Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

လှပတဲ့လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၃)

137083057_15226592748191n
အနီရောင်ဝမ်ဝှေ့(WenHui)မြစ်ကူးတံတား၊ ပန်းနုရောင်စွယ်တော်ပန်းနဲ့ မြူဆိုင်းနေပုံက
လျှိုမြစ်ဟာ ကွမ်ရှီပြည်နယ် ဖန်ရှန်မြို့(FengShan)အနီး ရုန်မြစ်(Rong)နဲ့လုန်မြစ်(Long)တို့ ပေါင်းစုံစီးဆင်းရာကနေစတင်ဖြစ်ပေါ်စီးဆင်းလာပြီး လျှိုကျို့မြို့ တောင်ဘက်ကနေ ကွေ့ဝိုက်စီးဆင်းတာပါ။ သူဟာ ကွမ်ရှီပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ လျှောင်ဘင်(Laibin)မြို့ အရှေ့ဘက်ရောက်တဲ့အခါ ဟုန်ရွှေ(HongShui) မြစ်နဲ့ပေါင်းသွားပြီး ချန်မြစ်(Qian)အဖြစ်နဲ့ တောင်ဘက်ကို ဆက်လက်စီးဆင်းပါတယ်။ မြစ်ရေဟာ ပုံမှန်အားဖြင့် အစိမ်းရှိပေမယ့် နွေ ရာသီ၊ မိုးရွာတဲ့အခါမျိုးတွေမှာတော့ တောင်ကျရေတွေကြောင့် ဝါနေတတ်တယ်။ လျှိုမြစ်ရဲ့ ပုံမှန်အနက်က မီတာ ၆၀ကနေ၇၀(ပေ၂၀၀ကနေ၂၃၀) အနက်ရှိပြီး အနက်ဆုံးအပိုင်းက မီတာ ၉၀(ပေ၃၀၀)အထိရှိနိုင်တယ်လို့ဆိုတယ်။ ၂၀၁၂ခုနှစ် တရုတ်နိုင်ငံရဲ့ အေလေးလုံးအဆင့်သတ်မှတ်ချက် စီမံကိန်း မစခင်အရင်က ကက်ဒမီယံ(အဖြူရောင်ရှိတဲ့ ဓာတုဒြပ်စင်)ကြောင့် ရေထုညစ်ညမ်းဘူးတယ်လို့လည်း သိရတယ်။ အခုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေ အစိမ်းရောင်နယ်မြေဖြစ်နေပါပြီ။
dsc00833
သုန်သီမော်တော်ဆိပ် မှိန်ပြပြမီးရောင်ကနေ ကပ်လျှက်လှမ်းမြင်ရတဲ့ အနီရောင်ဝမ်ဝှေ့(WenHui)မြစ်ကူးတံတား
သုန်သီမော်တော်ဆိပ် မှိန်ပြပြမီးရောင်ကနေ ကပ်လျှက်လှမ်းမြင်ရတဲ့ အနီရောင်ဝမ်ဝှေ့(WenHui)မြစ်ကူးတံတားအလှကို စပြီးခံစားနိုင်ပါပြီ။ နေ့ဘက် ကြည့်ကြည့်၊ ညဘက်ကြည့်ကြည့် တစ်ရောင်တည်းထွက်အောင်လုပ်ထားတဲ့ ဒီတံတားရဲ့ဗိသုကာက သက်တံရောင်အခုံပုံစံလုပ်ထားတာလို့ဆိုတယ်။ လျှိုကျို့မြို့ရဲ့ အလှပဆုံး၊ သံမဏိနဲ့တည်ဆောက်ထားတဲ့တံတာပါ။ သုန်သီမော်တော်ဆိပ်ကနေ လျှိုမြစ်ကိုဆန်တက်ပြီး ဝမ်ဝှေ့(WenHui)မြစ်ကူးတံတားနဲ့ လျှိုကျန်(LiuJiang)မြစ်ကူးတံတားကြား မြစ်အတွင်းရေပန်းဥယျာဉ်နဲ့ မီးရောင်စုံထွန်းညှိထားမှု၊ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ရှုခင်းတွေ၊ ဗိသုကာ အတတ်ပညာကောင်းတဲ့ မိုးမျှော်တိုက်ကြီးတွေက ကျွန်တော်တို့လို့ တတိယကမ္ဘာက လာသူတွေအတွက် ပါးစပ်အဟောင်းသာနဲ့ ငေးမောစရာတွေချည်း။ မန္တလေးမြို့တော်စည်သာယာရေး ကော်မတီရုံးရှေ့ ကျုံးအတွင်းအလှဆင်ထားတဲ့ ရေပန်းတွေ၊ ရောင်ပြေးမီးတွေက မန္တလေးမြို့ခံတွေအတွက် ညဘက် အပန်းဖြေစရာနေရာတစ်ခုအဖြစ် စည်ကားလာတယ်ဆိုရင် လျှိုမြစ်ပြင်ကို အလှဆင်ထားတဲ့ ရေပန်းနဲ့ ရောင်ပြေးမီးတွေက ဘယ်လောက်လှလိုက်လေ မလဲ မှန်းကြည့်နိုင်တယ်။
dsc00850
လျှိုမြစ်ယံထက်က ရေပန်းအလှ
အဲဒီကနေပြန်စုန်ဆင်းလာ အနီရောင်ဝမ်ဝှေ့(WenHui)မြစ်ကူးတံတားအနီး လျှိုမြစ်တောင်ဘက်ကမ်း၊ ကျာဟယ့်(JiaHe)လမ်းအရှေ့ဘက်မှာရှိတဲ့ ကျာဟယ့်တောင်။ ဒီတောင်နဲ့ပတ်ဝန်ကျင်းကို ယဉ်ကျေးမှုနယ်မြေအဖြစ် ထိန်းသိမ်းထားတယ်လို့ဆိုတယ်။ အဲဒီနယ်မြေကို မက်မွန်သီးဥယျာဉ်လို့လည်း ခေါ်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၅မီတာ(၆၀၆ပေ)နဲ့ ၉၅မီတာ(၃၁၁ပေ)မြင့်တယ်။ လျှိုကျို့မြို့စတင်တည်ဆောက်ခဲ့စဉ်ကတည်းက ကျန်ကောင်းကျန်ရာနေရာတစ်ခုဖြစ်ပြီး ကွမ်ရှီပြည်နယ်ရဲ့ ပထမဦးဆုံးသော စာပေ၊ အနုပညာကျောင်းလည်းရှိပါတယ်။
dsc00870
ဖန်လုံတောင်ခြေက အာရှမှာအကြီးဆုံး လူတွေဖန်တီးထားတဲ့ ရေတံခွန်
ရှေ့ဆက်စုန်ဆင်းရင် ဖန်လုံတောင်(Panlong)သစ်တောဥယျာဉ်ပါ။ ဒီနေရာမှာက အာရှမှာအကြီးဆုံး လူတွေဖန်တီးထားတဲ့ ရေတံခွန်ရှိတယ်။ ဒီရေတံခွန်က ၃၂၈မီတာ(၁၀၇၅ပေ)ရှည်ပြီး မီတာ၄၀(၁၃၁ပေ)အကျယ်ရှိတယ်။ ရေပန်းစက်ပေါင်း ၈၃၂ခုနဲ့ တည်ဆောက်ထားတာပါ။ ရေပန်းအလှ၊ သံစဉ်ရေလှိုင်း၊ မီးရောင်စုံအလှတွေ ဖန်တီးနိုင်တယ်လို့ဆိုတယ်။ ကျွန်တော်တို့အဖွဲ့တော့ ရေတံခွန်ကိုသာ မြင်တွေ့ခွင့်ရခဲ့တယ်။
dsc00868
ကွန်ဖြူးရှပ်ဘုရားကျောင်း
အဲဒီကနေ့ရှေ့ဆက်စုန်ရင် ဟူသုန်(HuDong)မြစ်ကူးတံတား၊ ဟောသုန်(HeDong)မြစ်ကူးတံတားအထိက ဖွံ့ဖြိုးတဲ့မြို့ပြတစ်ခုရဲ့ ခမ်းနားမှုအလှ တရားတွေပါပဲ။ ရထားပေါ်ကအဆင်း ကြိုနေတဲ့မိုးဖွဲလေးရဲ့ သက်ရောက်မှုကြောင့် ဆိုင်းလာတဲ့မြူနဲ့ သူတို့ဖန်တီးထားတဲ့ မီးရောင်စုံအလှနဲ့တွေ့တဲ့အခါ နံဂါးငွေ့တန်းတစ်ခုလို နတ်ဘုံနတ်နန်းတစ်ခုလို အဆင့်ဆင့်၊ အထပ်ထပ်လှချင်းတိုင်း လှနေတော့တယ်။ လျှိုကျို့ဟာ စမ်းပြားတဲ့ခရီးသွား လာရေးမြို့ ဖြစ်ပြီး ၈၀ရာခိုင်နှုန်းက တရုတ်နိုင်ငံရဲ့အဆင့်သတ်မှတ်ချက် အေလေးလုံးအထက်မှာရှိတဲ့ ထူးခြားတဲ့ သဘာဝအလှတရားတွေနဲ့ပါ။
137083057_15226592747861n-1
မြူဆိုင်းနေတဲ့ ကွန်ဖြူရှပ်ဘုရားကျောင်းက နတ်ဘုံလေလား
ရှုခင်းတွေအကြောင်းပြောတဲ့အခါ တံတားအမည်တွေပါပါနေတာ သတိထားမိမှာပါ။ ဟုတ်ပါတယ် လျှိုမြစ်ကွေ့ဝှိုက်စီးဆင်းသွားတဲ့ စက်ဝိုင်းခြမ်းပုံအတွင်း ဘက်မှာရှိနေတဲ့ လျှိုကျို့မြို့က ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းဖို့ လျှိုမြစ်ပေါ်မှာ မြစ်ကူးတံတားပေါင်း ၂၁စင်း၊ ဆောက်လက်စမပြီးသေးတဲ့ တံတားတစ်စင်းပါပေါင်းရင် မြစ်ကူးတံတား ၂၂စင်းရှိပါသတဲ့။
dsc00877-1
မြို့တစ်မြို့ရဲ့အလှတရားကို ဖျက်စီးတတ်တာက အမှိုက်ပါ။ ဒီလောက်လှတဲ့မြို့ကို အမှိုက်တစ်စမရှိအောင် သူတို့ဘယ်လို သန့်ရှင်းရေး လုပ်ကြပါသလဲ။ မြစ်အတွင်းရှုခင်းကြည့်ပြန်လာတဲ့ ဒီအတွေးရဲ့အဖြေကို နောက်တစ်ရက်မနက် လျှိုကျို့ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးနည်းပညာကုမ္ပဏီကို သွားရောက် လေ့လာတဲ့အချိန်မှာ ရခဲ့တယ်။
u101eu1018u102cu101du1015u1010u1039u101du1014u1039u1038u1000u103au1004u1039-4
လျှိုကျို့မြို့ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးနည်းပညာကုမ္ပဏီရဲ့
မြို့သန့်ရှင်းရေးဆောင်ရွက်ရာမှာအသုံးပြုတဲ့ စက်ကိရိယာပစ္စည်းနမူနာတွေ
ဒီကုမ္ပဏီရဲ့အုပ်ချုပ်မှုဒါရိုက်တာ မစ္စချွန်ကျီရင်(QuanZhiYin)က ပီကင်းတက္ကသိုလ်ကနေ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ ဘွဲ့ရထားသူပါ။ သူထိန်း သိမ်းစောင့်ရှောက်ခွင့်ရတဲ့မြို့ကို နည်းပညာအသုံးချပြီး သန့်ရှင်းနေအောင်လုပ်တာပဲ။ အဲဒီလိုနည်းပညာသုံးတဲ့အပြင် မြို့လူထုကို အမှိုက်စနစ်တကျ ပြစ်ချင်လာအောင် လုပ်တဲ့နည်းကလည်း စိတ်ဝင်စားစရာ။ သူရဲ့နည်းက ပေးထားတဲ့အမှိုက်ပုံးထဲက ခွဲခြားသတ်မှတ်ထားတဲ့ အမှိုက်ကန်တွေထဲကို သတ်မှတ်ချက်အတိုင်း အမှိုက်ပြစ်တယ်ဆိုရင် အမှတ်ပေးပါတယ်။ အဲဒီသတ်မှတ်ထားတဲ့အမှတ်ပြည့်ရင် အဲဒီအိမ်ရှင်ကို ဆန်၊ ဆီနဲ့ အခြားပစ္စည်းတွေကို ဆုအဖြစ်ပေးအပ်တာပါ။ အိမ်တစ်အိမ်အတွက် အမှိုက်ပြစ်ဖို့စမတ်ကဒ်တစ်ခုပေးထားတယ်။ အမှိုက်ပုံးကို အဲဒီစမတ်ကဒ်နဲ့ဖွင့်ပြီးပြစ်တဲ့အခါ ဘယ်အိမ်က ဘယ်အမှိုက်ကို ဘယ်ကန်ထဲပြစ်တယ်ဆိုတာကို သိပါသတဲ့။ ပုံမှန်အားဖြင့် မီးဖိုချောင်အမှိုက်၊ ရီစာကယ်လုပ်လို့ရတဲ့အမှိုက်၊ ရီစာကယ်လုပ်လို့မရတဲ့ အမှိုက်ဆိုပြီးသတ်မှတ်ထားတာပါ။
u101eu1018u102cu101du1015u1010u1039u101du1014u1039u1038u1000u103au1004u1039-3
လျှိုကျို့မြို့ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးနည်းပညာကုမ္ပဏီရဲ့
အမှိုက်ရီစာကယ်လုပ်တဲ့ အဆောက်အဦးပုံစံငယ်
တကယ်ဆိုတော့ မြို့လူထုအနေနဲ့ အမှိုက်ခွန်က မသက်သာလှပါဘူး။ အစိုးရက ကုမ္ပဏီကိုလုပ်ကိုင်ခွင့်ပေးထားတာမို့ သူတို့ဆောင်ရတဲ့ အမှိုက်ခွန်က ထုံစံအတိုင်းဈေးကြီးပါတယ်။ အမှိုက်တစ်တန်အတွက် မြန်မာငွေလေးသောင်းကျော်နဲ့ညီမျှတဲ့ ယွမ်ငွေ ၁၈၀ပါ။ အမှိုက်ခွန် ဈေးကြီးလို့ဆိုပြီး အမှိုက်ကို အမှိုက်ပုံးထဲမထည့်ဘဲ ပြစ်ချင်သလိုပြစ်တာမျိုးမရှိတာက ဒီမြို့သားတွေရဲ့ သူတို့မြို့ကို ချစ်တဲ့စိတ်ကို ဖော်ပြနေတာပါ။ အုပ်ချုပ်သူလူတန်းစားက ဘယ်လို ပဲကောင်းအောင်စီမံသည်ဖြစ်စေ၊ ကိုယ့်မြို့အစဉ်သဖြင့် သန့်ရှင်းသာယာလှရေးက မြို့သူမြို့သားတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ဒါကို အဲဒီနေ့ မတ်လ၂၇ရက်ည မြေအောက်ဈေးနဲ့ လမ်းလျှောက်ညဈေးတွေ သွားတဲ့အချိန်မှာ ကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့တယ်။
u101cu1019u1039u1038u1031u101cu103du103au102cu1000u1039u100au1031u1005u103au1038-5
လမ်းလျှောက်ညစျေးမှာ
လမ်းတွေ၊ တံတားတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ စက်ယန္တရားတွေသုံးပြီး သန့်ရှင်းရေးလုပ်တာပါ။ ရေထွက်အရှိန်ကောင်းတဲ့ ရေမှုတ်စက်တွေနဲ့ သန့်ရှင်းပေးတယ်။ တံမြက်စည်းမသုံးပါဘူး။ မစ္စချွန်ကျီရင်(QuanZhiYin)အဆိုအရ တံမြက်စည်းနဲ့က အမှိုက်မပြောင်ပါဘူးတဲ့။ ဒါကြောင့် ရေအား နဲ့မှုတ်ဖြန်းပြီး သန့်ရှင်းတာလို့ဆိုတယ်။
u101eu1018u102cu101du1015u1010u1039u101du1014u1039u1038u1000u103au1004u1039-2-1
အိမ်တစ်အိမ်အတွက် အမှိုက်ပြစ်ဖို့စမတ်ကဒ်တစ်ခုပေးထားတယ်။ အမှိုက်ပုံးကို အဲဒီစမတ်ကဒ်နဲ့ဖွင့်ပြီးပြစ်တဲ့အခါ
ဘယ်အိမ်က ဘယ်အမှိုက်ကို ဘယ်ကန်ထဲပြစ်တယ်ဆိုတာကို သိပါသတဲ့။အုပ်ချုပ်မှုဒါရိုက်တာ မစ္စချွန်ကျီရင်(QuanZhiYin)(ကုတ်အကျႌအစိမ်း)ပြောကြားချက်ကို ဘာသာပြန်ဆရာမဖြိုးပြည့်စုံရှင်းပြနေတာပါ။
ရေနဲ့မှုတ်လိုက်လို့ လမ်းဘေးမှာရှိတဲ့ အဆောက်အဦးနံရံတွေ ညစ်ပတ်တာကိုလည်း နံရံဆေးတဲ့ကားနဲ့ လိုက်ဆေးပေးတယ်။ အဲဒီလို့သုံးဖို့အတွက် ရေကိုရေကြည် ရေသန့်မသုံးဘဲ မြို့ကစွန့်ပြစ်ရေဆိုးတွေကို ရီစာကယ်လုပ်ပြီး ပြန်သုံးတာလို့ဆိုတယ်။ သူတို့ကုမ္ပဏီအဝင်က ၁၀ပေပတ်လည်လောက်ရှိတဲ့နံရံပေါ်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့ပြသန့်ရှင်းရေးအတွက် ရထားတဲ့ ဆုတံဆိပ်တွေ အပြည့်ပါပဲ။  (ဆက်လက်ဖော်ပြပါမည်)
ညရှုခင်းပုံအချို့ကို ဆရာမောင်မောင်လှတင့်(မန်းတက္ကသိုလ်)က အကူအညီပေးထားတာပါ။
အောင်မျိုးထွန်းကျော်

လှပတဲ့ လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၂)

luliuping
ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း(LuLiuPing)နဲ့ တာဝန်ရှိသူတွေက လျှိုကျို့ဟိုတယ်
အဆောင် ၄၊ ကျန်ရှန်ခန်းမမှာ ညစာတည်ခင်း
လျှိုမြစ်က မြို့ကိုရစ်ခွေစီးဆင်းနေတာကြောင့် မြစ်ကမြို့ထဲရှိသလို မြို့ကလည်း မြစ်ထဲမှာရှိတယ်။ ဒီကနေ့က မြူတွေလည်းဆိုင်းနေတော့ လျှိုကျို့မြို့က အရမ်းကို ရိုမတ်တစ်ဆန်တဲ့ မြို့တစ်မြို့ဖြစ်နေပါသတဲ့။ တကယ်လို့ဒီနေ့ည ရာသီဥတုကောင်းတယ်ဆိုရင် လျှိုမြစ်ကို သွားလည်လို့ရတယ်။ အားလုံးက စိတ်ထဲမှာ နက်နက်နဲနဲခံစားရမှာပါတဲ့လေ။ ညွှန်ကြားရေးမှူး မစ္စတာဟွမ်ရှောင်ရုန် ကဗျာရွတ်နေသလား အောင်မေ့မိတယ်။ သူ့ရုပ် တည်တည်ကြည် ကြည်ကြီးနဲ့ ပြောသွားတဲ့ နုဖက်နေတဲ့စကားလုံးတွေနဲ့က လားလားမှ မနီးစပ်ဘူး။

မစ္စတာဟွမ်မှမဟုတ်ဘူး။ တရုတ်ရာဇဝင်ထဲက မင်းမှုထမ်း၊ စာပေပညာရှင်အချို့ လည်း လျှိုကျို့မြို့ကို အခုလိုပဲ စာတစ်ဖွဲ့ပေတစ်ဖွဲ့ အမွှန်းတင်ခဲ့ကြဖူး တယ်။

တရုတ်နိုင်ငံ တန်မင်းဆက်ခေတ်(၆၁၈–၉၀၇)မှာ လျှိုကျုန်ယွမ်(LiuZongYuan) (၇၇၃–၈၁၉)ဆိုတဲ့ နိုင်ငံရေးသမား၊ စာပေပညာရှင်၊ ကဗျာဆရာတစ်ဦး ရှိခဲ့ဖူးတယ်။ သူဟာ တရုတ်စကားပြေအရေးအသားအတွက် ဦးဆောင်လမ်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က သူ့ကဗျာတွေကို ဘာသာ ပြန်ဆို ပုံနှိပ်ကြရာမှာ RiverSnow (နှင်းရည်ခြုံတဲ့မြစ်)က ထင်ရှားတဲ့ကဗျာတစ်ပုဒ်ဖြစ်သလို၊ တရုတ်ပန်းချီအနုပညာအတွက်လည်း အထောက်အ ပံ့ကောင်းတစ်ခုဖြစ်ခဲ့တယ်။ ဂန္တဝင်စာဆိုရှင် လျှိုကျုန်ယွမ် (Liu ZongYuan)က လျှိုကျို့မြို့ကို အခုလိုဖွဲ့တယ်။

တောင်ကုန်းပေါ်ရှိတဲ့ အပင်တွေက အရာအားလုံးကို ဖုံးလွှမ်းထားတယ်။ ပြီးတော့ မြစ်ကမြို့ကို ဖြတ်သန်းစီးဆင်းသွားလေရဲ့။

xuxiake-2
မင်မင်းဆက်နောက်ပိုင်းခေတ်(၁၃၆၈-၁၆၄၄)မှာ ခရီးသွားမှတ်တမ်းရေးသူ၊ပထဝီဝင်ပညာရှင်  ရွီရှာခဲ့ (XuXiake)၊ အမည်ရင်း ဟုန်ကျု(HongZu)(၁၅၈၇-၁၆၄၁)ဆိုတဲ့ ပညာရှင်တစ်ယောက်လည်း ပေါ်ထွန်းလာခဲ့တယ်။ ရွီရှာခဲ့ (XuXiake)ကို ယနေ့ခေတ် တရုတ်နိုင်ငံအရှေ့ပိုင်းက ကျန်ယင်လို့ ခေါ်တဲ့ ကျန်စုစီရင်စုရွာလေးမှာ မွေးဖွားခဲ့တယ်။ သူဟာရှေးဟောင်းဂန္တဝင်တွေကို လေ့လာပြီးအင်ပါယာရဲ့ မြို့ပြဝန်ဆောင်မှုအတွက် စူးစမ်းလေ့လာမှုတွေ ပြုလုပ်ပြီး အက်ဆေးတွေရေးသားခဲ့သူပါ။

သူ့ဘဝသက်တမ်း ၅၃နှစ်မှာ နှစ်ပေါင်း ၃၀လောက် တရုတ်တစ်နိုင်ငံလုံးကို  ခြေလျှင်ခရီးနှင်ခဲ့သူလည်း ဖြစ်တယ်။ စီရင်စု၁၆ခုကို လေ့လာမှတ် တမ်း ပြုခဲ့တယ်။ ရှေးက မှားယွင်းမှတ်တမ်းတင်ထားတဲ့ တရုတ်နိုင်ငံရဲ့ ရေလမ်းကြောင်းနဲ့ အရင်းအမြစ်တွေအကြောင်း အမှန်ပြင်ပေးခဲ့တယ်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီပြည်နယ်၊ အနောက်တောင်ပိုင်း ကွေ့ကျိုပြည်နယ်၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲက လိုဏ်ဂူပေါင်း ၂၇၀ကို သိပ္ပံ နည်းကျ အသေးစိတ်လေ့လာခဲ့တယ်။ အဲဒီလိုဏ်ဂူတွေရဲ့ လားရာ၊ အမြင့်နဲ့ အနက်တို့ကို အကြောင်းအရာ၊ အချက်အလက်နဲ့တကွ အသေးစိတ် မှတ်တမ်း တင်ခဲ့တယ်။ အဲဒါအပြင် အပင်တွေ၊ အသီး၊ အပွင့်တွေရဲ့ ပြန့်နှံ့တည်ရှိနေပုံအကြာင်း၊ မြေမျက်နှာသွင်ပြင်၊ အပူချိန်နဲ့လေတိုက်နှုန်းတွေအကြောင်းလည်း မှတ်တမ်းတင်ပေးနိုင်ခဲ့တယ်။ သူရဲ့ ခရီးသွားနေ့စဉ်မှတ်တမ်းကျမ်း (TheTravelDiariesXuXiake) စာအုပ်က နောက်ပိုင်းမျိုးဆက်တွေအတွက် သိပ္ပံဆိုင်ရာ နဲ့စာပေအတွက် အဖိုးတန်စာအုပ်ဖြစ်လာခဲ့တယ်။
travels_of_xu_xiake
မင်မင်းဆက်နောက်ပိုင်းခေတ်(၁၃၆၈-၁၆၄၄) ရွီရှာခဲ့ (XuXiake) တရုတ်ပြည်ခရီးစဉ်
သူ့ခရီးစဉ်ထဲမှာ ကွမ်းရှီပြည်နယ် လျှိုကျို့မြို့လည်းပါဝင်ခဲ့တယ်။ သူက လျှိုကျို့ကို အခု လိုဖွဲ့တယ်။
ထောင်ပေါင်းများစွာသော လှိုင်းကြက်ခွပ်ကလေးတွေက မြို့ကို ဝန်းရံနေလေရဲ့။

ဒီကဗျာက လျှိုကျို့မြို့ရဲ့ ရှုခင်းနဲ့ မြို့အင်္ဂါရပ်ကို ထင်သာမြင်သာရှိအောင် သရုပ်ဖော်ပေးနိုင်ခဲ့တယ်လို့ ဆိုတယ်။
img_20190328_120826-1
ကျွမ့်တိုင်းရင်းသား ရိုးရာသီချင်းနဲ့ ဧည့်ခံ၊ သီချင်းအဓိပ္ပာယ်က သူတို့တိုက်တဲ့ လက်ဖက်ရည်ကို သောက်ပြီး
မိသားစုအားလုံးပျော်ရွှင်ကျန်းမာပါစေတဲ့
သီးချင်းမှာ ကျွမ့်၊ အကမှာ ယောင်၊ ပွဲတော်မှာ မြှောင်၊ အဆောက်အဦးမှာ သုန်လို့ တရုတ်နိုင်ငံမှာ ပြိုင်ဘက်ကင်းတဲ့ အရာလေးခုရှိတယ်။ ကွမ်ရှီပြည်နယ် ဆိုတာ ကျွမ့်တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟုတ်ပါလား။ ဒီတော့ လျှိုကျို့မှာက ထူးခြား၊ ထင်ရှားတဲ့ ပြိုင်ဘက်ကင်း ရိုးရာ သီချင်းတွေလည်း ရှိပြန်သပေါ့။ အဲဒီသီချင်းတွေကို သီဆိုခဲ့သူ၊ ကျွမ့်တိုင်းရင်းသားတွေက သူတို့ရဲ့ သူရဲကောင်းလို့ သတ်မှတ်ခံရသူ မစ္စလျှိုစန်ကျယ်(Liu San Jie)အကြောင်းလည်း ချန်ခဲ့လို့မဖြစ်ဘူး။ မစ္စလျှိုစန်ကျယ်(Liu San Jie)က ၁၉၆၀ဝန်ကျင်းမှာ ကျွမ့်တိုင်းရင်းသားရိုးရာ တေးသံရှင်အဖြစ် နာမည်ကြီး ခဲ့တယ်။ သူမဟာ လျှိုကျိုမြို့သူပါ။ သူမကို ဂုဏ်ပြုတဲ့အနေနဲ့ တတိယညီမ လျှို(Third Sister Liu)ဆိုတဲ့ ဇာတ်ကားကို ၂၀၁၅ခုနှစ် ဧပြီ ၃၀မှာ ရိုက်ကူးထုတ်လုပ်ခဲ့တယ်။ အဲဒီဇာတ်ကားက တရုတ်ရိုးရာသီချင်းတွေအတွက် ပထမဆုံးဇာတ်ကားဖြစ်ခဲ့သလို တရုတ်စာသင်ယူရာမှာ ဝါကျ တည်ဆောက်ပုံတွေအကြောင်းလေ့လာဖို့အတွက်လည်း အဲဒီဇာတ်ကားကို သင်ကြားရေးရုပ်သံဖိုင်အဖြစ်အသုံးပြုနေပါတယ်။

မစ္စလျှိုစန်ကျယ်(Liu San Jie)က လျှိုကျို့မှာ ကမ္ဘာ့အကောင်းဆုံးရတနာတွေရှိနေမှတော့ တရုတ်နိုင်ငံရဲ့ အဖိုးတန်ရတနာပဲပေါ့တဲ့။

လျှိုကျို့မြို့သားတွေ ဂန္တဝင်မြောက်တဲ့ပညာရှင်တွေ စာဖွဲ့ရလောက်တဲ့ လျှိုကျို့မြို့က ဘယ်လောက်တောင် လှနေတာလဲ။

လျှိုကျို့မြို့ကို နဂါးမြို့တော်လို့လည်း ခေါ်တယ်။ လျှိုကျို့မြို့ဟာ ကွမ်ရှီပြည်နယ် မြောက်ပိုင်း အလယ်ပိုင်းမှာရှိတဲ့ မြောက်ပိုင်းအပူလျော့ပိုင်းဇုန်ဖြစ် ပါတယ်။ စက်မှုစီးပွားရေးလုပ်ငန်းရဲ့ အဓိကကျောရိုးဖြစ်တာနဲ့အတူ သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးတဲ့နေရာမှာ ရှိနေတယ်။ ၁၈၆၀၀ စတုရန် ကီလိုမီတာ(၇၁၇၉စတုရန်မိုင်)အတွင်းမှာ မြို့၅ မြို့နဲ့ ခရိုင် ၅ခုရှိတယ်။ အဲဒီအထဲက ၂၂၀ဒဿမ၉၉စတုရန်ကီလိုမီတာ (၈၅ဒဿမ၃စတုရန်မိုင်)ဟာ မြို့ပြဧရိယာဖြစ်တယ်။ လူဦးရေ ၃၉သိန်းကျော်မှာ ၂၂သိန်းကျော်က မြို့နေလူဦးရေပါ။

စိမ်းလန်းတဲ့ တောင်ကုန်းတွေဝန်ရံ၊ လျှိုမြစ်ရစ်ခွေစီးဆင်းနေတဲ့ လျှိုကျို့မြို့က ကမ္ဘာ့အကောင်းဆုံး သဘာဝဘွန်စိုင်း(Bonsai)၊ မွေ့လျော်၊ ကြည်နူး စရာကောင်းတဲ့နေရာတစ်ခုအဖြစ် ဂုဏ်သတင်းကြီးတယ်။ ဘွန်စိုင်း(Bonsai)ဆိုတာက ဂျပန်နိုင်ငံမှာ ၁၉၅၀ခုနှစ်လောက်က စတင်ပေါ်ပေါက်လာခဲ့တာ။ ဂျပန်လို ဘွန်(Bon)ဆိုတာက ထည့်စရာ လင်ပန်းသို့မဟုတ်အိုး၊ စိုင်း(Sai)က စိုက်ပျိုးခြင်းလို့ အဓိပ္ပာယ်ရတယ်။ ပုံမှန်အပင်အရွယ်အထိ ကြီးမသွားအောင် မျိုးရိုးဗီဇနည်းအရ ပြုပြင်ထားတဲ့ သဘာဝအတိုင်းမဟုတ်တဲ့ အလှစိုက်တဲ့ အပင်မျိုးပဲ။ သူတို့ကို စိုက်ပျိုးရင် အလွန်ကြီး ဂရုတစိုက်နဲ့ ပြုစုနေဖို့ မလိုဘူး။ ကိုယ့်နေအိမ်၊ တိုက်တာ၊ အဆောက်အဦးနဲ့ ခြံဝင်းအတွင်း စိုက်ပျိုးထားမယ်ဆိုရင် လှတယ်ဆိုတာထက် မြင်ရတဲ့သူကို စိတ်အေးချမ်းစေတယ်၊ ငြိမ်းချမ်းစေတယ်၊ စိတ်ကို ပြန်လည်လန်းဆန်းစေတယ်ဆိုတဲ့ ဂုဏ်တွေ ရှိပါတယ်။ လျှိုကျို့ကတော့ သဘာဝအတိုင်းရှိနေတဲ့ ဘွန်စိုင်းပါတဲ့။

liuzhou16

ရထားပေါ်ကဆင်း ညစာစား၊ လျှိုကျို့ဟိုတယ်မှာ အခန်းယူပြီးတာနဲ့ သိပ်လှပါတယ်ဆိုတဲ့ လျှိုကျို့မြို့ ညရှုခင်းကို လိုက်လံပြသဖို့ မစ္စတာဟွမ်က အဆင်သင့် စောင့်နေခဲ့တယ်။ လျှိုကျို့မြို့တောင်ဘက် ဝမ်ဝှေ့(WenHui)မြစ်ကူးတံတားအောက်ခြေအနီးမှာရှိတဲ့ သုန်သီ(DongDi)မော်တော်ဆိပ်ဆီ ကျွန်တော်တို့အဖွဲ့ ထွက်ခဲ့ကြတယ်။ သုန်သီမော်တော်ဆိပ်က နိုင်ငံခြားသား ခရီးသွားတွေအတွက် လျှိုမြစ်အတွင်း ရှုခင်းကြည့်ဖို့လုပ်ပေးထားတဲ့ ဆိပ်ခံအရှည် ၂၃၀မီတာ (၇၅၄ပေကျော်)နဲ့ လှေဆိပ် ၅ခုရှိတဲ့ အကြီးဆုံးမော်တော်ဆိပ်ပါ။ သူ့ကို နေရာညွှန်းတဲ့အခါ လျှိုမြစ်အရှေ့ဘက်ကမ်းလို့ ညွှန်းပေမယ့် မြေပုံအရတော့ လျှိုကျို့မြို့ကို ကွေ့ဝှိုက်စီးနေတဲ့ မြစ်အကွေ့က အဲဒီနေရာမှာ အရှေ့အနောက်ဖြစ်နေတာကြောင့် သုန်သီမော်တော်ဆိပ်က လျှိုမြစ်တောင်ဘက်ကမ်း ဖြစ်နေတာက သတိထားစရာပါ။(ဆက်လက်ဖော်ပြပါမည်)
အောင်မျိုးထွန်း‌ကျော်
Credit : PaukPhaw

နိုင်ငံတကာဆုပေါင်း ၂၃ ဆုရထားတဲ့ Capernaum(2018)


ဇာတ်ကားအမည်က အသံထွက်ရခက်သလို၊ ဇာတ်ကားအကြောင်းဖတ်ဖို့ကလည်း ခက်တယ်။ အာရဘီစာတွေကနေ ဆင်းသက်လာတဲ့စကားလုံးတွေမို့ အလှမ်းဝေးပါတယ်။ 

ဒါရိုက္တာ Nadine Labaki ရဲ့ဇာတ်ကားပါ။ ကလေးတစ်ယောက် ဘယ်လို အသက်ရှင်သင့်လဲ၊ ကလေးယူကြတော့မယ့် မိဘတွေအနေနဲ့ ဘာတွေစဉ်းစားသင့်သလဲ။ ကိုယ့်ဘက်က ဘာမှလက်ဆုပ်လက်ကိုင်မရှိဘဲ ကလေးတစ်ယောက်ကို အလွယ်တကူမယူလိုက်ကြဖို့ စတဲ့ မက်ဆေ့ချ်တွေပေးထားတယ်။ တစ်ခု သတိပေးချင်တာက ဗုဒ္ဓရဲ့ ကံ၊ ကမ္မနိယာမဆိုတဲ့ ပေတံနဲ့ ထုတ်မတိုင်းမိဖို့ပါ။ 

၁၂သား ကလေးတစ်ယောက် လူသတ်မှုနဲ့ ထောင်၅နှစ်ကျသွားတယ်။ ကိုယ့်ထက်ကြီးတဲ့ လူတစ်ယောက်ကို သတ်ရဲရလောက်အောင် အဲဒီကလေးကို ဘာတွေက တွန်းပို့လိုက်တာလဲ။ 

ကျွန်တော် ကလေးဘဝ ဘာတွေမှတ်မိခဲ့လဲ သိလား။ အကြမ်းဖက်မှုတွေ ဆဲသံ၊ ဆိုသံ၊ ရိုက်သံတွေ။ ကျွန်တော်ကြားဖူးတဲ့အချိုသာဆုံး စကားဟာ ခွေးမသား ထွက်သွားဆိုတဲ့ စကားပဲ။ 

အောက်မှာ လင့်နှစ်ခုရှိပါမယ်။ အဆင်ပြေတာနဲ့ကြည့်ပါ။ ဒေါင်းပါ။
Google Drive Link:

Media fire Link: Download here

Credit : ChannelMyanmar

လှပတဲ့လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၁)

luliuping-3
လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း(LuLiuPing)နဲ့ ကျွန်တော်တို့ ချစ်ကြည်ရေးကိုယ်စားလှယ် ၁၄ဦး
ဟူနန်ပြည်နယ် ချန်ရှာမြို့ကနေ ကွမ်ရှီပြည်နယ် လျှိုကျို့မြို့ကို ၆၆၂စတုရန်ကီလိုမီတာ(မိုင်လေးရာကျော်) ဝေးတယ်။ ဒီခရီးကို ရိုးရိုးရထားနဲ့သွားရင် ၉နာရီကနေ ၁၂နာရီ၊ နေ့တစ်ဝက်ခရီးလောက် သွားရလိမ့်မယ်။ မြန်မာနိုင်ငံကနေ ချစ်ကြည်ရေးခရီးရောက်လာတဲ့ ကျွန်တော်တို့တရုတ်-မြန်မာချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့ အတွက် ဟူနန်ပြည်နယ် နိုင်ငံတကာဆက်ဆံရေးဌာနက ညွှန်ကြားရေးမှူး မစ္စချန်ရှီ(ChenXi)နဲ့ ဘာသာပြန် မစ္စတာယွီမင်း(YuMing)တို့က ကျည်ဆံရထား(High Speed Train, Electric Multiple Unit (EMU))နဲ့ စီစဥ်ပေးလိုက်တယ်။ စီစဥ်ပေးလိုက်ရုံတင် မကဘူး။ မသွားတတ်မလားတတ်တဲ့ မောင်ငယ်၊ ညီမငယ်၊ အစ်ကို ကြီး၊ ဦးကြီး၊ ‌ဒေါ်ကြီးတွေကို စိတ်မချနိုင်သလို ဘူတာအတွင်းပိုင်းအထိ အထူးခွင့်ပြုချက်ယူပြီး လိုက်ပို့လိုက် သေးတယ်။ ပြီးတော့လည်း ခရီးဆောင်အိတ်တွေကို အထူးဂရုစိုက်ကြဖို့၊ အန္တရာယ်ကင်းကင်းနဲ့ ခရီးဆက်နိုင်ဖို့ အထပ်ထပ်မှာရှာတယ်။ အဲဒါအပြင် မစ္စချန်ရှီ(ChenXi)က လိုက်ပို့တဲ့ ဘတ်စ်ကားပေါ်မှာရော ဝီချက်(WeChat) ကနေပါ အခုလို့ နှုတ်ဆက်စကား ဆိုရှာတယ်။
rhdr
မစ္စချန်ရှီ(ChenXi)နဲ့ ဟူနန်ပြည်နယ်အစိုးရရုံးရှေ့မှာ
u1018u1030u1010u102c
ဘူတာအတွင်းပိုင်းအထိ အထူးခွင့်ပြုချက်ယူ
လိုက်ပို့ပေးတဲ့ မစ္စတာယွီမင်း(YuMing)
ဟူနန်မှာ ၅ရက်တာခရီးက မြန်မြန်ဆန်ဆန်ကြီးကုန်ဆုံးသွားတယ်။ ဒီမှာရှိနေစဥ်ကာလအတွင်း မင်း(အဆွေတော်) တို့ရဲ့ ရိုးသားတဲ့အပြုံး၊ ဂရုတစိုက်နားထောင်မှု၊ သေသေချာချာ မှတ်စုလိုက်နေမှုတွေကို မြင်တွေ့ရတာက သူတို့(မိမိတို့) ရင်ထဲကို ထိထိရှရှရှိလှတယ်။ လူ‌ပေါင်း ၇ဘီလီယံလောက်နေတဲ့ ဟောသည်ကမ္ဘာကြီးပေါ်မှာ ၅ရက်တာ အတူဆုံစည်းခွင့်ရတာက ဘယ်လောက်ကံထူးလိုက်လေသလဲ။ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ မင်း (အဆွေတော်)တို့ လုပ်ငန်းမှာ အောင်မြင်ပါစေ၊ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်။ တရုတ်-မြန်မာချစ်ကြည်ရေး အဓွန်ရှည် တည်မြဲပါစေ၊ နေ့သစ်တိုင်းမှာ မြန်မာနိုင်ငံကြီး ကောင်းမွန်တိုးတက်ပါစေ၊ အခွင့်အခါသင့်ရင် ဟူနန်ပြည်နယ်၊ ချန်ရှာမြို့ကို နောက်တစ်ခေါက်အလည်လာခဲ့ကြဖို့ ဖိတ်ပါသတဲ့လေ။ ‌ယောက်ျားရင့်မာကြီးတွေမို့ မချိပြုံးကိုယ်စီ ပြုံးလိုက်ကြရသည့်တိုင်း ခွဲခွာရတော့မယ့် အစ်မရင်း၊ ညီမရင်း တစ်‌ယောက်လိုပါပဲ။ မိန်းမသားဖြစ်တဲ့ ဆရာမဒေါ်နုနုကြည်(အမေ့အိမ်)တော့ မစ္စချန်ရှီ(ChenXi)ကို ဖတ်ပြီး ငိုရှာလေရဲ့။ သူ့နှုတ်ဆက်စကားကို ကြည့်ရင် ကျွန်တော်တို့အဖွဲ့ကို သူဘယ်လောက်အထိ ဂရုတစိုက်ရှိခဲ့သလဲ၊ စောက်ရှောက်ခဲ့သလဲ ခန့်မှန်းလို့ ရနိုင်တယ်။ မိန်းမသားတွေမှာပဲရှိတတ်တဲ့ မွေးရာပါမိခင်စိတ်က သူလိုနိုင်ငံ တကာဆက်ဆံရေးဌာန ဝန်ထမ်းတစ်ယောက်မှာရှိနေတာ အဲဒီဌာနအတွက် ဘယ်လောက် ကံကောင်းလိုက်လေ သလဲ။ တာဝန်တစ်ခုကို ကျေပွန်အောင်ထမ်းဆောင်တာထက် အများကြီးပိုပါတယ်။

u101bu1011u102cu1038-4
ကျည်ဆံရထားပေါ်အတက်
မတ်လ ၂၆ရက် နေ့ခင်း ၁နာရီ ၂၆မိနစ်မှာ ဟူနန်ပြည်နယ် ချန်ရှာမြို့တောင်ပိုင်းဘူတာရုံကနေ ကွမ်ရှီပြည်နယ် လျှိုကျို့မြို့ဆီ ၁၄ဦးပါဝင်တဲ့ ကျွန်တော်တို့ တရုတ်-မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ခရီးဆက်ခဲ့ ကြတယ်။ မစ္စချန်ရှီ(ChenXi)နဲ့ မစ္စတာယွီမင်း(YuMing)တို့ စိတ်ပူမယ်ဆို ပူလောက်စရာ၊ ရထားစီးဖို့ စင်္ကြံမှာ ရပ်စောင့်တဲ့နေရာ လွဲနေလို့ ကျွန်တော်တို့အဖွဲ့ ရထားရပ်တဲ့နေရာဆီ ဒရောသောပါး ပြေးခဲ့ကြရတယ်။ မပြေးလို့ လည်း မဖြစ်ဘူး။ ကျွန်တော်တို့အဖွဲ့ စီးရမယ့်ရထားစောင့်နေတုန်း မြင်တွေ့နေရတာက ဘူတာမှာ ရထားရပ်တဲ့ အချိန်ဆိုတာ ခဏဆိုမှ ခဏလေး။ အဲဒီတော့ ကျွန်တော်တို့အဖွဲ့ရပ်စောင့်နေတဲ့ နေရာနဲ့ တစ်ပြဝက်လောက်မှာ ရပ်လိုက်တဲ့ရထားဆီ အပြေးတပိုင်းသွားကြရတော့တယ်။ ရထားပေါ်ရောက်လို့ ကိုယ့်နေရာကိုယ်မှ မယူရသေး ဘူး ရထားက ထွက်တော့တာပဲ။

ရထားစထွက်လိုက်တဲ့အချိန်မှာ နေရာမယူရသေးတဲ့ ကိုမျိုးဝင်းထွန်း(မုံရွာ) လဲကျမလိုဖြစ်သွားတယ်။ ရပ်မြဲရပ် နေလိုခြင်း၊ သွားမြဲသွားနေလိုခြင်းဆိုတာ ရူပဗေဒသဘောတရားအရ အီနားရှား(Inertia)ပါ။ ၁၉၆၀ခုနှစ်ဝန်းကျင် ဘာကလေ၊ ကယ်လီဖိုးနီးယားတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာ လော့ဖီဇ‌ဒေ(Lotfi Zadeh)က ဖာစီလော ဂျစ်(Fuzzy Logic) ကို ဖော်ထုတ်နိုင်ခဲ့တယ်။ သူ့အဆိုအရ လောကမှာ မှားတယ်ဆိုလည်း လုံးဝကြီးမှားတယ်၊ မှန်တယ်ဆိုလည်း လုံးဝကြီးမှန်တယ်လို့မရှိဘူး။ ရာခိုင်နှုန်း ဘယ်လောက်မှား၊ ဘယ်နှစ်ရာခိုင်နှုန်းမှန်တယ် ဆိုတာသာရှိတယ်လို့ဆိုတယ်။ သူရဲ့ ဖာစီလောဂျစ်က ဆိုကရေးတီးတို့ခေတ်ကတည်းက ရှိလာတဲ့ အစုပါဝင်မှု သင်္ချာနိယာမကို ချေဖျက်လိုက်သလို ကွန်ပျူတာနည်းပညာကို တစ်ခေတ်စမ်းစေနိုင်ခဲ့တယ်။ အစဥ်အလာ အစုပါဝင်မှုသီအိုရီက ဒီဘက်မှာပါနေရင် ဟိုဘက်မှာ လုံးလုံးမပါဝင်နိုင်ဘူးဆိုတဲ့ မဖြူရင်မဲ၊ မမဲရင်ဖြူဆိုတဲ့ တရားသေဝါဒရယ်ပါ။
u101bu1011u102cu1038-3-1
ကျည်ဆံရထားပေါ်မှာ အေးအေးဆေးဆေး သတင်းရေးနေနိုင်တယ်
မိုးလေဝသတင်းတွေမှာ ရွာရန်ရွာနှုန်း ဘယ်လောက်ဆိုတဲ့ ဖြစ်တန်စွမ်းတွေက ဖာစီလောဂျစ်ပါပဲ။ အဲဒီဖြစ်တန်စွမ်း ဖာစီလောဂျစ်ကို အသုံးချပြီး ၁၉၈၀ခုနှစ်ဝန်းကျင်မှာ ဂျပန်နိုင်ငံ ဟီတာချီ ကုမ္ပဏီက ရထားတွေမှာအသုံးပြုဖို့ စတင်ကြိုးစားခဲ့တယ်။ ၁၉၈၅ခုနှစ်မှာတော့ ဖူဂျီလျှပ်စစ်ကုမ္ပဏီက ဖာစီလောဂျစ်ကို အသုံးပြုထားတဲ့ ယန္တရားတွေကို စီးပွားဖြစ်ထုတ်လုပ်ဖို့ ကြိုးစားခဲ့ရာမှာ ကျည်ဆံရထားလည်း ပါဝင်ခဲ့တယ်။ ၁၉၈၇ခုနှစ် မှာ ၁နာရီကို ၇၅ကီလိုမီတာ(၄၅မိုင်)မောင်းနိုင်တဲ့ အလွန်တည်ငြိမ်တဲ့ ကျည်ဆံရထားကို ထုတ်လုပ်နိုင်ခဲ့တယ်။ အဲဒါနဲ့အတူ ရထားစထွက်တဲ့အချိန်မှာ ခန္ဓာကိုယ်လန်သွား၊ ငိုက်သွားတတ်တဲ့ အီနားရှား (Inertia)မရှိတော့ဘူးလို့ဆိုခဲ့တယ်။ ဒီရထားမှာ အတွဲလေးတွဲပါဝင်ပြီး ရထားတစ်တွဲကို ခရီးသည် ၁၄၄ယောက် စီးနင်း လိုက်ပါနိုင်တယ်။
u1018u1030u1010u102c-3
CRH380AL-2625 ကျည်ဆံရထားနဲ့ အမှတ်တရ
ဒီကနေ့ခေတ် တရုတ်နိုင်ငံရဲ့နောက်ဆုံးမျိုးဆက် ကျည်ဆံရထားတွေကတော့ တစ်နာရီကို ၄၂၀ကီလိုမီတာ (၂၅၂မိုင်)နှုန်းနဲ့ မောင်းနှင်နိုင်ပါပြီ။ ကျည်ဆံရထားတွေဟာ ရှေးခေတ်က မြန်မာအခေါ် ဓာတ်ရထား လျှပ်စစ်ရထား တွေကို အခြေခံယူ တည်ဆောက်ထားတာမို့ ဒီလိုရထားမျိုးတွေ အသုံးပြုနိုင်ဖို့ဆိုရင် လျှပ်စစ်စွမ်းအင်လုံလုံ လောက်လောက်ရှိဖို့က အဓိကလိုအပ်ချက်ပါ။ ကျွန်တော်တို့အဖွဲ့စီးခဲ့ရတဲ့ ကျည်ဆံရထားကတော့ ကွမ်ရှီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နန်နင်းမြို့ မီးရထားအဖွဲ့အတွက် ကာဝါဆာကီကုမ္ပဏီက ၂၀၀၇ခုနှစ်မှာ ထုတ်လုပ် ပေးထားတဲ့ CRH2C မျိုးဆက်ပါ။ ဒီရထားမှာ အတွဲ ၈တွဲပါြပီး ခရီးသည် ၆၀၀ကျော်စီးနင်းနိုင်တယ်။ စွမ်းအင်သုံးစွဲမှုက ၂၅ကီလိုဗို့(ဗို့အားနှစ်သောင်းခွဲ)နဲ့ ကြိမ်နှုန်း ၅၀ပါ။ ဒါဟာ လက်တလောမြန်နှုန်းမြင့် ကျည်ဆံ ရထားတွေမှာ ပုံမှန်သုံးနေတဲ့ စွမ်းအင်သုံးစွဲမှုပါပဲ။ မြန်နှုန်းက တစ်နာရီ ၃၅၀ကီလိုမီတာ (၂၁၇မိုင်)အထိ မောင်းနိုင်တယ်။ သို့သော်လည်း လမ်းအနေအထားအရ တစ်နာရီ ကီလိုမီတာ၃၀၀ (၁၉၂မိုင်) ဝန်းကျင်ထက် ပိုမမောင်းပါဘူး။
u101bu1011u102cu1038-2-1
တစ်နာရီ ကီလိုမီတာ၃၀၀ (၁၉၂မိုင်)ဝန်းကျင်ထက် ပိုမမောင်းပါဘူး
ကြားဘူတာတွေမှာ ရထားမရပ်မီနဲ့ရထားရပ်တိုင်း အခုက ဘယ်ဘူတာ၊ အပြင်မှာ ရာသီဥတု အပူချိန်ဘယ် လောက်၊ တံခါးမဖွင့်သေးမချင်း တံခါးနောက်မှာပဲနေပေးဖို့ အမြဲသတိပေးတယ်။ ကျွန်တော်တို့အဖွဲ့ ဒုတိယတန်း ကစီးခဲ့ရာမှာ သန့်ရှင်းရေးဝန်ထမ်းက ၄၅မိနစ်တစ်ခါလောက်လာတယ်။ လာတိုင်း ထိုင်ခုံနောက်ကျောတွေမှာ အမှိုက်ရှိသလားကြည့်တယ်။ အဲဒီထိုင်ခုံနောက်ကျောမှာ ထည့်ပေးထားတဲ့ တစ်ထွာသာသာ စက္ကူအမှိုက်အိတ် ကလေးထဲ အမှိုက်ရှိနေတာမြင်ရင် သိမ်းသွားပြီး နောက်ထပ် အမှိုက်ထည့်ဖို့ စက္ကူအိတ်လေး အသစ်လဲပေးသွား သေးတယ်။ ၃နာရီ ၁၅မိနစ်လောက်စီးပြီးတဲ့နောက်မှာ ကျွန်တော်တို့အဖွဲ့ခရီးစဥ်ထဲက ဒုတိယပြည်နယ်၊ ဒုတိယမြို့ ဖြစ်တဲ့ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ဘူတာရုံကို ညနေ ၄နာရီ၄၅မိနစ်လောက်မှာ ချောချောမောမောရောက်သွား ခဲ့တယ်။ မိုးနဲ့အတူလို့ပြောရလေမလား။ တဖက်ပြည်နယ်မှာ ကျန်နေခဲ့သူတွေကို လွှမ်းလို့ကျတဲ့ မိုးမျက်ရည်လို့ ပြောရလေမလား။ မိုးဖွဲလေးနဲ့အတူ လျှိုကျို့မြို့က ကြိုနေလေရဲ့။
liuzhou
လျှိုကျို့မြို့
liuzhou4
လျှိုကျို့မြို့
ဒါသည်ပင် လျှိုမြစ်ထဲကို ညရှုခင်းသွားကြည့်တဲ့အချိန် အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့အဖွဲ့ ကြိုမသိခဲ့ကြဘူး။ ကွမ်ရှီပြည်နယ် နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး မစ္စတာ ဟွမ်ရှောင်ရုန်(HuangXiaoRong)၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ အာဆီယံဌာနခွဲက မစ္စတာလျှောင်ဘင်(LiaoBin) နဲ့ အဖော်အမျိုးသမီးတစ်ဦးက ကျွန်တော်တို့အဖွဲ့ကို လျှိုကျို့ဘူတာမှာ မီနီဘတ်စ်နဲ့ အဆင်သင့်စောင့်နေခဲ့တယ်။ ဘတ်စ်ကားပေါ်မှာ မစ္စတာဟွမ်က လျှိုကျို့မြို့ရဲ့ လူဦးရေနဲ့ နောက်တစ်ရက်မှာ ကျွန်တော်တို့အဖွဲ့ သွားလေ့လာ ရမယ့် နေရာတွေအ‌ကြောင်း၊ လျှိုကျို့မြို့ရဲ့ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုလုပ်ငန်းတွေအ‌ကြောင်း အတိုချုပ်ရှင်း ပြတယ်။ အချက်အလက်အားကိုးနဲ့ အလုပ်လုပ်ရတဲ့ သတင်းစာဆရာပင်ဆိုသော်လည်း သူပြောသွားတဲ့စကား တွေထဲက နားထဲစွဲကျန်နေခဲ့တာတစ်ခုပဲရှိတယ်။ အဲဒါက သူဖွဲ့နွဲ့ပြောသွားတဲ့ လျှိုကျို့မြို့အလှ တရားပါ။ (ဆက်လက်ဖော်ပြပါမည်)
အောင်မျိုးထွန်းကျော်
Credit : PaukPhaw

နန်နင်းမြို့ ကျုန်ရှန် အစားအသောက်ညဈေးသို့ အလည်တစ်ခေါက်

"နန်နင်မြို့ကို လာရောက်ရတာ ပင်ပန်းသွားပြီလို့ ထင်ပါတယ်။ နန်နင်းမြို့ကို လည်ပတ်စေချင်တဲ့အတွက် အချိန်တွေအများကြီး မဖြုန်းတော့ပါဘူး။ ဟိုတယ်ကို ရောက်ပြီး ရှော့ပင်မသွားဘူး။ ကျုန်ရှန်လမ်းကို မသွားဘူး ဆိုရင်တော့ ကျွန်မဝမ်းနည်းရပါလိမ့်မယ်။ ဒါပေမယ့် လုံခြုံရေးကိုတော့ အထူးဂရုစိုက်ပါဦး။ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်" 
wechat-image_20190404193605-1
နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စဝေယွီ (Wei Yu)ကို
တရုတ်-မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့က အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်စဉ်
သံခင်းတမန်ခင်းမို့ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စဝေယွီ (Wei Yu)က အဲဒီလိုလေး ပြောလိုက်တယ်ဆိုရင်ပဲ ကျွန်တော်တို့အဖွဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် တိုင်ပင်လိုက်ကြ တယ်။ မဖြစ်မနေ သွားကြရလိမ့်မယ်။ ခရီးပန်းလို့ ဟိုတယ်မှာ နေခဲ့ချင်သူတွေလည်း နေခဲ့ဖို့ သဘောတူလိုက်တယ်။ တကယ်တော့ ၁၄ဦးပါဝင်တဲ့ ကျွန်တော်တို့ သတင်းစာဆရာ၊ စာရေးဆရာ၊ ဓာတ်ပုံဆရာတွေပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အတွက် ဒီမြို့က ၈ ရက်ကြာခရီးစဉ်ရဲ့ နောက်ဆုံး မြို့ရယ်ပါ။ ရတဲ့အချိန်တိုလေးတွေ မှာ ကိုယ်လိုချင်တဲ့ အချက်အလက် စုံအောင်ရဖို့ မလွယ်ပါဘူး။ ဒါကြောင့် ပုံမှန်ထက်ပိုပြီး ကျွန်တော်တို့ အလုပ်လုပ်ကြရပါတယ်။
wechat-image_20190404193632
၁၉၅၈ခုနှစ် နန်နင်းမှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ နန်နင်း(NanNing‎)၊ ကွေ့လင်(GuiLin‎)၊
လျှိုကျို့ (LiuZhou‎) မြို့တွေရဲ့ အကြီးစားစက်မှုစီမံကိန်တွေအတွက် ဥက္ကဋ္ဌကြီးမော်စီတုန်း ခွင့်ပြုပေးခဲ့တဲ့စားပွဲ
မစ္စဝေယွီတို့ ကျွန်တော်တို့အဖွဲ့ကို ညစာတည်ခင်းတဲ့ မင်ယွမ်ဟိုတယ်က အစဉ်အလာကြီးတယ်။ နိုင်ငံတ ကာက လာတဲ့ အဆင့်အမြင့်အရာရှိ အတော်များများ တည်ခိုခဲ့ဖူးတဲ့နေရာ၊ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး ဥက္ကဋ္ဌကြီးမော် တည်ခိုခဲ့ဖူးတဲ့နေရာ၊ လျှိုကျိုမြို့စက်မှုစီမံကိန်းအတွက် မော်ကိုယ်တိုင် လက်မှတ်ရေးထိုး ခွင့်ပြုပေးခဲ့တဲ့ နေရာပါ။
wechat-image_20190404193449
ကျုန်ရှန်လမ်းညစျေး
ကျုန်ရှန်လမ်းက ကျွန်တော်တို့ တည်းခိုတဲ့ နန်နင်းဟိုတယ်နဲ့ နှစ်လမ်းကျော်မှာ ရှိတယ်။ တရုတ်နိုင်ငံရဲ့ နာမည်ကြီး အစားအသောက်စျေးတွေထဲက တစ်ခုပါ။ အဲဒါအပြင် နန်နင်းမြို့ရဲ့ အဓိကကျတဲ့ ညစျေးလည်း ဖြစ်ပါတယ်။ သူက ညနေ ၄ နာရီလောက်ကနေ နံနက် ၃ နာရီလောက် အထိဖွင့်တယ်။ ၁၄ ယောက်လာတဲ့ အဖွဲ့မှာ နှစ်ယောက်သာ ဟိုတယ်မှာနေခဲ့ပြီး၊ ကျန် ၁၂ ယောက်လုံး အဲဒီစျေးရှိရာဆီ သွားခဲ့ကြတယ်။ ကျုန်ရှန် လမ်းလျှောက်ညစျေးက ရုန်ကျန်မြစ်ကမ်း မနီးမဝေး၊ ရုန်ကျန်မြစ်ကူးတံတားနဲ့ တောင်ယွမ်မြစ်ကူးတံတား အကြား၊ ကျန်ဘေ့ရိပ်သာလမ်းနဲ့ ဂုန်ဟီလမ်းကြားမှာ ရှိတယ်။

တရုတ်နိုင်ငံရဲ့ ခရီးသွားလာရေးဝက်ဘ်စာမျက်နှာတွေကို ဝင်လေ့လာကြည့်တဲ့အခါ ကျုန်ရှန်လမ်း ညစျေးက ကွမ်ရှီပြည်နယ်၊ နန်နင်းမြို့ရဲ့ ခရီးသွားလာရေး ဆွဲဆောင်တဲ့ အထင်ကရနေရာ တစ်ခုပါ။

wechat-image_20190404193509
နန်နင်းဟိုတယ် တောင်ဖက်ဂိတ်ပေါက်ကနေ မင်းရှန်လမ်းကိုကျော်ပြီး ချောင်ရမ်းလမ်းနဲ့ မင်ချုရိပ်သာလမ်းဆုံ ကို ရောက်တာနဲ့ လူပင်လယ်ကြီးနဲ့ ကြက်ပျံမကျစည်ကားနေတဲ့ ကျုန်ရှန်ညစျေးကို လှမ်းမြင်ရတာက တစ်နှစ်မှ တစ်ခါလုပ်တဲ့ ရွာဘုရားပွဲနဲ့တောင် တူနေသေးတော့တယ်။ မင်ချုရိပ်သာလမ်းကိုကျော်ပြီး ကျုန်ရှန် လမ်းကိုကူးဖို့ စက္ကန့်သုံးဆယ်လောက် စောင့်ရတယ်။ ကျယ်ဝန်းလှတဲ့ လမ်းကိုဖြတ်ကူးဖို့ လမ်းဆုံမီးပွိုင့်မှာ ယာဉ်ထိန်းရဲ တစ်ယောက် ကိုတောင် မမြင်မိခဲ့ဘူး။ အုံနဲ့ကျင်းနဲ့ သွားနေကြတဲ့ လူတွေက မီးနီမယ့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ပေး ကြသလို၊ မီးနီခါနီးအချိန်ကို အလုအယက်ဖြတ်ကူးဖို့ အရှိန်မလျော့ဘဲမောင်းတဲ့ ကားရယ်လို့လည်း မမြင်မိခဲ့ဘူး။ အားလုံးက တက်တက်ကြွကြွ လှုပ်ရှားနေကြတာ မှန်ပေမယ့် ပျာယာခက်နေကြတာမျိုး မဟုတ်ဘူး။ သူတို့ကို ဒီလိုစိတ်ရှည်နိုင်အောင် ဘယ်အရာတွေက စေ့ဆော်နေတာလဲ။ ကျွန်တော်တို့ အဖွဲ့ ရောက်ခဲ့တဲ့ ပြည်နယ်နဲ့ မြို့တွေမှာ နေရာအတော်များများက မြို့လူထု စိတ်လက်ကြည်လင်၊ အေးအေးသက်သာ နေနိုင်မယ့် အခြေအနေတွေ ဖန်တီးပေး ထားတာ သတိထားမိတယ်။
f_ca317c55f89977896313fe76b54b2b61
လမ်းဆုံလမ်းထောင့်တွေမှာ အရိပ်ကောင်းတဲ့သစ်ပင်ကြီးတွေ၊ အဲဒီသစ်ပင်တွေအောက်မှာ အမြဲသန့်ရှင်းေ နတဲ့ ထိုင်ခုံတွေ၊ ကျောက်ခုံတွေ၊ သွားရေးလာရေးအတွက် စက်ဘီးတွေ၊ လျှပ်စစ်ဆိုင်ကယ်တွေ ပေါပေါများများ ရှိနေတယ်။ လမ်းတွေဆိုလည်း ကားလမ်းကသက်သက်၊ စက်ဘီးဆိုင်ကယ်လမ်းကသက်သက်၊ အဲဒီစက်ဘီးဆိုင်ကယ်လမ်းတွေ ထဲ ကားတက် မမောင်းနိုင်အောင် လမ်းအဝင်ဝတွေမှာ ငုတ်တိုင်တွေ ဆိုက်ထားတာမျိုးတွေက မိမိကိုယ်ကိုလုံခြုံတယ် လို့ ခံစားရစေတယ်လေ။

နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စဝေယွီနဲ့ တာဝန်ရှိသူတွေဧည့်ခံတဲ့ ညစာစားပြီးမှ ထွက်လာကြတာမို့ ကျွန်တော်တို့အဖွဲ့ စျေးအတွင်းကို လေ့လာရုံသက်သက်၊ ရောက်ဖူးရုံသက်သက် ရောက် သွားခဲ့ကြတယ်။ ဒီစျေးမှာက တရုတ်နိုင်ငံ ပြည်နယ်ပေါင်း ၃၃ ပြည်နယ်က တရုတ်ရိုးရာအစားအစာတွေကို တည်ခင်း ရောင်းချနေကြတာပါ။ အကင်၊ ပင်လယ်စာ၊ အသီးအနှံနဲ့ အခြားထူးခြားတဲ့ အစားအစာပေါင်းစုံကို မြည်းစမ်းကြည့် ခွင့်ရကြမှာပါ။
အောင်မျိုးထွန်းကျော်
Credit : PaukPhaw

အိုင်တီကမ္ဘာပြုမှုဒဏ်ကို ကွမ်ရှီသတင်းဌာန ခံနေရ

img_7272-2
ကွမ်ရှီသတင်းဌာနအနေနဲ့ ခေတ်လိုအပ်ချက်အရ ကွမ်ရှီသတင်းဝဘ်ဆိုက်ကိုတည်ထောင်လွှင့်ထူးထားရပေမယ့် ယနေ့အချိန်အထိ အကျိုးအမြတ်တစုံတရာ မရသေးဘူးလို့ ပြည်ပမီဒီယာဌာနညွှန်ကြားရေးမှူး မစ္စတာရှာ ဟိုက်ချန်(Xia Hai Cheng)က ပြောပါတယ်။
img_7190

ကွမ်ရှီပြည်နယ်၊ နန်နင်မြို့၊ ကွမ်ရှီသတင်းဌာနကို မတ်လ ၂၈ရက်မွန်လွဲပိုင်းက ၁၄ဦးပါဝင်တဲ့ တရုတ်-မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သွားရောက်လေ့လာစဉ် ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။
img_7198

တစ်ကမ္ဘာလုံးမှာရှိတဲ့အခြားသောသတင်းဌာနတွေနည်းတူ အိုင်တီခေတ်ရဲ့ရိုက်ခေတ်မှုဒဏ်ကို ခံနေရပြီး ငွေရ နိုင်မယ့်နည်းလမ်းအတွက် အဖြေမရှိသေးဘူးလို့ မစ္စတာရှာဟိုက်ချန်က ဖြည့်စွက်ပြောပါတယ်။
img_7218

၂၀၁၂ခုနှစ်က စတင်လည်ပတ်ခဲ့တဲ့ ကွမ်ရှီသတင်းဌာနမှာ သတင်းစာ၊ ရုပ်သံနဲ့ အွန်လိုင်း သတင်းဌာနတွေရှိ တယ်လိုသိရတယ်။ ကွမ်ရှီနေ့စဉ်သတင်းစာအနေနဲ့ စောင်ရေ နှစ်သိန်းလေးသောင်းထုတ်ဝေနေပြီး၊ ရုပ်သံလိုင်း ချန်နယ် ၁၀ခုနဲ့ လည်ပတ်နေတာပါ။ သူတို့ရဲ့ တစ်နှစ်တစ်နှစ်ဝင်ငွေ လည်ပတ်မှုက ယွမ်သန်း၅၀၀ကျော်၊ ၆၀၀ရှိတယ်လို့ သိရပါတယ်။ သူတို့အနေနဲ့ ကွမ်ရှီသတင်းဌာနကို ဗဟိုချက်ထားပြီး၊ ကွမ်းရှီပြည်နယ်၊ တရုတ်တစ်နိုင်ငံလုံး၊ အရှေ့တောင်အာရှဒေသတွင်းက သတင်းသမားတွေနဲ့ ချိတ်ဆက်ပြီး အိုင်တီခေတ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို အဖြေရှာဖို့ ဗျူဟာချမှတ်ထားပြီလို့လည်း သိရပါတယ်။
img_7192
img_7256
img_7244
img_7214
img_7240
အောင်မျိုးထွန်းကျော်
Credit : PaukPhaw

SmartCity တစ်ခုဖန်တီးရာမှာ အချက်အလက်တွေတစုတစည်းတည်းရှိဖို့လို

img_20190329_104156
စမတ်စီးတီးတစ်ခုတည်ဆောက်ရာမှာ တကွဲတပြားစီဖြစ်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ လူမှုဘဝနေထိုင်မှုလုပ်ငန်းတွေက အချက်အလက်တွေကို ဆာဗာတစ်ခုတည်းမှာ ချိတ်ဆက် ထားရတယ်လို့ တရုတ်-အာဆီယံစမတ်မြို့တော် ဆန်းသစ်တီထွင်ရေးစင်တာ တာဝန်ရှိသူ မစ္စတာအက်ဒီလီက ပြောပါတယ်။
img_20190329_102055
မတ်လ ၂၉ ရက် နံနက်ပိုင်းက ကွမ်ရှီပြည်နယ် နန်နင်းမြို့မှာရှိတဲ့ အဲဒီဆန်း သစ်တီထွင်ရေးစင်တာကို တရုတ်-မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သွားရောက် လေ့လာစဉ် အဲဒီလို ပြောကြားခဲ့တာပါ။ 
img_7331
စမတ်စီးတီးရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုကြရာမှာ အဓိကတူညီတဲ့အချက်သုံးခုရှိကြောင်း မစ္စတာ အက်ဒီလီ က ရှင်းပြပါတယ်။ အဲဒါတွေက အီးဂါဘာမန့်ဝန်ဆောင်မှု၊ စီးပွားရေးဝန်ဆောင်မှုနဲ့ ပြည်သူလူထုဝန်ဆောင်မှု လုပ်ငန်းတွေလို့ ဆိုတယ်။ အဲဒီအချက်အလက်တွေနဲ့ ဖန်တီးထားတဲ့ နန်နင်းကိုချစ်တယ်လို့ အဓိပ္ပာယ်ရတဲ့ စမတ်ဖုန်း သုံးအက် ပလီကေးရှင်းကို ပြီးခဲ့တဲ့နှစ် နှစ်ဦးပိုင်းက စတင်အသုံးပြုခဲ့ရာမှာ သုံးစွဲသူ ၁၈သိန်းကျော် ရှိလာ ပြီလို့သိရတယ်။
img_7320
ဒါဟာ ကွမ်ရှီပြည်နယ်မှာရှိတဲ့ ၂၀၁၆ ခုနှစ် လူဦးရေစာရင်း ၄၈သန်းကျော်ရဲ့ ၃ ဒဿမ ၈ ရာခိုင်နှုန်း ရှိနေတာ လည်း ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းကို နယ်ပယ် ၇ ခုမှာ အသုံးပြုနိုင်ပြီး အစိုးရဌာန ၄၂ ခု နဲ့ အချက်အ လက်ချိတ်ဆက်ထားကာ ဝန်ဆောင်မှု ၇၂ မျိုး ပေးနိုင်တယ်လို့ဆိုတယ်။ ကွမ်ရှီပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံမိလာ တဲ့အခါ နန်နင်းဆိုတဲ့ အသုံးအနှုန်းအစား ကွမ်ရှီကိုချစ်တယ် ဆိုတာမျိုးနဲ့ အစားထိုး အသုံးပြုသွားမယ် လို့ပြောတယ်။ ဒါဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးမှာ အင်အားရှိလာဖို့ ရည်ရွယ်ထားတာလို့ ၁၄ ဦးပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို ရှင်းပြပါတယ်။
img_20190329_095833
smart4
smart
img_20190329_103403-1
အောင်မျိုးထွန်းကျော်
Credit : PaukPhaw