Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

ခဏႀကီးမဟုတ္ပါဘူး၊ ခဏေလးပါ


ဦးသိန်းစိန်အစိုးရသစ် တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းက လူတိုင်းကမေးကြတယ်။ သတင်းမီ ဒီယာသမားများကလည်း မေးကြတယ်။ အထူးသဖြင့် ပြည်ပမီဒီယာတွေ က ပိုမေးကြတယ်။ 

မူကိုင်စွဲသူဖြစ်လို့
ကိုယ်တိုင်က ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ မေးသမျှဖြေပါတယ်။ မူတစ်ခု အခိုင်အမာ ကိုင်စွဲရပ်တည်တဲ့ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သိချင်ကြတဲ့သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့ မူအတိုင်းပဲရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ် ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။ နိုင်ငံရေးသမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့ စာဖတ်ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။ 

ခေါင်းမာသူ

သတိပေးသူတွေကို ကျေးဇူးတင်ပေမယ့် မူနဲ့ပတ်သက်ရင်တော့ နည်းနည်းမှအထိမခံဘူး။ ဒါကြောင့် လူ အတော်များများက 'ခေါင်းမာသူ' လို့ သတ်မှတ်ကြတယ်။ တကယ်တော့ ခေါင်းမာတာ မဟုတ်ဘူး။ ရော ယိမ်းလိုက် ဘသားယိမ်းလိုက် မလုပ်တာပါ။ အစိုးရက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာလိုက်ချိန်က စပြီး ဖြည်းဖြည်းချင်း လျော့ချသွားတာပေါ့တို့ ၊ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့တို့ ဆိုတဲ့အသံတွေ ကျယ်လောင်လာခဲ့တယ်။ နောက်တော့ အားလုံး ယိမ်းဝင်ကကြတယ်။ အဲဒီအချိန်မှာ'ယိမ်းကတဲ့ထဲ ၀င်မပါဘူး'ဆိုတဲ့ ခေါင်းစဉ်နဲ့ အတိအလင်း ရေးခဲ့တယ်။တကယ်လည်း ဘာမှမရေးခဲ့ဘူး။ ကိုယ့်မူအတိုင်း ရပ်ခဲ့တယ်။ 

သတင်းသမားမူနဲ့ နိုင်ငံရေးသမားမူ
သတင်းသမားရဲ့မူက နိုင်ငံရေး သမားရဲ့ မူနဲ့ မတူဘူး။ နိုင်ငံရေးသမားရဲ့ မူဆိုတာက သူ့ပါတီက ချမှတ်ပေး တာဖြစ်တယ်။ ပါတီကို အမြဲနာခံရတယ်။ ပါတီကဖြူရင် လိုက်ဖြူရပြီး ပါတီကမည်းရင် လိုက်မည်းရတယ်။ မလိုက်နာနိုင်ရင် ပါတီက ထွက်ပြီး အပြင်မှာ ကိုယ့်သဘောနဲ့ကိုယ်လုပ် နိုင်တယ်။ ပါတီထဲမှာရှိနေသမျှ ပါတီကို နာခံရတယ်။ ဒါနိုင်ငံရေးပါတီတိုင်း ချမှတ်ထားရမြဲ စည်းကမ်းဖြစ်တယ်။ ဒီလိုစည်းကမ်း မျိုးမရှိရင် ပါတီပျက်မှာပဲ။ တစ်ယောက်တစ်မျိုး ထင်ရာတွေလုပ် ကုန်ကြမှာပေါ့။ 

အတွင်းစိတ်က သတ်မှတ်တာ
သတင်းသမားမူဆိုတာက ပါတီအဖွဲ့အစည်းတစ်ခုက ချမှတ်တာမဟုတ်ဘူး။ ဘယ်ပြင်ပပုဂ္ဂိုလ်ကမှ ညွှန် ကြားတာလည်းမဟုတ်ဘူး။ သတင်းသမားကိုယ်တိုင်ရဲ့အတွင်း အဇ္ဈတ္တစိတ်ကလေးက သတ်မှတ်တာဖြစ် တယ်။ အဲဒီ အဇ္ဈတ္တစိတ်ကလေး (Conscience) ကပဲ သူ့ကို တည်ဆောက်ပေးတယ်။ သူ့အတွက် အမှား အမှန် အကောင်းအဆိုးကို ညွှန်ပြပေးတယ်။ လောကလူသားမှန်သမျှ သူတို့ရဲ့ အဇ္ဈတ္တစိတ်ကလေးက ဖန် တီးပေးလိုက်တဲ့အတိုင်း လိုက်ပါလုပ် ဆောင်နေကြရတာ ဖြစ်တယ်။ 

ပြည်သူက ပြဋ္ဌာန်းပေးလိမ့်မယ်
သတင်းသမားဟာ သူ့အဇ္ဈတ္တ ကလွဲပြီး ဘယ်သူ့အမိန့်ကိုမှမနာခံဘူး။ ဘယ်သူ့ ညွှန်ကြားချက်ကိုမှ လည်း စောင့်ဆိုင်းနေစရာ မလိုဘူး။ သူ့အတွင်းစိတ်ကလေးက ဖန်တီးပေးတဲ့မူကို ကိုင်စွဲပြီး လုပ်စရာရှိတာ လုပ်ရတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတဲ့အချက်ကို သူ့ပြည်သူလူထုက ပြဋ္ဌာန်းသတ်မှတ်လိမ့် မယ်။ သတင်းသမားဟာ သူ့အဇ္ဈတ္တနဲ့ သူ့ပြည်သူလူထုကလွဲပြီး ဘယ်သူ့ကိုမှ  နာခံစရာမလိုဘူး။ ဘယ်သူ့ မျက်နှာမှလည်း ထောက်စရာမလိုဘူး။ ရေးစ ရာရှိရင် ရဲရဲရေးပြီးပြောဖို့ လိုအပ်ရင် ပြတ်ပြတ်သားသားပြော ရမယ်။ 

ဘယ်အာဏာရှင်မှမကြိုက်
သိချင်လို့ မေးလာကြသူအားလုံးကို ရှင်းရှင်းပြတ်ပြတ်ပဲ ဖြေပါမယ်။ အာဏာရှင်စနစ် မှန်သမျှ တစ်ပါတီ အာဏာရှင်စနစ်ကိုလည်း မထောက်ခံ ဘူး။ စစ်အာဏာရှင်စနစ်ကိုလည်း မထောက်ခံဘူး။ ကလိတိတိ၊ ရိတိ တိမေးချင်သူတွေကိုလည်း ဒီကနေ အတိအလင်းဖြေလိုက်ပါမယ်။ ကွန်မြူနစ်အာဏာရှင်စနစ်ကိုလည်း မကြိုက်ပါဘူး။ ဒါပေမဲ့ အောက်ခြေက ဆင်းရဲသားလူတန်းစားတွေသွေး စုပ်မခံရအောင် အကာအကွယ်ပေး တဲ့ ကားလမတ်စ်ရဲ့ အတွေးအခေါ် အယူအဆတွေကိုတော့ ဒီနေ့အထိ နှစ်နှစ်ကာကာ ယုံကြည်နေဆဲဖြစ် တယ်။ 

စောင့်ကြည့်ဆဲ
ကိုယ့်အဇ္ဈတ္တက ပြဋ္ဌာန်းပေးလိုက်တဲ့ မူအတိုင်း မြန်မာ့ဆိုရှယ်လစ် အစိုးရကို မထောက်ခံခဲ့သလို သူ့ကို ဆက်ခံတဲ့ အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက် ခံဘူးဆိုတာလည်း သတင်းမီဒီယာတွေကတစ်ဆင့် အတိအလင်းပြောခဲ့တယ်။ ဦးသိန်းစိန်အစိုးရကိုလည်း မထောက်ခံသေးဘူး။ စောင့်ကြည့်ဆဲ အဆင့်ပဲရှိသေးတယ်။ 

ပထမဆုံးမိန့်ခွန်း
သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်က ပထမဆုံးကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ က ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို လေးစားရမယ်။
ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွား မယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရအောင် အမြန်ဆုံးဆောင်ရွက်မယ်။ ဒီမိုကရေစီလိုလား သူအားလုံးနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ်စတဲ့ စကားများကို ပြောသွားခဲ့တယ်။ ဒီစကားတွေဟာ အပေါင်းလက္ခဏာဆောင်တယ်လို့ ချက်ချင်းစိတ်ထဲမှာ မှတ်သားထား လိုက်တယ်။ 

ကြိုဆိုကြောင်းရေးခဲ့ပြောခဲ့
အဲဒီနောက် ဆက်တိုက်ဆိုသလို ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတယ်။ မတူ တာတွေအသာထားပြီး တူတာတွေပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးကမ်းလှမ်းချက် ထုတ်ပြန်တယ်။ ပြည်ပရောက်သွားသူတွေ ပြန် လာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ အတိအလင်း ကြေညာတယ်။ ဒါတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့ပါ လက်တွဲဆောင်ရွက်နိုင်အောင် ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ သမ္မတကိုယ်တိုင်က ပြောကြားခဲ့တယ်။ ကိုယ်တိုင်က အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေး သူတွေထဲက တစ်ယောက်ဖြစ်လေတော့ ဒီစကားကို ကြိုဆိုတယ်။ ကြိုဆိုကြောင်း အတိအလင်း ရေးခဲ့ပြော ခဲ့တယ်။ 

တိုးတက်မှုလို့ ပြောနိုင်
အပေါင်းလက္ခဏာ ဆောင်ရုံမက တိုးတက်မှုလို့ပါပြောနိုင်တဲ့ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံမှုဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးရှေ့မှာ ခေါင်းဆောင်နှစ်ဦး ယှဉ်တွဲရပ်နေတဲ့ပုံကို ရုပ်မြင်သံ ကြားမှာ ဖျတ်ကနဲမြင်တွေ့လိုက်ရတော့ ပြည်သူတွေအားလုံး အံ့အား သင့်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြတယ်။ နောက်နေ့မနက်ထွက်တဲ့ သတင်းစာတွေရော၊ ဂျာနယ်တွေပါ ၀ယ်မရတဲ့အထိဖြစ်သွားတယ်။ ပြည် သူအားလုံး ၀မ်းသာကြိုဆိုကြတယ်။ 

အရှိကိုအရှိအတိုင်း
အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ဓာတ်ပုံတွေကို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာတယ်။ ဦးဝင်းတင်ရဲ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခွင့်ရလာလို့ လူတွေက အလုအယက် ၀ယ်ဖတ်ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေ ထည့်ခွင့်သာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆောင်းပါး ကို ဖော်ပြခွင့်ရလာတယ်။ ဒါတွေအားလုံးဟာ လွန်ခဲ့တဲ့ခြောက်လကျော် ကအိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေ ဖြစ်တယ်။ အပေါင်းလက္ခဏာ ဆောင်တာတွေချည်းဖြစ်တယ်။ သတင်းသမားဆိုတာ အရှိကိုအရှိ အတိုင်းတင်ပြရတယ်။ ဒါတွေဟာ လက်တွေ့မြင်တွေ့နေရတဲ့ အရှိတရားတွေဖြစ်ပြီး အကောင်းဘက်ကိုဦး တည်နေကြတယ်။ 

အနှုတ်လက္ခဏာဆောင်တာတွေ
အကောင်းဘက်ကို ဦးတည်နေတာဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက် ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာ ကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်း အမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံအမျိုးမျိုးနဲ့ 'အေးဓားပြ' တိုက် ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့ ကိစ္စတွေအတော်များများ ကျန်ရှိနေသေး တယ်။ 

အကဲခတ်ဆဲ
ဒီကိစ္စတွေကို အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ ဟာ ဒီအရေးကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ယူဆတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကဲခတ်နေကြပုံရတယ်။ အကဲခတ်ဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း အနှစ် နှစ်ဆယ်လုံးလုံး ဆန့်ကျင်ဘက်မှာ ရှိနေတဲ့သူတွေက ရုတ်တရက်ချက်ချင်းကြီး ပြောင်းလဲလာတယ် ဆိုတာ သံသယဖြစ်မှာပဲ။ ဒါ သဘာဝကျတယ်ဆို တာကို တစ်ဖက်က နားလည်ပေးသင့်တယ်။ အလားတူပဲ သမ္မတဦးသိန်းစိန်အစိုးရဟာ အရပ်သားအစိုးရအဖြစ် အသွင်သဏ္ဌာန်ပြောင်းလာပေမယ့် သူတို့ရဲ့ မူလ ဇစ်မြစ်က နှစ်ပေါင်း ငါးဆယ်လုံးလုံး အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရဆိုတာ သဘောပေါက်ထားကြရမယ်။ 

သံသယစိတ်နဲ့
ဦးသိန်းစိန်ကိုယ်တိုင်က အရင်အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ်တယ်။ စစ်တပ်များရဲ့ သဘောသဘာဝကိုလည်း နားလည်ထားကြဖို့ လိုတယ်။ စစ်တပ်ရဲ့ သဘာဝက လုံခြုံရေးကိုအဓိက ဦးစားပေးတယ်။ ဘယ်ကိစ္စမျိုးမဆို လုံခြုံရေး မျက်စိနဲ့ကြည့်တယ်။ ချဉ်းကပ်လာသူ မှန်သမျှကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်တယ်။ ရန်သူ ဖြစ်နေမလားဆိုတဲ့ သံသယစိတ်နဲ့ စစ်ဆေးစမ်းသပ်တယ်။ ရာနှုန်းပြည့် စိတ်ချရမှ သူတို့နား အကပ်ခံတယ်။ ဒါသူတို့ရဲ့ သဘာဝပဲ။ စစ်မြေပြင်မှာ ဒီလိုမလုပ်ရင် ချေမှုန်းခံရမှာဖြစ် တယ်။ စစ်တပ်က ပြည်သူတွေကြားထဲ ၀င်ရောက်နေထိုင်ပြီး ပြည်သူတွေရဲ့အရေးကို ဆောင်ရွက်ရာမှာ စစ်မြေပြင်မှာ ကျင့်သုံးသလို ကျင့်သုံးလို့မရဘူးဆိုတာ အခုမှ နားလည်စပြုလာချိန်ဖြစ်တယ်။ 

ထိလွယ် ရှလွယ်
ဒီလိုနားလည်စပြုလာတာကို ကြိုဆိုပြီး ပိုနားလည်လာအောင် ပြည်သူလူထုက ကူညီရမှာဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွးမှုကို အချိန်နည်းနည်းယူပြီး စောင့်ကြည့်ရမယ်။ ခုအချိန်ဟာ အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ ထိလွယ်ရှလွယ် အခြေအနေဖြစ်တယ်။ အကောင်းဘက် ကို ရောက်သွားနိုင်သလို ရုတ်တရက်ချက်ချင်း အဆိုးဘက်ရောက်ပြီး ဒုံရင်းပြန်ဖြစ်သွားနိုင်တယ်။ နှစ်ဖက် စလုံးက ခြေလှမ်း မမှားအောင် သတိကြီးစွာထား ပြီးဆောင်ရွက်ကြဖို့လိုတယ်။ ဒုံရင်းပြန်ရောက်သွားရင် ထိခိုက်နစ်နာမှာက ပြည်သူတွေဖြစ်တယ်။ 

ခဏစောင့်ကြည့်
ဒုံရင်းပြန်မရောက်အောင် တားနိုင်တာလည်း ပြည်သူတွေဖြစ်တယ်။ ဒီမိုကရေစီစနစ်ကြီး အောင်မြင်အောင် တည်ဆောက်နိုင်တာကလည်း ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေရဲ့ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော် ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့က ကြိုးစားနေကြတာဖြစ်တယ်။ သူတို့နှစ်ယောက် အခုမှ တစ်ကြိမ်ပဲ တွေ့ရသေးတယ်။ တစ်ကြိမ်တွေ့ရုံနဲ့ 'ဟပ်ချလောင်း'ဆိုပြီး ချက်ချင်းပြောင်းမသွားနိုင်ဘူးဆိုတာ နားလည် ပေးသင့်တယ်။ သူတို့ကို အချိန် နည်းနည်း ပေးသင့်တယ်။ ခဏလေး စောင့်ကြည့်သင့်တယ်။ 

ခဏကြီး၊ ခဏလေး
ခဏလေးဆိုတာက နှစ်ငါးဆယ်ကြာတဲ့ ခဏကြီးကိုပြောတာမဟုတ်ပါဘူး။ ခဏကြီးကတော့ ရှည်ကြာ လွန်းပြီး ခါးသီးလှပါတယ်။ ရှေ့တိုးမလား၊ နောက်ဆုတ်မလား၊ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာကို 'စံနှစ်ခု' နဲ့ ချိန်ထိုးကြည့်နိုင်တယ်။ (၁) ထောင်ထဲကလူတွေ လွှတ်၊ မလွှတ်ဆိုတဲ့ စံ။ (၂)တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတဲ့ စံ။ 

နှစ်ချက်စလုံးဆောင်ရွက်ဆဲ
ဒီစံနှစ်ခုအနက် ပထမအချက် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်က ထောက်ခံထားပြီးဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်များကပါ ထောက်ခံတယ်။ တပ်မတော်သားဆိုတာ အထက်အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်နာရတာဖြစ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်က ထောက်ခံတယ်ဆိုတာ ဟာ တပ်မတော်တစ်ခုလုံးက ထောက်ခံတယ်လို့ပဲ မှတ်ယူနိုင်တယ်။ ဒုတိယအချက် ငြိမ်းချမ်းရေးစံလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်။ 

နည်းနည်းအချိန်ပေးပါ
ဒီအချက် နှစ်ချက်လုပ်၊ မလုပ် မကြာမီမှာပဲ အဖြေသိရမယ်လို့ ယူဆတယ်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဒီအချက်နှစ်ချက်စလုံးကို ငြင်းပယ်မယ်ဆိုရင်တော့ ပြည်သူတွေက ကောင်းကောင်းကြီး ဒဏ်ခတ်မှာ သေ ချာပါတယ်။ ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက် ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ် ပါဘူး။ ခဏလေးပါ။
လူထုစိန်ဝင်း Eleven Media


ရူးသွပ်သူ တစ်ယောက်ရဲ့ အော်ဂနိုက်ဇ် ဆိုတာ

အတွေးအခေါ် ၊ အယူအဆ၊ ဉာဏ်ပညာ ပိုင်းမှာ ဂျာမဏီ နိုင်ငံဟာ ဘယ်တော့မှ နောက်ကျန် မနေခဲ့တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ဂျာမဏီ နိုင်ငံဟာ အသိဉာဏ် ပညာ ကြွယ်ဝဆုံး တိုင်းပြည်တွေထဲက တိုင်းပြည်တစ်ခုပဲ။ အီမန်နျူဝယ်ကန့်၊ ဟေဂယ်လ်၊ ဖျူးဘတ်ခ်၊ ကားလ်မာ့စ်၊ ဆစ်ဂမန် ဖရွိုက်၊ မာတင် ဟိုက်ဒဂါ တို့လို ထင်ရှားကျော်ကြားတဲ့ ဒဿနိက ဗေဒ ပညာရှင်တွေ၊ စိတ်ပညာရှင်တွေ အများအပြား ပေါ်ထွန်းခဲ့ရာ နိုင်ငံ တစ်ခုပါ။ ဒီလို နိုင်ငံကြီး တစ်နိုင်ငံမှာ ဒီလို အသိဉာဏ် ကြွယ်ဝတဲ့ ပညာရှင်၊ ပညာတတ်ကြီး တွေကို စုရုံး နိုင်၊ ညွှန်ကြားနိုင်ခဲ့ပြီး သူ့နောက်ကို တစ်ကောက်ကောက် လိုက်ဖို့ ၊ သူ့နောက်က တစ်ကောက်ကောက် ပါနေဖို့ ဦးဆောင်နိုင်ခဲ့သူဟာ တတိယတန်းစား ပညာမတတ်သူ တစ်ယောက် ဖြစ်နေခဲ့တယ် ဆိုရင် အံ့ဩစရာ မကောင်းပေဘူးလား။ သူဟာ အဒေါ့ဖ် ဟစ်တလာပါပဲ။

အဲ့ဒါဟာ ထင်ရှားတဲ့ သမိုင်း ဖြစ်ရပ်ပါ။ ဒါပေမယ့် အခု လက်ရှိ တစ်ချို့ လူ့အဖွဲ့အစည်းတွေဟာ ဒီသမိုင်းကနေ ဘယ်သင်ခန်းစာမှ ယူခဲ့ပုံ မရဘူး။ ခင်ဗျား ဒါကို မသင်ယူထားဘူး၊ သင်ခန်းစာ မရထားဘူး ဆိုရင် ဟစ်တလာလို သမိုင်းဟာ တပါတ် ပြန်လည် လာလိမ့်မယ်။

မာတင် ဟိုက်ဒဂါဟာ ဒီရာစုနှစ်ရဲ့ အထင်ရှား အထူးခြားဆုံး ဒဿန ပညာရှင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။ အဒေါ့ဖ် ဟစ်တလာနဲ့ ခေတ်ပြိုင်။ သူက အဒေါ့ဖ် ဟစ်တလာကို ထောက်ခံခဲ့တဲ့သူလည်း ဖြစ်တယ်။ ချွင်းခြက်မရှိ ထောက်ခံ အားပေးခဲ့တယ်။ သူတင်လား ဆိုတော့ မဟုတ်သေးဘူး။ အဲ့ဒီ အချိန် အဲ့ဒီ အခါက လူငယ်ထု တစ်ရပ်လုံးပဲ။ လူငယ်၊ ကျောင်းသား၊ ပညာတတ်၊ တက္ကသိုလ်ပရဝုဏ် အတွင်းက ဆရာ့ဆရာတွေ ၊ ပါမောက္ခတွေ။ သူတို့တွေလည်း အဒေါ့ဖ် ဟစ်တလာကို တစ်ခဲနက် ထောက်ခံခဲ့ကြတယ်။ တကယ်တမ်းတော့ အဒေါ့ဖ် ဟစ်တလာဟာ ပညာမသင်ကြားခဲ့ရသူပါ။ အနုပညာ ပန်းချီသင်တန်းကျောင်းကလည်း ငြင်းပယ်ခဲ့တဲ့သူ၊ အနုသုခုမ ကျောင်းကလည်း လက်မခံခဲ့တဲ့သူ။ ဘာလို့ လက်မခံခဲ့သလဲ မေးရင် သူ့မှာ ဘယ်အသိဉာဏ်မှ မရှိလို့ပဲ။

ဒီလူဟာ ကမ္ဘာမှာ အသိဉာဏ်အကြွယ်ဝဆုံး တိုင်းပြည်ကြီး ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ အကြမ်းတမ်း အရက်စက်ဆုံး ဖက်ဆစ်စနစ်ကို ဖန်တီးခဲ့တယ်။ လူ ဆယ် သန်းကျော် သူ့ကြောင့် သေဆုံးရတဲ့တိုင်အောင်လူတွေဟာ သူ့ကို ထောက်ခံအားပေး နေဆဲပဲ။ အဲ့ဒါ ဘာဖြစ်လို့ပါလဲ။ လူတွေရဲ့ စိတ်ကို စိစစ်ကြည့်သင့်မယ် ထင်ပါတယ်။
ဘယ်အကြောင်းကြောင့် ဒီလို ဖြစ်ခဲ့ပါသလဲ။ အကြောင်း ကတော့ -
ဂျာမဏီဟာ ပထမ ကမ္ဘာစစ်မှာ စစ်ရှုံးသွားတယ်။ အသိ ဉာဏ်ကြွယ်ဝသူတွေ၊ ပညာရှင်တွေဟာ သူတို့ကိုယ် သူတို့ သိမ်ငယ်သလို ခံစားလိုက် ရတယ်။ အနိုင်ပြန်တိုက်ယူချင် တယ်။
သူတို့ ဆွေးနွေးတယ်။ ဆင်ခြင်တယ်။ တွေးခေါ်မြော်မြင် ကြည့်ကြတယ်။

သူတို့ အတွေးအခေါ်တွေ ၊ ဉာဏ်ပညာ တွေနဲ့သာ အလုပ်လုပ် နေပါတယ်။ အဲ့ဒီအတွက် ရုပ်ပိုင်းဆိုင်ရာ မှာ ဘာမှအသက်မဝင်လာခဲ့ဘူး။ အတ္တဝါဒီတွေဖြစ် လာခဲ့တယ်လို့ပဲ ခေါ်မလား၊ သူတို့ကိုယ်စီရဲ့ အတွင်း ပိုင်းဘဝဟာ သိုဝှက်နေတယ်။
ပထမကမ္ဘာစစ်ကြီးမှာ ရှုံးနိမ့်ပြီးသွားတဲ့ နောက်ပိုင်း ဂျာမဏီဟာ အုတ်အော်သောင်းနင်း ဗြောင်းဆန် နေ ပါတယ်။ ရှုတ်ယှက် ခတ်နေတယ်။ အဲ့ဒီ အရှုပ်တွေ ကပဲ အဒေါ့ဟစ်တလာကို မွေးဖွားပေး လိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူ ဂတိတွေ အခိုင်အမာ ပေးတယ်။ အဲ့ဂတိတွေ အတိုင်း အခိုင်အမာ ဖြစ်အောင် လုပ်တယ်။ “ကျုပ်တို့ တိုင်းပြည်ကြီး ပြန်ညီညွတ်ရမယ်။ ကျုပ်တို့ တိုင်းပြည်ကြီး ပြန်ခိုင်မာရမယ်။ ကမ္ဘာကို ချုပ်ကိုင် ချယ်လှယ်နိုင်ရမယ်။” ဒီဂတိတွေပဲ ဖြစ်ပါတယ်။

အဲ့ဒီ ဂတိတွေကို သူ ဘာလို့ ပေးပါသလဲ။ အဖြေက - ရူးနေလို့ပါ။ ပညာဉာဏ် မသွင်းထားတဲ့ သူ့ရဲ့ စိတ်သန္တာန်မှာ မုန်ယိုနေတဲ့ ဆန္ဒ၊ မုန်ယိုနေတဲ့ အတ္တလောဘ၊ ပိန်းပိတ်နေတဲ့ အာဏာတွေ ပြင်းပြင်း ထန်ထန် ရှိနေလို့။ ဒါပေမယ့် အဲ့ဒီ ရူးသွပ်နေတဲ့ ၊ အဓိပ္ပာယ် မရှိတဲ့ ဂတိတွေ ဟာ အဲ့ဒီ အချိန်က ပြင်းပြင်းထန်ထန် လိုအပ်နေတဲ့ အရာတွေ ဖြစ်ခဲ့ပါတယ်။ လူတွေ အလုပ်မလုပ်နိုင်ဘူး။ ဘာမှ တိုးတက်အောင် မကြံဆောင်နိုင်ကြဘူး။ တစ်ဦးတစ်ယောက်က တိုင်းပြည်ကို ဖြစ်တဲ့နည်းနဲ့ ဖန်တီးပေးဖို့ လိုအပ်တယ်။ အဲ့ဒီ ကွက်လပ် ကို ဟစ်တလာ ဝင်ဖြည့်လိုက်တာ ဖြစ်ပါတယ်။
 ဟစ်တလာ ဟာ ပထမ ငါးနှစ်တာမှာ အောင်မြင်ခဲ့တယ်။ ဘာဖြစ်လို့လဲ။ အာဏာနဲ့ ရူးသွပ်နေတဲ့၊ နာကျည်းမှုတွေ ဒေါသတွေနဲ့ မုန်ယိုနေတဲ့သူ့ ရဲ့ နောက်ကို အသိပညာရှင်တွေ၊ ဉာဏ်ကြီးပါတယ် ဆိုတဲ့သူတွေ တစ်ကောက်ကောက် လိုက်ပါ သွားကြလို့ ပါပဲ။ ဟစ်တလာရဲ့ ရူးသွပ်မှု ကို အတတ်ပညာ၊ အသိပညာရှင်တွေက ဝိုင်းဝန်း ပုံဖော် ပေး ကြတယ်။ ဟစ်တလာဟာ အသိပညာရှင် ဉာဏ်ပညာရှင်ကြီးတွေကို သူတို့ကိုယ်စီ ရဲ့ အတ္တတွေ အတွက် အလေးအမြတ် ပုံဖော်ခွင့်လေး ပေးလိုက်ရုံပါပဲ ။ အဲ့ဒါ သူ့ရဲ့ Organize စွမ်းရည်ပဲ။ သူပေးခဲ့တဲ့ ဂတိစကားတွေ လိုမျိုး အရင်က ဘယ်သူတွေ ဒီလိုလုပ်ပေးခဲ့ သလဲ။ “ နော့ဒစ် ဂျာမန် မျိုးနွယ်စုကြီး တစ်ခုလုံးဟာ မြင့်မြတ်ဖြူစင်တဲ့ အရိယန်မျိုးနွယ်ကြီး ဖြစ်ရမယ်။ ကမ္ဘာကို ချုပ်ကိုင်စိုးမိုး နိုင်စွမ်း ရှိရမယ်။ ကျုပ်တို့ ဂျာမန်တွေဟာ လူလွန်မသား ( Subhuman/ Superman ) တွေပဲ ဖြစ်တယ်။” ဒီစကားတွေဟာ ဟစ်တလာရဲ့ ဒေါနဲ့ မာန်နဲ့ တကိုယ်လုံး သိမ့်သိမ့်တုန်အောင် ပြောခဲ့တဲ့ စကားတွေပဲ။ သိမ်ငယ် လျော့လျဲ နေကြတဲ့ အသိပညာရှင်ကြီးများ အတွက် ဒီစကားတွေဟာ ဘယ်လောက် ကြည်နူး နှစ်သိမ့်စရာ ကောင်းလိုက်သလဲ။ အသိဉာဏ်ကြီးကြသူ တွေရဲ့ အတ္တတွေကို ဖရဏာပီတိ ဂွမ်းဆီထိစရာ ဘယ်လောက် ကောင်းပါသလဲ။ အဲ့လို အကြောင်းကြောင့် မာတင်ဟိုက်ဒဂါ လို လူမျိုးဟာ ဟစ်တလာရဲ့ ဖက်ဆစ် စနစ် ထောင်ချောက် ထဲ ကျရောက် သွားရ ပါတော့တယ်။

အဒေါ့ဖ် ဟစ်တလာ ရှုံးနိမ့်ပြီ၊ ဂျာမဏီပြည်ကြီး ပြန်လည် ပျက်ဆီးလု နီးနီး ဖြစ်ပြီ ဆိုတော့မှ လူတွေဟာ သူတို့ကိုယ် သူတို့ ပြန်အံအားသင့် ကုန်ကြတယ်။ သူတို့ ဘာလုပ်ခဲ့မိ ကြပါလိမ့်။ အိပ်မက်က ဖြတ်ခနဲ လန့်နိုးသွားကြတယ်။ ဒါပေမယ့် လူပေါင်း သန်းနဲ့ ချီပြီး သေဆုံးကုန်ကြပြီ။ စစ်ပွဲကြီးလည်း ဖြစ်နေပြီ။ အဲ့တော့မှ သူတို့ ထောက်ခံ အားပေးနေသူဟာ သတ္တဝါဆန်းကြီး ၊ လူသတ်ကောင်ကြီး ဖြစ်နေတာ တွေ့လိုက် ရတယ်။ ဟစ်တလာဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံး လူသတ်သမား တစ်ယောက် ဖြစ်နေခဲ့ပါတယ်။
အဲ့ဒါကို သုံးသပ်ကြည့်ရင် -
ခင်ဗျားဟာ ခင်ဗျား တာဝန်ကို ကိုယ်စား ယူပေးမယ့် လူတစ်ယောက်ကို တောင့်တတယ်။ အဲ့ဒီလူက တကယ် တာဝန်ယူနိုင်လား၊ မယူနိုင်လား ၊ သူက ယူနိုင်ပါတယ် ပြောနေဦးတော့ - သူပြောတဲ့ စကားတွေဟာ ဟုတ်သလား မဟုတ်သလား မတွေးတော့ဘူး။ ခင်ဗျား လိုချင်တာ ရပြီ ဆိုပြီး စွတ် ယုံလိုက်တယ်။ အဲ့ဒီနောက်တော့ ခင်ဗျား သူ့ဆီမှာ ကျွန်ခံ လိုက်တယ်။ ဆိုလိုတာကတော့ ခင်ဗျားတို့တွေဟာ Organize အရမ်း အလုပ်ခံ ချင် တယ်။ Organize လုပ်မယ့် သူတစ်ယောက် ပေါ်ပေါက်လာ ရင် လက်ခုပ်လက်ဝါးတီးပြီး ပါသွားတော့တာပဲ။ ခင်ဗျားတို့ ကျနော်တို့ လူမျိုးတွေ ဟာ Organize သာ များများလာလုပ်ပြီး ၊ များများ သာ မျှော်လင့်ချက်တွေ ဂတိစကားတွေ ပေးကြည့်ပါ၊ စဉ်းစား တွေးခေါ်မှုတွေ ဘေးချိတ်ပြီး စိတ်ရော ကိုယ်ပါ ကောက်ကောက်ပါအောင် လိုက်တော့တာ။

အဒေါ့ဖ်ဟစ်တလာဟာ အသိဉာဏ်ကြွယ်ဝပါတယ် ဆိုတဲ့ လူတွေကို စုရုံးပြီး ခေါင်းဆောင် တက်လုပ်နိုင် ခဲ့တာ ဟာ ဘာကြောင့်လဲ။ မာတင် ဟိုက်ဒေဂါလို ဉာဏ်ကြီးတဲ့သူ တစ်ယောက်ကို သူ့ကျွန်ဖြစ်အောင် လုပ်နိုင်ခဲ့တာဟာ ဘာကြောင့်လဲ။ ဂျာမဏီနိုင်ငံ တက္ကသိုလ်တွေက ကြီးမြတ်တဲ့ ပါမောက္ခကြီးတွေ ဟာ ဟစ်တလာ ကို ထောက်ခံခဲ့ကြတယ်။ ဘာကြောင့်လဲ။

တကယ်တော့ ဟစ်တလာဟာ ရူးသွပ်နေတဲ့သူ ၊ ပညာမတတ်တဲ့သူ၊ ဘာကိုမှ မတွေးခေါ်ထားတဲ့သူပဲ။ ဒါပေမယ့် သူ့မှာ ပါမောက္ခကြီးတွေ မရှိတဲ့ အရာ ရှိတယ်။ အသိဉာဏ်ပညာကြီးသူတွေ မပိုင်ဆိုင်ထားတဲ့ အရာတစ်ခု ရှိတယ်။ မာတင် ဟိုက်ဒဂါ မှာ လိုအပ်နေတဲ့အရာဟာ သူ့မှာ ရှိတယ်။ အဲ့ဒါကတော့ သူ့ရဲ့ လုံးဝ အပြည့်အစုံ ရူးသွပ်နေမှုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရူးသွပ်မှုကြောင့် သူ့စကားတွေမှာ “ဒါပေမယ့်” ဆိုတာတွေ မရှိဘူး။ “ဒါသာ မဖြစ်ခဲ့ရင်” ဆိုတာ မရှိဘူး။ သူ့စကားမှာ သူမြင်နေတဲ့ ထင်နေတဲ့ အရာသာ အတိအကျ ရှိတယ်။ သူ့စကားတွေကို ပြန်ကြည့်ကြည့်ပါ။ သူ့စကားတွေဟာ ဘယ်လောက်ထိ ပေါ့သွမ်းနေ သလဲ မြင်ရမယ်။ ဘယ်လောက်ထိ အဆင်ခြင်ဉာဏ်မဲ့ ပြောခဲ့သလဲ။ ဘယ်လောက်ထိ ရူးသွပ်ခဲ့ ပါသလဲ တွေ့ရမယ်။ မဖြစ်နိုင်တာကို - ဖြစ်ရမယ်လို့ တိတိကျကျ ပြောတယ်။ မဖြစ်သင့်တာကို “ဖြစ်ကို ဖြစ်ရမယ်” လို့ ခိုင်ခိုင်မာမာ ပြောတယ်။
အဲ့ဒီ အချိန်က ဉာဏ်ပညာကြီးသူတွေအတွက် ဒီလို ခိုင်ခိုင်မာမာ ရူးသွပ်တဲ့ Organize စကားတွေဟာ အလိုချင်ဆုံး စကားတွေ ဖြစ် ခဲ့ပါတယ်။ ဘယ်လောက်ပဲ ဉာဏ်ကြီးတဲ့သူ ဖြစ်နေပါစေ၊ Orga nize တော့ အလုပ်ခံချင်နေကြတယ်။ Organize လုပ်တတ်တဲ့ စွမ်းရည်ကို အံ့ဩဘနန်း ဖြစ်ကြတယ်။ အဲ့ဒီ Organize ဟာ ရူးသွပ်နေသလား၊ ကောင်းမြတ်သလား မခွဲခြားနိုင်တော့ဘူး။ မသိချင်တော့ဘူး။ 
Organize သာ လုပ်ပါ။ နောက်က တစ်ကောက်ကောက်လိုက်ပြီး သားပဲဆိုတာမျိုး ခင်ဗျားတို့သန္တာန်မှာ ရှိနေကြတယ်။ ရူးသွပ်သူ တစ်ယောက်ရဲ့ Organize လုပ်တာမျိုးနဲ့ တွေ့ရပြီဆိုရင်တော့ ....

+++++++++++++++++++++++++++++++++
Organize လုပ်တတ်တာကို တန်ဖိုးတကြီးထားကြတဲ့ အဖွဲ့အစည်းတွေရှိတယ်။ Organize လုပ်တာ အရေးပါပါတယ်။ ဒါပေမယ့် တလွဲအရေးပါသွားရင် လွဲမှားသွားမှာပဲ ဆိုတဲ့အကြောင်း စကားပြောဆို ရင်း ရေးဖြစ်လိုက်တယ်။
+++++++++++++++++++++++++++++++++
http://zayyablogger.blogspot.com/
http://zayya.wordpress.com/
http://zayya.blog.com/

နိုင်ငံ့ဝန်ထမ်းများနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်

ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ၀န်ထမ်းတိုင်း သူတို့ရဲ့ ၀တ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ၀န်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ် ထင်လို့ ထောက်ပြ လိုက်ရပါတယ်။
လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ်ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီနိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။
စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ
သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခုဖြစ်ပြီဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက
သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့်  တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တစ်ကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး ''ဂိုဘယ်''ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။
ဟောရောရှိနဲ့ ဘန်ဇိုင်း
အာရှတိုက်က ဂျပန်ဖက်ဆစ်တွေလည်း အလားတူ အသံလွှင့်ဝါဒဖြန့် လုပ်ငန်းကို ကောင်းကောင်းကြီး အသုံးချခဲ့တာပါပဲ။ ''အာရှတိုက် သာတူညီမျှရေး'' နဲ့ ''မဟာအာရှ ထူထောင်ရေး''ဆိုတဲ့ တိုကျို အသံလွှင့်ဌာနရဲ့ ၀ါဒဖြန့်ချိရေး မှိုင်းလုံးကြီးတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ကြတဲ့ အာရှနိုင်ငံအားလုံး အပေါ်မှာ အများကြီး ရိုက်ခတ်ခဲ့တယ်။ကျွန်တော်တို့ဆီမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့သလဲ ဆိုရင် ပါးရိုက်နားရိုက် အလုပ်ခံနေရတဲ့ကြားကတောင် လက်သီးဆုပ်ကို ဆန့်တန်းပြီး ''နီပွန်ဘိရုမာ ဘန်ဇိုင်း၊ ဘန်ဇိုင်း''လို့ အော်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဂျပန်စကား မတတ်ပေမယ့် မြန်မာလူမျိုးတိုင်း ''ယောရောရှိ'' နဲ့ ''ဘန်ဇိုင်း''တော့ ကောင်းကောင်း ပြောတတ်နေကြတယ်။
ဝန်ကြီးနဲ့ တန်းတူ
စစ်အေးကာလ တစ်လျှောက်လုံးမှာလည်း အရှေ့ဥရောပ နိုင်ငံအားလုံးမှာ သတင်းမီဒီယာလုပ်ငန်းကို ကောင်းကောင်း အသုံးချခဲ့တယ်။ ပရာဗဒါလိုတပ်စ်လို သတင်းစာနဲ့ သတင်းဌာနကြီးတွေရဲ့ အယ်ဒီတာချုပ်တွေဟာ ၀န်ကြီးတွေလောက်နီးပါး အာဏာ ရှိခဲ့ကြတယ်။ နိုင်ငံခြားကို စေလွှတ်တဲ့ သတင်းထောက်တွေ ဆိုရင်လည်း သံအမတ်ကြီးတွေနဲ့ တန်းတူလောက် သဘောထားကြတယ်။ တချို့ သတင်းထောက်တွေဆို သံအမတ်ကြီးတွေထက်တောင် သြဇာ ရှိကြတယ်။ စိတ်ချရတဲ့ လက်ရွေးစင်တွေကို မှရွေးပြီး နိုင်ငံခြားသတင်းထောက်အဖြစ် စေလွှတ်တာဖြစ်တယ်။ အဲဒါကြောင့် ဒီလူတွေ ဟာ တော်လည်းတော်ကြတယ်။ နှမြောစရာကောင်းတာက လူတော်တွေရဲ့ အရည်အချင်းတွေ လုပ်ရည်ကိုင်ရည်တွေဟာ ပြည်သူလူထု အတွက် ဖြစ်ရမယ့်အစား သူတို့ပါတီရဲ့ အကျိုးစီးပွား အတွက် သက်သက် အဟောသိကံ ဖြစ်ပြီး ဆုံးရှုံးသွားရတာပဲ။
ပည်သူလူထုမှတစ်ပါး
ဒီမိုကရေစီ နိုင်ငံတွေက သတင်းစာဆရာ စစ်စစ်တွေကတော့ သူတို့ကို သတင်းစာဆရာအဖြစ် သတ်မှတ်လေ့ မရှိကြဘူး။ ၀ါဒါဖြန့်ချိရေး အရာရှိတွေလို့ပဲ သဘောထားကြတယ်။ သတင်းသမား ဆိုတာ ပြည်သူလူထုမှ တစ်ပါး ဘယ်သူ့သစ္စာခံမှ မဖြစ်ရဘူး ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သိပ်အလေးထားကြတယ်။ သတင်းသမားစစ်စစ်ဟာ ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူး။ အစိုးရရဲ့ မျက်နှာကို မကြည့်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ မျက်နှာကိုလည်း မကြည့်ရဘူး။ ဘယ်သူ့ အထောက်အပံ့ကိုမှလည်း မခံယူရဘူး။ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ပါတီ တစ်ဖွဲ့တစ်စည်းရဲ့ အထောက်အပံ့ကို ရယူ လက်ခံမိရင် ဘယ်နည်းနဲ့မှ ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား မဖြစ်နိုင်တော့ဘူး။ ထောက်ပံ့ ကူညီတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့ မျက်နှာကို ငဲ့ကြည့်ရတော့မှာ အသေအချာ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြတယ်။
တန်ဖိုးထားလေးစား
ဒီလို ကျင့်ဝတ်တွေကို လိုက်နာ စောင့်ထိန်းတဲ့ သတင်းမီဒီယာတွေ ဆိုရင် စာဖတ်ပရိသတ် ပြည်သူလူထုကသာ မဟုတ်ဘူး အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကလည်း တန်ဖိုးထား လေးစားကြတယ်။ ထိုက်တန်တဲ့နေရာကိုပေးကြတယ်။ ရှေးက နယူး ယောက်တိုင်း၊ ဝါရှင်တန်ပို့စ်တို့လို သတင်းစာတွေနဲ့ တိုင်းမ်မဂ္ဂဇင်းလို သတင်းမဂ္ဂဇင်းကြီးတွေက အယ်ဒီတာတွေ သတင်းထောက်တွေ မော်စကို သွားရင် ကရင်မလင်က ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က လက်ခံ တွေ့ဆုံလေ့ ရှိတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က ကျင်းပတဲ့ အလုပ်သမား ညီလာခံ တောင်သူလယ်သမားညီလာခံ ဆိုတဲ့ ညီလာခံကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းလို၊ ဆရာဇ၀နလို၊ ဆရာလူထုဦးလှလို အယ်ဒီတာကြီးတွေကို ရှေ့ဆုံးတန်း ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးပြီး ထိုင်စေတာ ဖြစ်တယ်။
သီလ၊ သမာဓိ၊ သိက္ခာရှိရှိ
အခု အစိုးရ လက်ထက်မှာလည်း သမ္မတသစ် ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းမှာတောင် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါပုံကို အသိအမှတ်ပြု တန်ဖိုးထားပြီး ပြောကြားသွားခဲ့တယ်။ နောက်ပြောကြားတဲ့ မိန့်ခွန်းတိုင်းမှာလည်း စတုတ္ထမဏ္ဍိုင် အကြောင်း အမြဲလိုလို ပါခဲ့တယ်။ အစိုးရကိုယ်တိုင်က အခုလို အလေးအနက်ထား ပြောကြားနေချိန်မှာ သတင်းမီဒီယာသမားများ ဘက်ကလည်း သီလ၊ သမာဓိ၊ သိက္ခာရှိရှိနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီးတွေလို သတင်းသမား ဒီနေ့ ဘယ်နှယောက်များ ရှိသလဲသို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ကြဖို့ လိုတယ်။ အနာပေါ်တုတ်ကျ ဖြစ်ကြရင်လည်း မတတ်နိုင်ဘူး။ မှန်တဲ့အတိုင်း ပြောရမယ် ဆိုရင် လက်ချိုး ရေကြည့်တဲ့အခါမှာ လက်တစ်ဖက်တောင် ပြည့်အောင် မရှိပါဘူးလို့ပဲ ပြောလိုက်ပါရစေ။
ဒါလောက်မညံ့ဘူး
အစိုးရက အသိအမှတ်ပြု နေရာပေးတယ် ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်အောင်တော့ ကြိုးစားရမှာ ဖြစ်တယ်။ အစိုးရ လုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့ သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီနေ့ အစိုးရက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ကောင်းတယ်။ ဒါကြောင့် ကောင်းတယ်လို့ ပြောရဲရမယ် ရေးရဲရမယ်။ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်ကြီးတွေ ကိစ္စကို ပြန်လည် သုံးသပ်လေ့လာနေပါတယ်လို့ ပြောတာ ကောင်းတယ်။ ကောင်းတယ်လို့ ထောက်ခံရဲရမယ်။ သမ္မတဦးသိန်း စိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာဟာ အင်မတန် ကောင်းတယ်။ ထောက်ခံကြိုဆိုရမယ်။ အထူးသဖြင့် ဗိုလ်ချုပ်ဓာတ်ပုံ ချိန်ဆွဲထားတဲ့ နေရာမှာ ဓာတ်ပုံတွဲ ရိုက်ပြီး တိုင်းပြည်က သိအောင်ပြလိုက်တာဟာ အစိုးရအနေနဲ့ ချစ်ကြည်ရင်းနှီးလိုစိတ် ရှိကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ၀မ်းသာအားရ ကြိုဆို ထောက်ခံရမယ်။
မကြောက်မရွံ့ထောက်ပြ
အလားတူပဲ မသင့်လျော်ဘူးလို့ ထင်မြင် ယူဆစရာများ ရှိရင်လည်း မကြောက်မရွံ့ ထောက်ပြရမှာ ဖြစ်တယ်။ ဥပမာ စက်မှု(၁)က မော်တော်ကားရောင်းတဲ့ကိစ္စမျိုး ဆိုပါတော့။ လောလောဆယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရောင်းပေးတယ်။ နောက်ကျရင် တတ်သိ ပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမားတွေကို ရောင်းပေးမယ် ဆိုတဲ့ ကိစ္စမျိုးဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ အခွင့်ထူးခံ လူတန်းစား မရှိစေရဘူး ဆိုတဲ့ သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ဆန့်ကျင်နေတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့လည်း ဖီလာ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားဆိုတာ လုံးဝ မရှိရဘူး။ စာရေးဆရာမို့ စာနယ်ဇင်းသမားမို့ သာမန် ပြည်သူတွေထက် ပိုပြီး အခွင့်အရေး မယူသင့်ဘူး ဆိုတာကို ထောက်ပြရမယ်။
ဘယ်မှမသွားသူတွေ ပြန်လာစေသင့်
ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ အားလုံးကို ရှင်းလင်း ဖယ်ရှားပစ်နေချိန်မှာ မီဒီယာကော်နာဆိုတဲ့ ဆိုင်ကြီးတွေက ထီးထီး ကျန်ရှိနေတာက မတင့်တယ်ဘူး။ အခွင့်ထူးခံတွေလို ဖြစ်နေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်သွားသူတွေကို ပြန်လာခွင့် ပြုမယ်လို့ ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ် ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာ ဆိုတာကိုလည်း ရေးရဲရမယ်။
ဝန်ထမ်းကြီးငယ်များပါ
နောက်ဆုံး ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသားခွင့် ဆိုတာက ရိုးရိုး အရပ်သူ၊ အရပ်သားများသာ ခံစားခွင့်ရှိတာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေထဲမှာ ပါဝင်နေတဲ့ အရာထမ်း အမှုထမ်းတွေမှာလည်း ခံစားခွင့်ရှိကြောင်း ဝန်ထမ်းကြီး ဝန်ထမ်းငယ် အားလုံး သိရှိအောင် လုပ်ပေးဖို့ လိုကြောင်း ထောက်ပြသင့်တယ်။ ရပ်ကွက်တစ်ခုမှာ လူသတ်မှု၊ ဒါမှမဟုတ် လုယက်မှု ဖြစ်တယ် ဆိုရင် ရပ်ကွက်မှာ တာဝန်ယူထားရတဲ့ ရဲစခန်းကို သတင်းထောက်က သွားမေးလိမ့်မယ်။ အဲဒီအခါ ရဲစခန်းက တာဝန်ရှိသူ ဘယ်သူမဆို ဖြစ်စဉ်အတိုင်း ဒါမှမဟုတ် ''ပထမ သတင်းပေး တိုင်ကြားချက် (FIR) မှာ ရေးမှတ်ထားတဲ့အတိုင်း ပြောခွင့်ပေးထားလိုက်ရင် အထက်ဆင့်တွေထိ မလိုအပ်ဘဲ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့။
အလေ့အကျင့်လုပ်
အလားတူပဲ ရပ်ကွက်ထဲက မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာ မီးသတ်ဌာနက တာဝန်ရှိသူက ဖြေလိုက်ပေါ့။ ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ၀န်ထမ်းတိုင်း သူတို့ရဲ့ ၀တ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ၀န်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ် ထင်လို့ ထောက်ပြ လိုက်ရပါတယ်။
လူထုစိန်ဝင်း Eleven Media Group

ကြံ့ခိုင်တဲ့ သတင်းစာပညာ



မေး။ ။ကြံ့ခိုင်တဲ့ သတင်းစာပညာ ဆိုတာ ဘာကို ဆိုလိုတာ ပါလဲ။ သတင်းစာ ပညာ၊ သတင်းစာ လောကဟာ အပြုသဘောဆောင် သတင်းတွေနဲ့ ချည်းသာ မှီတွယ် ရပ်တည်နိုင် ပါသလား။ သတင်း မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အမြင်ကို ပြောစေချင်ပါတယ်။


အိုရှိုး။ ။Healthy Journalism လို့ ကျနော် ပြောတာက - သတင်းစာ ပညာဟာ လူရဲ့ ပုဂ္ဂလိက ဆိုင်ရာ တစ်ခုလုံးကို အလုပ်အကျွေးပြုတယ် လို့ ဆိုချင်တာပါ။ လူတစ်ယောက်ရဲ့ ကိုယ်၊ စိတ်၊ တွေးခေါ်မှု သဘောထား ဒါတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ သတင်းစာပညာဟာ ဖွံ့ဖြိုး တိုးတက် လာမယ့် လူဘောင်အဖွဲ့အစည်းကို ဖန်တီးတယ်။ ဘာတွေဖြစ်နေတယ်လို့ ဖော်ပြပေးရုံသက်သက်၊ Report တင်ပြီး ခင်းပြရုံ သက်သက်ဟာ သတင်းစာပညာ မဟုတ်ဘူး။ ဂျာနယ်လစ်ဇင် ဟာ သတင်းတွေ ဖော်ပြပေးမယ့် သတင်းကြားခံနယ် သက်သက် မဖြစ်သင့်ဘူး။ ကြီးကျယ် တဲ့ စာပေ အဖြစ် တည်ရှိနေရမယ်။ ဒါကိုသာ ဖွံ့ဖြိုးတယ် လို့ ဆိုနိုင်ပါမယ်။


ပြီးခဲ့ပြီ၊ ကုန်လွန်သွားပြီ ဖြစ်တဲ့ မနေ့က သတင်းစာတစ်စောင်ဟာ ကနေ့အတွက် တန်ဖိုး တစ်စုံတစ်ခုတော့ ရှိနေရမယ်။ ဒီကနေ့ မှာလည်း ဖတ်နိုင် နေရပါဦးမယ်။ တခဏ သဘော ဆောင်ပြီး ကွယ်ပျောက်သွားမယ့် ဟာမျိုး မဖြစ်သင့်ဘူး လို့ ဆိုလိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ သတင်းကြားခံနယ် ( News Medium ) တစ်ခု သက်သက် ဆိုရင်တော့ တစ်ရက် ကုန်ဆုံး သွားတာနဲ့ အဲ့သတင်းတွေက အိုဟောင်း သွားမှာပဲ။ အသစ် အသစ် သတင်းတွေကို ခင်ဗျား လုပ်နေရဦးမှာပဲ။ အဲ့သတင်းတွေလဲ မကြာခင် ပြန်အိုဟောင်း သွားကြဦးမှာပဲ။ တကယ်က သတင်းဟာ အိုဟောင်းနေလဲ စွမ်းအား ရှိနေရပါမယ်။


ဂန္တဝင် စာပေတွေလိုမျိုး၊ ဥပမာ- ဒေါ့စတိုယက်စကီး၊ လီယို တော်စတွိုင်း၊ အန်တန် ချက်ကော့ဗ်၊ တူရကေညက်၊ ရာဘင်ဒြာ နတ်တဂိုး တို့စာတွေမျိုးတွေမှာ လူ့ဘောင် အဖွဲ့အစည်း တည်တံ့သရွေ့ အထင်ကရ ကျန်ရှိနေနိုင်ကြတယ်။ အချိန်မရွေး နုပျိုသစ်လွင်နေကြတယ်။ သတင်း မီဒီယာဟာ အဲ့သလို ဆိုရင်ကော---။


သတင်းစာ ပညာရဲ့ တစ်ထောင့်တစ်နေရာမှာ အဲ့အရည်အသွေး ရှိသင့်ပါတယ်။ အဲ့ဒီ အရည်အသွေးကို မျိုးစေ့ချပေးနိုင်ရမယ်။ သတင်းချည်း သက်သက် သီးသန့် အတွက် အခန်းကဏ္ဍကတော့ ရှိနေမှာပါပဲ- ဒါပေတဲ့ အဲ့ဒါက ဒုတိယအရေးပေး ပဲ ဖြစ်ပါတယ်။ ဒါဆို - ဒီနေရာမှာ သတင်းဖော်ပြချက်၊ Report တွေက ဘာတွေလဲ? အဲ့ဒါတွေ ဘယ်မှာသွားသုံးမလဲ? မေးကောင်း မေးမယ်။ ဆိုပါစို့ - လူတစ်ယောက် ပစ္စည်းအခိုးခံရတယ်၊ အဲ့ သတင်း Report ရဲ့ ပင်မ အချက်က ဘာလဲ? လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ၊ အဲ့သတင်း Report ရဲ့ ပင်မအချက်က ဘာလဲ? ဒါတွေကို မဖြေနိုင်ရင် ထပ်မေးပါလိမ့် ဦးမယ် - မလိုအပ်ဘဲ ထည့်ထားတာ လား? မလိုအပ်တာတွေ နဲ့ ခင်ဗျားရဲ့ သတင်းစာမျက်နှာကို ဖြည့်ထားတာလား?


အဲ့ဒီ မလိုအပ်ဘူး/လိုအပ်တယ် --- ဆိုတဲ့ အချက်ဟာ ဒီနေရာမှာ နေရာတကျ ဝင်လာပါတယ်။ ခင်ဗျားမှာ ကဗျာဆရာတွေလည်း ရှိမယ်။ ပန်းချီ ဆရာတွေ လည်း ရှိမယ်။ စာရေးဆရာတွေလည်း ရှိမယ်။ တရားဓမ္မ ဆရာ ဂုရုတွေတောင် ရှိကောင်း ရှိနေဦးမယ်။ သူတို့ အားလုံးကို ခင်ဗျား ဒါတွေကို မိတ်ဆက်ပေးနိုင်ရမယ်။ အဲ့အခါ ဒီ မလိုအပ်ဘူး/လိုအပ်တယ် ဆိုတဲ့ အပိုင်းက ခင်ဗျားရဲ့ အဓိက အပိုင်း ဖြစ်လာတယ်။ နိုင်ငံရေး ကဏ္ဍ ဆိုတာ တတိယနဲ့ စတုတ္ထ စာမျက်နှာ ကို ရောက်သွားတယ်။ ဒါမှမဟုတ် စာမျက်နှာ တစ်ခု အနေနဲ့တောင် ဖြစ်ချင်မှ ဖြစ်တော့မယ်။ ကျနော် ဆိုလိုတာ ကို မြင်ပါရဲ့လား။

မြစ်ကြီးနား နယ်ခံတွေအနေနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်နေ

ရန်ကုန်၊ နိုဝင်ဘာလ ၁၁ရက်
မြစ်ကြီးနားမြို့နဲ့ ၅ မိုင်ပတ်လည်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေတာကြောင့် မြို့ခံလူထုနဲ့တကွ အဝေးမှာရောက်နေတဲ့ မိသားစုတွေ စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ သိရပါတယ်။
စာဝတ်နေရေး အကြပ်အတည်းတွေဖြစ်လာတဲ့ မြစ်ကြီးနား နယ်ခံတွေအနေနဲ့ ဘယ်သူနိုင်တယ်။ ဘယ်သူရှုံးတယ် ဆိုတာထက် ငြိမ်းချမ်းရေးကိုသာ မျှော်လင့်နေကြတယ်လို့ သိရတယ်။ အခုတော့ သူတို့ဘဝတွေက ကျီးလန့်စာ စားနေရသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲ့ဂလောက်သာ ရှင်းတတ်သည်


ကြားသိဖူးပြီး ဖြစ်ကြသော်လည်း၊ သစ္စာတရား ဆိုသည်နှင့် ပတ်သက် တိုင်း၊ တရားဓမ္မ ဆိုသည်ကို ရှင်းလင်းတိုင်း၊ ဘဝ ဆိုသည်၏ နက်နဲမှု နှင့် ဝေါဟာရ တို့ ဖွင့်ဆို ရှင်းပြရင်း မပြည့်စုံသည့် အခါတိုင်း ပြောလေ့ ပြောထ ရှိသော ပုံဝတ္ထု ဖြစ်ပါသည်။

ဖား တစ်ကောင်သည် ပင်လယ်ထဲက လာပြီး ၊ ရေတွင်းတစ်တွင်းထဲ ခုန်ချမိလိုက်သည်။ ရေတွင်းထဲက ဖားက - “မိတ်ဆွေ၊ ဘယ်က လာတာလဲ” ဟု မေးလိုက်သည်။ “ကျုပ် ပင်လယ်က လာတာ” ဟု ပြန်ပြောသည်။ ရေတွင်း ထဲတွင် နေထိုင်သော ဖားက “ပင်လယ် ??? :O အဲ့ ပင်လယ်က ဘယ်လောက် ကြီးသလဲ” ဟု မေးသည်။ ရေတွင်းထဲတွင် နေထိုင်သော ဖားသည် ရေတွင်း ထက် ကြီးသော မည်သည့် အရာဝတ္ထုမျိုး ကိုမျှ မတွေ့ဖူးပေ။ ရေတွင်း ထဲမှာ မွေးဖွားသည်။ ရေတွင်း ထဲမှာပင် ကြီးပြင်းသည်။ ရေတွင်း နံရံက ထွက်ပြီး အပြင်ဘက် တစ်ခါမှ မရောက်ဖူးပေ။ ရေတွင်း နံရံက ကြီးလည်း ကြီးသကိုး။ ရေတွင်း ဖားအတွက် ရေတွင်း အပြင်ဘက်၌ ရေတွင်း ထက် ကြီးသော အရာဝတ္ထု ရှိသည်ဟု သိနိုင်စရာ အကြောင်းလည်း မရှိပေ။ အပြင်ဘက်က ဖား တစ်ကောင် တစ်လေ မှလည်း အပြင်ဘက်က သတင်း ပေးဖို့ ရေတွင်းထဲ ရောက် မလာပေ။

ပင်လယ်ဖားက “ပင်လယ်က အကြီးကြီး” ဟု ပြောသည်။ သို့သော်လည်း ရေတွင်းဖားသည် အကြီးကြီး ဆိုသည့် စကားကို သဘောမပေါက် ဖြစ်နေသည်။ ရေတွင်း တစ်ဝက်လောက် ခုန်ပြပြီး “ဒါလောက် ကြီးသလား” ဟု မေးလိုက်သည်။ ပင်လယ်ဖားက - “ဒါလောက် မကဘူး။ အများကြီး ကြီးတယ်” ဟု ပြောပြပြန်သည်။ ရေတွင်း ဖားက ရေတွင်း တစ်တွင်းလုံး ခုန်ပြပြီး - “ အဲ့ဒါလောက် ကြီးသလား” ဟု မေးကြည့်ပြန်သည်။ ပင်လယ်ဖားက - “အဲ့ဒါထက် အများကြီး ကြီးတယ်” ဟု ပြောလိုက်ပြန်သည်။


ရေတွင်းဖားသည် ပင်လယ်ဖား ပြောသည်ကို မယုံပေ။ နောက်ဆုံး အကြိမ် ကြိုးစား ကြည့်ပြန်သည်။ ရေတွင်း တစ်ခုလုံးကို ပတ်ပြီး ခုန်ပြလျက် - “ဒါလောက် ကြီးသလား” ဟု မေးပြန်သည်။ ပင်လယ်ဖားက- “မိတ်ဆွေကို ဘယ်လို ပြောရမလဲ မသိဘူး၊ အကြီးကြီးပဲ” ဟု ပြောသည်။ ပင်လယ်၏ ကြီးမား ကျယ်ပြန့်ပုံကို အတိုင်းအတာနှင့် ပြော မပြတတ် ဖြစ်နေသည်။ ရေတွင်းဖားက -

“ကြွားတယ် ဆိုတာ အကန့်အသတ် တစ်ခုတော့ ရှိရတယ် ဗျ။ တခြားဖား တွေကို သွားပြီး ကြွားပါ။ ကျုပ်တို့က ဒီလောက် အ,တဲ့ ၊ န,တဲ့ ဖားတွေ မဟုတ်ဘူး။ တခြား ငတုံး၊ ငအ တွေဆီ သွားပြီး ကြွားပါ။ ဒီရေတွင်းထက် ကြီးတဲ့ အရာဝတ္ထု ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ မြင်လည်း မမြင်ဖူးဘူး။ ကျုပ်ရဲ့ မိဘ ဘိုးဘွား တွေ ပြောတဲ့ စကားကိုလည်း တစ်ခါမှ မကြားဖူးဘူး။ ကျုပ်ရဲ့ မိဘ ဘိုးဘွားတွေဟာ ဖားကြီး တွေ ဖြစ်ပါတယ်။ ကျုပ်တို့ ဘိုးစဉ်ဘောင်ဆက် တစ်သက်လုံး ဒီရေတွင်းထဲမှာပဲ နေလာခဲ့ကြတယ်”


ဟု ပြန်ပြောသည်။

ပင်လယ်ဖား အတွက် ပြောစရာ စကားလုံး မရှိတော့ပေ။ ။

“နတ္ထိက” ဖြစ်ရခြင်း ၏ အကြောင်းမှာ ပြင်ပ ကမ္ဘာနှင့် နီးစပ်မှု မရှိခြင်း ဖြစ်သည်။ နွားခြေရာခွက်ထဲက ဖားသူငယ်သည် နွားခြေရာခွက် အပြင်ဘက် က အကြောင်းအရာများကို သိဖို့ မကြိုးစား။ အမြင်ကျဉ်းသူ များသည် အမြင်ကျယ်ဖို့ စိတ် မဝင်စားကြပေ။ နွားခြေရာခွက် ထဲက ဖားသူငယ်သည် နွားခြေရာခွက် အပြင်ဘက်က ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး အနည်းအကျဉ်း ဖြစ်စေ၊ အတွေ့အကြုံ ရှိပါမှ စိတ်ပါဝင်စား မှု ရှိလိမ့်မည်။ ချိုသည့် အရသာကို အနည်းငယ် မျှပင် ဖြစ်စေ မြည်းကြည့်မှ မုန့်ချိုကို စားချင်သည့် စိတ်မျိုး ဖြစ်လာလိမ့်မည်။ သို့သော်လည်း ဘဝ တစ်သက်တာ၌ အငန်နှင့် အခါး များကိုသာ စားနေကြရသည်။ ချိုသည့် အရသာနှင့် ပတ်သက်၍ အိမ်မက်ပင် မမက် ဖူးကြ။ အိမ်မက် ဆိုသည်မှာ မိမိ ဘဝ၌ အနည်း အကျဉ်း မျှ ဖြစ်စေ အတွေ့အကြုံရှိဖူးပါမှ အိမ်မက် မက်နိုင်ခြင်း ဖြစ်သည်။

ဤ ပုံဝတ္ထုတွင် ရေတွင်းဖား အတွက် ပင်လယ် ဆိုသည်၏ ကြီးကျယ်ခြင်းကို မသိရသည့် အကြောင်းမှာ အတွေ့အကြုံ မရှိသောကြောင့် လည်း ဖြစ်ရသလို၊ မိမိ နေထိုင်ရာ ၊ မိမိ ရပ်တည်ရာသည်သာ ပြီးပြည့်စုံ နေပြီဟု အထင်ရှိသောကြောင့် ဖြစ် မည်။ သို့မဟုတ်၊ မိမိ စိတ်ကူးဘောင် တွင် တည်ရှိဖွဲ့စည်းထားပြီးသော အကန့်အသတ်များမှ ကျော်လွန်မသွားနိုင်သော ကြောင့် ၊ ကျော်လွန် မသွားချင်သောကြောင့် ဟုသာ တစ်နည်း ဆိုရပေတော့ မည်။

……………………………………….
အလုပ်အကိုင်အတွင်း၊ ပေါင်းသင်းဆက်ဆံရေး အတွင်း၊ မိမိ ၏ သန္တာန် အတွင်း မြင်မြင်ရသည်များကို ရည်ရွယ်၍၊
………………………………………

http://zayya.blog.com/

ဆော်ဒီအာရေဗျသံရုံးရှေ့တွင် ဆန္ဒပြမှုများဖြစ်ပွားနေ

ရန်ကုန်၊ အောက်တိုဘာလ ၂၈ရက် ။   ။ ရန်ကုန်ုမြို့ ဦးဝိစာရလမ်းပေါ်ရှိ ဆော်ဒီအာရေဗျသံရုံးရှေ့ မှာ အောက်တိုဘာ ၂၅ရက်ကစတင်ပြီး ယနေ့အထိ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရတယ်။
ဗီဇာလုပ်ရာမှာ သံရုံးဝန်ထမ်းတွေ ငွေကြေးမသမာမှုလုပ်တာကြောင့် မခံမရပ်နိုင်ဖြစ်တဲ့ အစ္စလာမ်ဘာသာ ဝင်တွေက အခုလိုဆန္ဒပြကြတာလို့ ဆိုတယ်။
ဆော်ဒီမှာရှိတဲ့ ဟာဂ်ျ့ကိုသွားဖို့ လူဦးရေ ၅၀၀၀သာ ဗီဇာပေးမှာမို့ အခုလို ငွေကြေးမသမာမှုတွေ ဖြစ်လာတာ လို့ သိရပါတယ်။