Catwidget1

Arts

ဂုဏ်တော်ဖွင့် (အရဟံဂုဏ်တော်)

တေးရေး- အေဝမ်းဆရာညှာ၊ တေးဆို- ပြည်လှဖေ

+++ခြေဆင်း+++ အမျိုးသားမြန်မာတို့ရယ် 
(ယောက်ျားတွေပဲပါတာ၊ မိန်းမတွေမပါဘူး မဟုတ်ပါဘူး။ မြန်မာတမျိုးသားလုံးကို ပြောတာပါ) 
ကြိုးစားပါစို့တကယ်၊ သမ္မာ သမ္မာဓိရှိမှ တည်ကြည်တယ်။

စိပ်ပုတီးကို စိပ်ကြအပေါင်းတွေ ဒိဋ္ဌကောင်းပေ အေဝမ်းကနှိုးဆော် ပြန်ပါတယ်။ 
(အေးဝမ်းဓာတ်ပြားကုမ္ပဏီက တေးရေးဆရာ အေးဝမ်းဆရာညှာက နှိုးဆော်ပေးတာပါ) 
စိပ်ပုတီးကို စိပ်ကြအပေါင်းတွေ ဒိဋ္ဌကောင်းပေ အေဝမ်းကနှိုးဆော် ပြန်ပါတယ်။ သတိရဖို့နေ့ညတကယ် အချိန်ကုန်သွား အလကားဖြစ်မယ်၊ သတိရဖို့နေ့ညတကယ် အချိန်ကုန်သွား အလကားဖြစ်မယ်၊ အို တဒင်္ဂပဟန် ထင်ရပြန် 
(တဒင်္ဂပဟန်=တဒင်္ဂပ္ပ(ပ)ဟာန ထိုထို (ကုသိုလ်-စသော)ဂုဏ်၊ အစိတ်အပိုင်းအဖို့ဖြင့် ထိုထို (အကုသိုလ်-စသော)ဂုဏ်မဲ့၊ ကျေးဇူးမဲ့ အစိတ်အပိုင်းအဖို့ကို ပယ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်)
အဖိုးအလွန်တန်ပါတယ်၊ အိပ်ယာဝင်ရင်လည်း ပုတီးကို မြဲမှ တော်ကြမယ်။ စိတ်အလိုဆန္ဒမှာ အားလုံး ပြည့်ကြဘွယ် ကိုယ့်ကိုယ် ကိုယ်ကျိုးရှာ အမျိုးသားများတို့ရယ်။ စိတ်အလိုဆန္ဒမှာ အားလုံး ပြည့်ကြဘွယ် ကိုယ့်ကိုယ် ကိုယ်ကျိုးရှာ အမျိုးသားများတို့ရယ်။ ဘုရားဂုဏ်တော်လည်း စွဲမြဲစေဖွယ် မေ့မေ့လျော့လျော့ ပေါ့ဆတာတွေဖယ်။

+++music+++

သူတော်ကောင်း သူမြတ်လောင်းတို့ အာရုံတည်ဘွယ် အဓိဋ္ဌာန်ပြုမှ ထူးတယ်၊ အရဟံဂုဏ်တော် မြဲကြတကယ်။ သူတော်ကောင်း သူမြတ်လောင်းတို့ အာရုံတည်ဘွယ် အဓိဋ္ဌာန်ပြုမှ ထူးတယ်၊ အရဟံဂုဏ်တော် မြဲကြတကယ်။ သစ်တစ်ပင်အောက်မှာ ဝါးတစ်ပင်အောက်မှာ မရောက်နိုင်သော်လည်းဘဲ ဆိတ်ငြိမ်ရာကို မဆိုလို လုပ်မှ ရကြမယ်။ သစ်တစ်ပင်အောက်မှာ ဝါးတစ်ပင်အောက်မှာ မရောက်နိုင်သော်လည်းဘဲ ဆိတ်ငြိမ်ရာကို မဆိုလို လုပ်မှ ရကြမယ်။ ဘာဝနာရေးသာ နှေးမကြာ ညွှန်းပါတယ်။ ထိုင်နေရင်းလည်း ထနေရင်းလည်း လမ်းလျှောက်ရင်းလည်း အရဟံဂုဏ် တည်နိုင်တယ်။ စိတ်အလိုဆန္ဒမှာ အားလုံး ပြည့်ကြဘွယ် ကိုယ့်ကိုယ် ကိုယ်ကျိုးရှာ အမျိုးသားများတို့ရယ်။ စိတ်အလိုဆန္ဒမှာ အားလုံး ပြည့်ကြဘွယ် ကိုယ့်ကိုယ် ကိုယ်ကျိုးရှာ အမျိုးသားများတို့ရယ်။ ဘုရားဂုဏ်တော်လည်း စွဲမြဲစေဖွယ် မေ့မေ့လျော့လျော့ ပေါ့ဆတာတွေဖယ်။

0 comments: