Catwidget1

Arts

၂၀၁၈ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ် အောင်စာရင်းထုတ်ပြန်

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၂၊ ၂၃၊ ၂၄ရက်တွေက ကျင်းပခဲ့တဲ့ အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)၊ ဝိသုဒ္ဓိမဂ် စာမေးပွဲအောင်စာရင်းတွေကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ဖေဖော်ဝါရီ(၂၆)ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက်အရ အဘိဓမ္မာ(ရိုးရိုး) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူ (၃၀၇၀)ဦး အောင်ချက်ရာခိုင်နှုန်း ၉၀ဒဿမ၂၃ရာခိုင်နှုန်း၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူ (၁၀၂၈)ဦး အောင်ချက်ရာခိုင်နှုန်း ၉၄ဒဿမ၅၆ရာခိုင်နှုန်းနဲ့ ဝိသုဒ္ဓိမဂ် နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူ (၄၀၇)ဦး အောင်ချက်ရာခိုင်နှုန်း ၉၀ဒဿမ၃ရာခိုင်နှုန်းရှိတယ်လို့ သိရတယ်။

နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်း စာဖြေဌာနတွေအလိုက် အောင်စာရင်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
၁။ အဘိဓမ္မာ(ရိုးရိုး) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် တစ်နိုင်ငံလုံးအမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၂။ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် တစ်နိုင်ငံလုံးအမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၃။ ဝိသုဒ္ဓိမဂ် နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် တစ်နိုင်ငံလုံးအမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၄။ အဘိဓမၼာ(ရိုးရိုး) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းအလိုက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၅။ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းအလိုက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၆။ ဝိသုဒ္ဓိမဂ် နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းအလိုက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း

0 comments: