Catwidget1

Arts

စားသုံးကုန်ပစ္စည်များနှင့် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချလျှင် ထောင်ဒဏ်၊ ငွေဒဏ်ဖြင့် အရေးယူခံရမည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကာလအတွင်း ကိုဗစ်နိုင်တင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ကြေညာလိုက်ပြီး အဆိုပါကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်မည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဟု မတ်လ ၃၀ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

0 comments: