Catwidget1

Arts

SmartCity တစ်ခုဖန်တီးရာမှာ အချက်အလက်တွေတစုတစည်းတည်းရှိဖို့လို

img_20190329_104156
စမတ်စီးတီးတစ်ခုတည်ဆောက်ရာမှာ တကွဲတပြားစီဖြစ်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ လူမှုဘဝနေထိုင်မှုလုပ်ငန်းတွေက အချက်အလက်တွေကို ဆာဗာတစ်ခုတည်းမှာ ချိတ်ဆက် ထားရတယ်လို့ တရုတ်-အာဆီယံစမတ်မြို့တော် ဆန်းသစ်တီထွင်ရေးစင်တာ တာဝန်ရှိသူ မစ္စတာအက်ဒီလီက ပြောပါတယ်။
img_20190329_102055
မတ်လ ၂၉ ရက် နံနက်ပိုင်းက ကွမ်ရှီပြည်နယ် နန်နင်းမြို့မှာရှိတဲ့ အဲဒီဆန်း သစ်တီထွင်ရေးစင်တာကို တရုတ်-မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သွားရောက် လေ့လာစဉ် အဲဒီလို ပြောကြားခဲ့တာပါ။ 
img_7331
စမတ်စီးတီးရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုကြရာမှာ အဓိကတူညီတဲ့အချက်သုံးခုရှိကြောင်း မစ္စတာ အက်ဒီလီ က ရှင်းပြပါတယ်။ အဲဒါတွေက အီးဂါဘာမန့်ဝန်ဆောင်မှု၊ စီးပွားရေးဝန်ဆောင်မှုနဲ့ ပြည်သူလူထုဝန်ဆောင်မှု လုပ်ငန်းတွေလို့ ဆိုတယ်။ အဲဒီအချက်အလက်တွေနဲ့ ဖန်တီးထားတဲ့ နန်နင်းကိုချစ်တယ်လို့ အဓိပ္ပာယ်ရတဲ့ စမတ်ဖုန်း သုံးအက် ပလီကေးရှင်းကို ပြီးခဲ့တဲ့နှစ် နှစ်ဦးပိုင်းက စတင်အသုံးပြုခဲ့ရာမှာ သုံးစွဲသူ ၁၈သိန်းကျော် ရှိလာ ပြီလို့သိရတယ်။
img_7320
ဒါဟာ ကွမ်ရှီပြည်နယ်မှာရှိတဲ့ ၂၀၁၆ ခုနှစ် လူဦးရေစာရင်း ၄၈သန်းကျော်ရဲ့ ၃ ဒဿမ ၈ ရာခိုင်နှုန်း ရှိနေတာ လည်း ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းကို နယ်ပယ် ၇ ခုမှာ အသုံးပြုနိုင်ပြီး အစိုးရဌာန ၄၂ ခု နဲ့ အချက်အ လက်ချိတ်ဆက်ထားကာ ဝန်ဆောင်မှု ၇၂ မျိုး ပေးနိုင်တယ်လို့ဆိုတယ်။ ကွမ်ရှီပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံမိလာ တဲ့အခါ နန်နင်းဆိုတဲ့ အသုံးအနှုန်းအစား ကွမ်ရှီကိုချစ်တယ် ဆိုတာမျိုးနဲ့ အစားထိုး အသုံးပြုသွားမယ် လို့ပြောတယ်။ ဒါဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးမှာ အင်အားရှိလာဖို့ ရည်ရွယ်ထားတာလို့ ၁၄ ဦးပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို ရှင်းပြပါတယ်။
img_20190329_095833
smart4
smart
img_20190329_103403-1
အောင်မျိုးထွန်းကျော်
Credit : PaukPhaw

0 comments: