Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

ငါးမန်းစာ

shark-bait

ပင်လယ်ပြင်ဆိုင်ရာဇီဝဗေဒပညာရှင်တစ်ဦးက ငါးမန်းတစ်ကောက်ကို စမ်းသပ်ခန်းထဲရှိတဲ့ လက်တွေ့စမ်းသပ်ချက်ပြုလုပ်မယ့် ကန်အကြီးကြီးတစ်ခုထဲ ထည့်လိုက်တယ်။ ပြီးတော့ ငါးစားအဖြစ် ငါးသေးသေးလေးတွေကိုလည်း ထည့်ပေးလိုက်တယ်။

သူမျှော်လင့်ထားတဲ့အတိုင်းပဲ ငါးမန်းက ငါးလေးတွေကို ချက်ချင်းတိုက်ခိုက်စားသောက်ပြစ်လိုက်တယ်။

အဲဒီနောက် အဲဒီကန်ထဲကို ကြည်လင်တဲ့ဖန်ချပ်တစ်ခုနဲ့ ထည့်ပြီး နှစ်ကန့်ကန့်လိုက်တယ် ပြီးတော့ ငါးမန်းကို ကန့်လိုက်တဲ့ကန်ရဲ့တစ်ဘက်မှာ ရှိနေစေတယ်။ ပထမတစ်ခေါက်ကလိုပဲ ငါးစားအဖြစ် ငါးအသေးလေးတွေကို ကန်ရဲ့အခြားဘက် အကန့်ထဲမှာ ထည့်ပေးလိုက်တယ်။

ငါးမန်းဟာ အဲဒီငါးသေးသေးလေးတွေကို တိုက်ခိုက်ဖို့ကြိုးစားပေမယ့် ကြားထဲမှာခံနေတဲ့ ဖန်ချပ်ကြောင့် အချည်းအနှီးဖြစ်ရတယ်။ သတ်မှတ်ရက်ပေါင်းများစွာ ငါးမန်းဟာ တိုက်ခိုက်ဖို့ကြိုးစားနေခဲ့တယ်။

နောက်ဆုံးမှာတော့ ဇီဝဗေဒပညာရှင်က ကန့်ထားတဲ့ဖန်ချပ်ကို ကန်ထဲကနေ ဖယ်ထုတ်လိုက်ပေမယ့် ငါးမန်းဟာ ငါးအသေးလေးတွေကို တိုက်ခိုက်ဖို့မကြိုးစားတော့ဘူး။ ငါးမန်းက ကန်ထဲမှာ အကာအကွယ်ရှိနေသေးတယ်လို့ ထင်တဲ့အတွက် သူ့ကြိုးစားအားထုတ်မှုကို ရပ်တန့်လိုက်တယ်။

သာမန်လူတန်းစားတော်တော်များများဟာ ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေနဲ့ အကြိမ်ကြိမ်ကြုံရပြီဆိုရင် အရှုံးပေးတတ်ကြတယ်။

ဒီဇာတ်လမ်းလေးမှာ ပေးချင်တဲ့သင်ခန်းစာက‌ ကျရှုံးမှုအမျိုးမျိုးနဲ့ အကြိမ်ကြိမ်ကြုံတွေ့ရတယ်ဆိုစေဦးတော့ အရှုံးမပေးလိုက်ကြဖို့၊ အမြဲတမ်းကြိုးစားအားထုတ်နေဖို့ပါပဲတဲ့။ ငါးမန်းကြီး လက်မလျော့ခဲ့ဘူးဆိုရင် သူ့အနားမှာ အလွယ်တကူ‌ရှိနေတဲ့ ငါးတွေကို စားခွင့်ရနေဦးမှာပါ။ ကိုယ့်အနားအလွယ်တကူရှိနေတဲ့ အခွင့်အရေးဆိုပေမယ့် ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
Trans: အောင်မျိုးထွန်းကျော်

ရန်ဖြစ်နေကြတယ်

မြန်ပြည်​ကိုလွှတ်​လပ်​​ရေး​ပေးပြီး နှစ်ပေါင်း ၇၀ ကျော်ကြာပြီးမှ ကာနယ်စလေဒင် တစ်​​ယောက်​ဘာစိတ်​ကူးရသည်​မသိ မြန်​မာပြည်​ကို လာလည်​ပါ​တော့တယ်​။

ကျွန်ုပ်​လည်း ​ဘော်​ဒါရင်​းတွေဆို​တော့ သူသွားချင်​တဲ့​နေရော​တွ လိုက်​ပို့ပေးပါတယ်​။

"ဟာ ​မောင်​ရင်​တို့ အ​တော့်ကိုထိန်းသိမ်းထားတာပဲ ကြည့်စမ်းပါအုံး ရန်​ကုန်​မြို့ကြီးက ကျုပ်​တို့အင်္ဂလိပ်​အုပ်​ချုပ်​တုန်​းကအတိုင်​းပဲ ဘာမှမ​ပြောင်​းလဲဘူး...."

"ဟုတ်..."

"ကျုပ်​ကို ဆိပ်​ကမ်းလိုက်​ပို့​ပေးပါအုံး..."

ကျွန်ုပ်လည်း ဝါးတန်းဆိပ်ကမ်းခေါ်လာတော့ ရန်ကုန်မြစ်ထဲက သင်္ဘောတွေကြည့်ပြီး

“အို့မိုင်ဂေါ့ ... ဦးနာအောက်နဲ့ ကျုပ်တို့အင်္ဂလိပ်ပိုင် ဧရာဝတီသင်္ဘောကုမ္ပဏီ ပြိုင်ခဲ့ကြတဲ့ သင်္ဘောတွေ အခုထိသုံးလို့ရနေတာ တကယ်အံ့သြတယ် မြန်မာတွေ သိပ်တော်တယ်"

ချီးကျူးကာ မန်းလေးကို ရထားဖြင့်သွားချင်သည်ဆိုသဖြင့် လိုက်ပို့ရာ

​"မောင်​ရင်​ ရထားလမ်းက ဒီတစ်​လမ်းပဲရှိတာလား...."

"ဟုတ်ပါတယ်...ကာနယ်"

"ဟာ ...ဒီရထားလမ်းက ကျုပ်​တို့​ဖောက်​ခဲ့တာ​လေ ဒါနဲ့မန်း​လေးကိုကားလမ်းဘယ်​နှစ်​လမ်းရှိလဲ.."

“သုံးလမ်းပါ။ ရန်ကုန်-ပြည်-မိတ္ထီလာ-မန်းလေး၊ ရန်ကုန်-ပျဉ်းမနား-မိတ္ထီလာ-မန်းလေး နဲ့ ရန်ကုန်-မန်းလေး အမြန်လမ်းပါ”

"ဟင်​ ​မောင်​ရင်​​ပြောသလိုဆို အမြန်​လမ်းတစ်​ခုပဲ​မောင်​ရင်​တို့ ​ဖောက်​တာ​ပေါ့ ..."

"ဟုတ်...ဟုတ်...ပါတယ်"

ကျွန်ုပ်လည်း ရှက်​ရှက်​နဲ့ဖြေလိုက်ရတယ်။

"ဒါနဲ့ မန်းလေး မြစ်ကြီးနားလမ်​းထပ်​​ဖောက်​သေးလား..."

"ရထားလမ်းရော ကားလမ်း​ရော ကာနယ်​တို့ ဖောက်ထားခဲ့တဲ့အတိုင်းပါပဲ..."

ကျွန်ုပ်​​ခေါင်းတောင်​မ​ဖော်​ရဲ​တော့

“ထားပါတော့ ရိုးမတောကြီး ကျွန်ုပ်ကြည့်ချင်တယ်။ ကျွန်ုပ်တို့ တစ်ပင်ခုတ် ၁၀ပင်စိုက်ခဲ့တာ ခုလောက်ဆို စိမ်းစိမ်းစိုစို ရှိလောက်ရောပေါ့”

"ဟို​လေ ဟို ဟို ရိုးမကြီးတော့မရှိ​တော့ပါဘူး..."

"ဘာ မောင်ရင် ..."

"ဟုတ်​ပါတယ်​ မရှိ​တော့ပါဘူး..."

"ဟာ.." ကာနယ်​စ​လေဒင်​ သူ့နဖူးသူရိုက်​ကာ ​နောက်​လှန်သွားတယ်​ ခဏနေမှ

​"မောင်​ရင်​တို့ နှစ်​၇၀ ​လောက်​ဘာလုပ်နေကြလဲ..."

ကျွန်ုပ်လည်း မပွင်တပွင့်​လေသံဖြင့်

"ရန်ဖြစ်နေကြပါတယ် ကာနယ်..."

"ငင့်"

မုဆိုးလက်