Catwidget1

Arts

တရုတ်နိုင်ငံက ချင်ရှို့တောင်သဘာဝဥယျာဥ်

img_20190329_120555

img_20190329_120648
တရုတ်နိုင်ငံခရီးသွားလုပ်ငန်းရဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ချင်ရှို့တောင် (စိမ်းလန်းလှပတဲ့တောင်) သဘာဝဥယျာဉ်ဟာ ကွမ်းရှီပြည်နယ် နန်နင်းတုန်မြို့ ချင်ရှို့ဒေသမှာရှိတယ်။ ချင်ရှို့တောင် (စိမ်းလန်းလှပတဲ့တောင်) သဘာဝဥယျာဉ်ကို နှစ်သန်းပေါင်း ၁၅၀၀ကျော်သက်တမ်းရှိတဲ့ ချင်ရှို့တောင်ပေါ်မှာ တည်ဆောက်ဖန်တီးထားတာပါ။

အဲဒီချင်ရှို့သဘာဝဥယျာဉ်ကို ၁၉၈၆ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၃ ဒဿမ ၅၄ စတုရမ်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ ပြကွက်ရှုခင်းပေါင်း ၄၀ ကျော် စီစဉ်ပြသထားတာပါ။ အဲဒီထဲမှာ ကောင်းကင်ဥယျာဉ်လို့ခေါ်တဲ့ သစ်ခွပန်းဥယျာဉ်ပြကွက်နဲ့ ဝါးဥယျာဉ်တို့က ထူးခြားပြီး ဒီဥယျာဥ်ရဲ့အဓိကပြကွက် တွေလည်းဖြစ်ပါတယ်။

img_20190329_111346-1
ဝါးဥယျာဉ်ထဲက လမ်းတွေကို တရုတ်စကားလုံး လူ (Ram ရမ်) ပုံစံခင်းထားပြီး ဒီဥယျာဉ်ထဲလမ်းပေါ် ဖြတ်လျှောက်ရသူတွေဟာ လူအားလုံးရဲ့အထက်မှာ ရှိတယ်ဆိုတဲ့အဓိပ္ပါယ်မျိုး ဖော်ထားတာလို့ ပြောတယ်။ ဒီဥယျာဥ်တောင်ကုန်းပေါ်ကနေ ချင်ရှို့‌ဒေသရဲ့ တိုးတက်လှပတဲ့ ရှုခင်းတွေကိုလည်း ခံစားနိုင်ပါတယ်။

img_7343
ချင်ရှို့သဘာဝဥယျာဉ်ကို တရုတ်နိုင်ငံသားရော၊ နိုင်ငံခြားသားတွေပါ ယွမ် ၂၀ ဝင်ကြေးပေးပြီး ဝင်ရောက် လေ့လာနိုင်တယ်။ အရပ် ၁ ဒဿမ ၂ မီတာမရှိတဲ့ ကလေးတွေနဲ့ အသက် ၆၅နှစ်အထက်အရွယ်တွေကို အခမဲ့ ဝင်ရောက်လေ့လာ ခွင့်ပြုထားပါတယ်။

img_20190329_110237
img_20190329_112208
img_20190329_111701-1




အောင်မျိုးထွန်းကျော်

0 comments: