Catwidget1

Arts

သတ္တမအကြိမ်မြောက် အမျိုးသားသတင်းဆုအတွက် ပြိုင်ပွဲဝင်စာမူများဖိတ်ခေါ်


မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA မှ ကြီးမှူးကျင်းပသည့် သတ္တမအကြိမ် အမျိုးသားသတင်းဆုများ အတွက် စာမူများပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း အသင်း၏ထုတ်ပြန်ချက်အရ သိရသည်။

သတ္တမအကြိမ် အမျိုးသားသတင်းဆုအတွက် သတင်းဆုအမျိုးအစား ၆ မျိုးချီးမြှင့်ရန် သတ်မှတ်ထားရာ
၁။ အကောင်းဆုံး သတင်းဆု (The Best News Story Award)၊
၂။ အကောင်းဆုံး သတင်းဆောင်ပါးဆု(The Best Feature Award)၊
၃။ အကောင်းဆုံး သတင်းဓာတ်ပုံဆု (The Best News Photo Award)၊
၎။ အကောင်းဆုံး သတင်းကာတွန်းဆု (The Best Newspaper Cartoon Award)၊
၅။ အကောင်းဆုံးရုပ်သံသတင်းဆု (The Best TV News Story Award)၊
၆။ အကောင်းဆုံး အယ်ဒီတာ့အာဘော်ဆု (The Best Editorial Award) တို့ချီးမြှင့်မည်ဖြစ်သည်။

အဆိုပါသတင်းဆုများအတွက် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ နေ့အတွင်း သတင်းစာ၊ ဂျာနယ်၊ ရုပ်သံသတင်းများမှ ဖော်ပြပါရှိခဲ့သော မိမိရေးသားထုတ်လွှင့်ထားသည်မှ ကြိုက်နှစ်သက်သည့် စာမူ(၃)စုံ သို့မဟုတ် မိမိသဘောကျနှစ်ခြိုက်သူ၏ ရေးသားထုတ်လွှင့်ဖော်ပြချက်များကို အဆိုပြုတင်ပြကာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့ ပေးပို့ရမည်ဖြစ်သည်။

ပေးပို့ယှဉ်ပြိုင်သည့် ကိုယ်တိုင်ရေးစာမူများ၊ မိမိကြိုက်နှစ်သက်၍ အဆိုပြုရွေးချယ်ပေးပို့သောစာမူများနှင့် စပ်လျဉ်း၍ စာမူနှင့်အတူ ဆက်သွယ်ရန်လိပ်စာများ၊ ဖုန်းနံပါတ်များ တပါတည်းထည့်သွင်းပေးရန် လိုအပ်ပြီး စာမူပေးပို့ခြင်းနှင့် အသေးစိတ်အချက်အလက်များ မေးမြန်းရန်အတွက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ အမှတ်(၁၇၃/၁၇၅)၊ အခန်း(၆၀၃)၊ (၆)လွှာ၊ ပန်းဆိုးတန်းလမ်း(လယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ Email - myanmarja12@gmail.com သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

0 comments: