Catwidget1

Arts

မိမိအသုံးပြုပြီးသား ပါးစပ်၊ နှာခေါင်းစည်းကို ပြန်လည်အသုံးပြုနိုင်

မိမိသုံးပြီးသား ပါးစပ်၊ နှာခေါင်းစည်(Mask) ကို ထမင်းပေါင်းအိုး (Rice Cooker) ထဲ ထည့်ပေါင်းပြီး ပြန်သုံးလို့ ရတယ်လို့ ထိုင်ဝမ်အစိုးရက ဒီကနေ့ တရားဝင် ကြေငြာချက်ထုတ်ပါတယ်။
🔹၁🔹 အချိန်အကြာကြီး သုံးထားတဲ့ Mask မဖြစ်ရ။
🔹၂🔹 သန့်နေသေးတယ်လို့ ယူဆတဲ့ Mask ကို ရေလုံးဝမဆေးရ (အရက်ပျံ လုံးဝ မဖျန်းရ)
🔹၃🔹 သုံးပြီးသားကို ခန လေသလပ်ခံထားပြီး ထမင်းပေါင်းအိုးထဲ သူ့အတိုင်း (အခြောက်) ထည့်ပါ။ ဆိုလိုတာ ရေထည့်ပြီး မပေါင်းရ။
🔹၄🔹 ခလုတ် နှိပ်ပြီး ၃-မိနစ် အပူပေး‌ပေါင်းပါ။
🔹၅🔹 သုံးမိနစ် ပြီးရင် ပြန်ထုတ်ပါ။ ပြန်လည်အသုံးပြုလို့ ရပါပြီ။
ကာကွယ်မှုက ၉၈% ကနေ ၉၅% အထိ ကျန်သေးတယ် ဆိုပါတယ်။ မညစ်ပတ်သေးရင် ၃-၄ခါမက ပြန်သုံးလို့ ရတယ် ပြောပါတယ်။ အရေးအကြီးဆုံး သတိထားရမှာက ဆေးရုံ/ဆေးခန်း ပြပြီး ပြန်အလာမှာ သုံးထားတဲ့ Mask ဆိုရင် လုံးဝ အဲဒီလို ပြန်လည်အသုံး မပြုသင့်ပါဘူး။

လင်းလင်းလတ်

0 comments: