသုံးပြုခဲ့ပုံရပါတယ်။

အခုလည်း ဥက္ကဋ္ဌကြီး မော်စီတုန်းပြီးရင် တရုတ်ပြည်ရဲ့အာဏာအရှိဆုံးခေါင်းဆောင်ဖြစ်လာတဲ့ သမ္မတရှီကျင့်ဖျင် က သူ့ရဲ့မဟာဗျူဟာတစ်ခုဖြစ်တဲ့ ရပ်ဝန်းနဲ့လမ်းအစီအစဥ် (Belt and Road Initiative (BRI) )ကို စတင်လာခဲ့တယ်။ ဒါကို ခေတ်သစ်ပိုးလမ်းမ စီမံကိန်းလို့ ဆိုကြပါတယ်။ ခေတ်သစ်လို့ သုံးနှုန်းတယ်ဆိုတာ ဘီစီ ၂ရာစုကနေ အေဒီ၁၄ရာစုအကုန်အထိ တရုတ်နိုင်ငံမှာ အနောက်နိုင်ငံတွေနဲ့ ဆက်သွယ်ခဲ့တဲ့ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ရှိခဲ့လို့ပါ။

အဲဒီခေတ်က ကုန်သွယ်ရေးလမ်းကြောင်းဟာ ချန်အန် Chang'an (အခု ရှီအန် Xi'an)ကနေ အနောက်ဘက် မြေထဲပင်လယ်အထိ ပေါက်ခဲ့တယ်။ ရှေးဟောင်းလမ်းကြောင်းဟာ ကုန်စည်ဖြန့်ဝေရုံတွင်မဟုတ်ဘဲ တရုတ်၊ အိန္ဒိယ၊ ပါရှား၊ အာရေဗျ၊ ဂရိ၊ ရောမတို့နဲ့ ယဥ်ကျေးမှုတွေ ကူးစက်စေခဲ့တယ်။ ၁၈၇၇ခုနှစ်မှာတော့ ဂျာမန် ပထဝီဝင်ပညာရှင် ဖာဒီနန် ဗွန် ရစ်ချ်သဖန်း Ferdinand von Richthofen က ပိုးလမ်းမကြီးလို့အမည်ပေးခဲ့တယ်။ ပိုးလမ်းမကရလာတဲ့ စီးပွားရေးအကျိုးအမြတ်ကြီးတာကြောင့် တရုတ်ပဒေသရာဇ် ပြည်ထောင်မင်း အဆက်ဆက်က ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် အသုံးပြုခဲ့ကြတယ်လို့ ဆိုတယ်။

သူတို့နိုင်ငံခေါင်းဆောင်တွေက ကိုယ့်နိုင်ငံသမိုင်းကို အမှန်တကယ်သိရှိနိုင်သူတွေ၊ အဲဒီအထဲက တိုင်းပြည် အတွက် အသုံးတည့်မယ့်နည်းလမ်းတွေကို ခေတ်နဲ့လျှော်ညီစွာ ပြုပြင်ပြီး ပြန်လည်အသုံးချနိုင်သူတွေပါ။

သုံးပြည်ထောင်ခေတ် ဝေ့ပြည်ထောင်သမိုင်းအကျဥ်းမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံ ပျူခေတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မြန်မာသမိုင်းပညာရှင်တွေ ခြေရာကောက်နိုင်ခဲ့ကြတာလို့ ယူဆ နိုင်ပါတယ်။

တောင်တွင်းကြီးမြို့အနောက်ဘက် ၁၂မိုင်အကွာရှိ ကုက္ကိုခွရွာ မြောက်ဘက်ကပ်လျက်မှာ ပျူမြို့ပြနိုင်ငံ ဗိဿနိုးမြို့ အေဒီ ၁ရာစုကနေ ၄/၅ရာစုအထိ တည်ရှိခဲ့တယ်။ တရုတ်-အိန္ဒိယကုန်သွယ်‌ရေး လမ်းကြောင်းကနေ အကျိုးအမြတ်များစွာရနေတဲ့ ဗိဿနိုးမြို့ကို အဲဒီအကျိုးအမြတ်တွေ လိုချင်တာကြောင့် ခမာ(ကမ်ပူးချား)တို့ ချည်းနင်းတိုက်ခိုက်ခဲ့ကြတယ်။ ဒါကြောင့် ဗိဿနိုး ပထမမြို့ပြနိုင်ငံပျက်ခဲ့ရတယ်လို့ မြန်မာသမိုင်း ပညာရှင်အချို့ ကောက်ချက်ချကြပါတယ်။

၁၉၄၉ခုနှစ် ပြန်လည်ထူထောင်ပြီးစ တရုတ်ကွန်မြူနစ်နိုင်ငံကို ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံတွေထဲက ပထမဆုံး အသိအမှတ်ပြုခဲ့တာ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံပါ။ ကမ္ဘာ့ကုလသမဂ္ဂမှာ တရုတ် နှစ်နိုင်ငံ ဖြစ်နေတဲ့ကိစ္စ (တရုတ်နဲ့ ထိုင်ဝမ်ကိုဆိုလို)၊ တရုတ်နိုင်ငံ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရေးကိစ္စတွေကို အဆိုတင်သွင်းခဲ့တာ မြန်မာသံအမတ်ပါ။ အခုလိုစူပါ ပါဝါနိုင်ငံရယ်လို့ ဖြစ်မလာခင်အရင်က စားစရာမရှိလို့ ထမင်းရည်သောက်နေရတဲ့ သူတို့ဘဝတွေကို ဆန်တွေလှူဒါန်းပေးပို့ခဲ့တာ မြန်မာနိုင်ငံပါလို့ သူတို့ကောင်းကောင်း အသိအမှတ်ပြုကြပါတယ်။

သမ္မတရှီရဲ့ ရပ်ဝန်းနဲ့လမ်းအစီအစဥ်အကြောင်း ပြောတဲ့အခါ တရုတ်နိုင်ငံက သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေ မျှဝေချင်လို့ပါလို့ ပြောလေ့ရှိတယ်။ ဒီလိုဆို နှစ်ဦးနှစ်ဖက် အောင်မြင်မှုရအောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတဲ့အခါ ငါးဆယ်ရာခိုင်နှုန်းစီဆိုတာ နှစ်ဦးနှစ်ဖက်အောင်မြင်တယ် မဆိုနိုင်ဘူး။ ကိုးဆယ်တစ်ဆယ်၊ ရှစ်ဆယ်နှစ်ဆယ်၊ ခုနစ်ဆယ်သုံးဆယ် စတဲ့ မတူညီတဲ့ရာခိုင်နှုန်းကသာ နှစ်ဦးနှစ်ဖက်အောင်မြင်မှုလို့ဆိုတယ်။ အဲဒီလို ကိုယ်လိုချင်တဲ့ ရာခိုင်နှုန်း အတိုင်းအတာရအောင် ညှိနှိုင်းဆောင်ရွက် တောင်းယူတတ်ဖို့ လိုပါသတဲ့။

ဒီလိုဆိုတော့ အိမ်ပေါက်ဝထိရောက်လာ၊ အိမ်တံခါးလာခေါက်၊ လယ်ကွင်းထဲအထိဆင်းပြီး ဝယ်ယူခွင့်ရနေတဲ့ အခြေအနေတွေ၊ သူတို့လိုချင်တာကို စျေးကောင်းပေးဝယ် တနည်းအားဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် တွေမလိုက်နိုင်တဲ့ စျေးမျိုးတွေပေးဝယ်နေတာတွေ၊ သူတို့မလိုချင်တဲ့အခါ ဘယ်မှရောင်းမရတော့လို့ လွှင့်ပြစ် လိုက်ရတဲ့အခြေအနေမျိုးတွေ၊ မြန်မာလူမျိုးအမည်ခံနဲ့ မြေယာပေါင်းများစွာ ဝယ်ယူခွင့်ရနေတာ၊ ဝယ်ယူ ထားတာတွေအတွက် ကိုယ့်အစိုးရကိုပဲ မေးခွန်းထုတ်ရမှာပါ။

အဲဒီအခြေအနေမျိုးတွေကို ထိန်းချုပ်နိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပြင်ဆင်ပြီးပါပြီလား၊ ရှိနေပါပြီလား၊ တကယ်ရော အဲဒီ ဥပဒေ၊ နည်းဥပဒေတွေက သက်‌ရောက်မှုရှိပါရဲ့လား။

အောင်မျိုးထွန်းကျော်
Credit : PaukPhaw
အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး (၁)
အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး (၂)