Catwidget1

Arts

ဂျပန်တုပ်ကွေးဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကုသရာမှာ ထိရောက်တယ်လို့ တရုတ်ပြောဆိုချက်ကို ဂျပန်ငြင်းဆို

ဒီနေ့အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကိုဗစ်နိုင်တင်း(Covid-19)ကုသဆေး တွေ့ပြီဆိုတဲ့ တရုတ်နိုင်ငံက ပြောဆိုတဲ့သတင်းဟာ အမှန်ဖြစ်ပေမယ့် ဆေးကတော့ ၂၀၁၆ခုနှစ်က ဂီနီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ရာမှာ အသုံးပြုခဲ့တဲ့ ဆေးသာဖြစ်တယ်။ ကမ္ဘာနိုင်ငံတော်တော်များများမှာ လက်ထဲရှိပြီးသား ဗိုင်းရပ်စ်သတ်တဲ့ ဆေးဝါးတွေကိုအသုံးပြုပြီး ကိုဗစ်နိုင်တင်း(Covid-19)ကုသနိုင်ဖို့ ကြိုးစာနေကြတာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစုံတရာထောက်ခံပြောဆိုခြင်းမရှိသေးတာကို သတိချပ်ပါ။ အခုသတင်းက အဲဒီပျံ့နှံ့နေတဲ့ သတင်းအပြည့်အစုံကို ဘာသာပြန်ပေးထားတာပါ။ မြန်မာလူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကုသဆေးတွေ့တယ်ဆိုတဲ့ သတင်းဟာ သတင်းထိပ်ဆုံးအဖွင့်လေးတွင် ဘာသာပြန်ထားတာဖြစ်ကြပြီး သတင်းအပြည့်အစုံမှာ ဂျပန်က အဲဒီဆေးရဲ့ကန့်သတ်ချက်တွေကို ထောက်ပြထားပါတယ်။
တရုတ်ဆေးဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတွေက တုပ်ကွေးရောဂါသစ်တွေကို ကုသရာမှာ ဂျပန်နိုင်ငံက အသုံးပြုခဲ့တဲ့ ဆေးတစ်မျိုးဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေမှာ ထိရောက်မှုရှိတာကို တွေ့ရှိခဲ့ကြောင်း ဂျပန်မီဒီယာကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဝူဟန်နဲ့ ရှန်ကျန်ဆေးရုံးတွေမှာရှိတဲ့ လူနာ ၃၄၀ကို ဖူဂျီဖလင်ဆေးဝါးထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဖာဗီပိုင်ရိုင်ဗာ (favipiravir)ဆေးကို စမ်းသပ်အသုံးပြုခဲ့ရာမှာ အားတက်စရာရလဒ်တွေထွက်လာတယ်လို့ တရုတ်သိပ္ပံနှင့် နည်းပညာဌာနတာဝန်ရှိသူ မစ္စတာကျန်ရှင်မင်က ပြောပါတယ်။

"ဒါဟာ ကုသမှုမှာထိရောက်ပြီး လုံးဝလုံခြုံစိတ်ချရတယ်"လို့ ကျန်က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အဲဒီဆေးပေးခံရတဲ့ တရုတ်နိုင်ငံ ရှန်ကျန်က လူနာတွေဟာ ၄ရက်အကြာမှာ သက်ရောက်မှုရှိလာပြီး ဆေးအပေးမခံရတဲ့ လူနာတွေရဲ့ ၁၁ရက်နဲ့နှိုင်းယှဉ်ရင် ဗိုင်းရပ်စ်ကင်းစင်သွားတယ်လို့ NHK ပြည်သူ့အသံလွှင့်ဌာနက ပြောပါတယ်။

အဲဒါအပြင် ဖာဗီပိုင်ရိုင်ဗာ (favipiravir)ဆေးအပေးခံရတဲ့ လူနာ ၉၁ရာခိုင်နှုန်းခန့်ရဲ့ အဆုတ်အခြေအနေဟာ ဆေးအပေးမခံရတဲ့ လူနာ ၆၁ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှုရှိကြောင်းကို X-rays(အိတ်စရေး ဓာတ်မှန်) နဲ့ အတည်ပြုနိုင်ခဲ့တယ်။

၂၀၁၄ခုနှစ်က အာဗီဂန်(Avigan)လို့ လူသိများခဲ့တဲ့ ဖာဗီပိုင်ရိုင်ဗာ (favipiravir)ဆေးထုတ်လုပ်ခဲ့တဲ့ ဖူဂျီဖလင် တိုယာမာ ဓာတုဗေဒဌာန ကတော့ အထက်ပါပြောဆိုချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ကျန်ရဲ့အဆိုပါ မှတ်ချက်ပေးပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မနက်ပိုင်း ကုမ္ပဏီအစုရှယ်ယာပိတ်ချိန်မှာ ၅၂၀၇ယန်းမှာ ၁၄ဒဿမ၇ရာခိုင်းမြင့်တက်ခဲ့ပြီး နေ့စဉ် ၅၂၃၈ယန်းအထိ မြင့်တက်လာပါတယ်။

ဂျပန်နိုင်ငံက ဆရာဝန်တွေဟာ ရောဂါမပြင်းထန်သူတွေမှာ အဆိုပါဆေးကို အသုံးပြုနေကြပြီး လူနာတွေမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အမည်မဖော်လိုသူတစ်ဦးကတော့ အဲဒီဆေးဟာ ရောဂါဆိုးဝါးသူတွေမှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ "ကျွန်တော်တို့ဟာ အာဗီဂန်(Avigan)ဆေးကို လူ ၇၀ကနေ ၈၀အထိ ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆေးက ဗိုင်းရပ်စ်တွေပျံ့နှံ့ပြီးသားဖြစ်နေရင် ကောင်းကောင်းအလုပ်လုပ်ပုံ မပေါ်ပါဘူး"လို့ မိုင်နီချီ ရှီဘန်ကို အဆိုပါ အမည်မဖော်လိုသူက ပြောပါတယ်။ သူက ထပ်လောင်းပြောကြားရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေကို အိပ်ချ်အိုင်ဗီဆေးတွေနဲ့ စမ်းသပ်ကုသခဲ့ရာမှာလည်း အလာတူကန့်သတ်ချက်မျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၆ခုနှစ်က ဂျပန်အစိုးရဟာ ဂီနီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ဖို့ ဖာဗီပိုင်ရိုင်ဗာ (favipiravir)ဆေးကို ထောက်ပံ့ပေးခဲ့တာပါ။

ဖာဗီပိုင်ရိုင်ဗာ (favipiravir)ဆေးကို ကိုဗစ်နိုင်တင်း(Covid-19)လူနာတွေမှာ တုပ်ကွေးရောဂါစဖြစ်ကတည်း က အပြည့်အဝအသုံးပြုဖို့ ရည်ရွယ်ခဲ့ရာမှာ အစိုးရခွင့်ပြုချက်လိုအပ်ပါတယ်။

ကျန်းမာရေးအရာရှိတဉီးကတော့ အဲဒီဆေးဝါးကို မေလအစောပိုင်းလောက်မှာ ခွင့်ပြုချက်ရနိုင်တယ်လို့ မိုင်နီချီကို ပြောပါတယ်။ "ဒါပေမယ့် လက်တွေ့သုတေသနရလဒ်တွေ ကြန့်ကြာနေရင်၊ ခွင့်ပြုချက်ရဖို့လည်း နှောင့်နှေးနိုင်ပါတယ်"
Source : The Guardian

0 comments: