Catwidget1

Arts

ပြည်တော်ဝင်

တေးဆို - ဝင်းဦး၊ အက - အင်္ဂလန်စိန်
တေးရေး - အေဝမ်းဆရာညှာ


(ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ
နေ့တိုင်းပဲ သတိရတယ်လေ
ကျုပ်တို့မြို့မ အသင်းသားများတွေ
တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ
ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ
ရွှေမန်းသူမေ မေးလိုက်သံတွေ

ကျန်းမာကြပါရဲ့လို့
မြို့မမောင်တွေ
ရွှေမန်းသူမေ ပြောလိုက်ပါလေ
စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည်
တစ်ခါတစ်လေတော့
မျှော်မှန်းလွမ်းမိ တစ်ဝေဝေ
ပြန်ချင်ဇော ရောက်ချင်ဇောနဲ့
စိတ်စောလို့သာနေ

အခါတော်ရောက်ချိန် နီးလို့လာပေ
ဒေါ်ဒေါ်မမ နှမတို့ရေ
အသဲစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ
အခါတော်ရောက်ချိန် နီးလို့လာပေ
ဒေါ်ဒေါ်မမ နှမတို့ရေ
အသဲစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ
မြို့မနဲ့အတူတကွ လိုက်ပါနိုင်စေ
အောင်စည်ယွန်းသံ ကြားပြီထင့်
ပြည်တော်ဝင်မယ်လေ)၂

🎷🎺🎻🥁🎹

မန္တလေးရွှေမြို့ တို့ရတနာပုံနေပြည်
တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ
အဲ့ဒါတွေ မတွေးကြနဲ့
ရှေ့ဆက်ကာစည်မံကြံစို့လေ
ဪ မန္တလေးရွှေမြို့ တို့ရတနာပုံနေပြည်
တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ
အဲ့ဒါတွေ မတွေးကြနဲ့
ရှေ့ဆက်ကာစီမံကြံစို့လေ

မေ့မေ့ပျောက်ပျောက် အောက်မေ့ကြပေ
တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ
မေ့မေ့ပျောက်ပျောက် အောက်မေ့ကြပေ
တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ
လူကြံရင် မခံနိုင်ဘူး အထူးပင်မှတ်တော့လေ
အရင်လိုပျော်ပျော်ရွှင်ရွှင်နေ
မြို့မအသင်းကပြောပေ
အရင်လိုပျော်ပျော်ရွှင်ရွှင်နေ
မြို့မအသင်းကပြောပေ
ဖြစ်ဟဲ့ ဆို ဖြစ်ရမယ်တဲ့
ခေတ်သစ်လူများ အားအင်တောင့်တင်းပေ

🎷🎺🎻🥁🎹

အခါတော်ရောက်ချိန် နီးလို့လာပေ
ဒေါ်ဒေါ်မမ နှမတို့ရေ
အသဲစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ
အခါတော်ရောက်ချိန် နီးလို့လာပေ
ဒေါ်ဒေါ်မမ နှမတို့ရေ
အသဲစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ
မြို့မနဲ့အတူတကွ လိုက်ပါနိုင်စေ
အောင်စည်ယွန်းသံ ကြားပြီထင့်
ပြည်တော်ဝင်မယ်လေ

0 comments: