Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

၂၀၁၈ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ် အောင်စာရင်းထုတ်ပြန်

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၂၊ ၂၃၊ ၂၄ရက်တွေက ကျင်းပခဲ့တဲ့ အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)၊ ဝိသုဒ္ဓိမဂ် စာမေးပွဲအောင်စာရင်းတွေကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ဖေဖော်ဝါရီ(၂၆)ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက်အရ အဘိဓမ္မာ(ရိုးရိုး) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူ (၃၀၇၀)ဦး အောင်ချက်ရာခိုင်နှုန်း ၉၀ဒဿမ၂၃ရာခိုင်နှုန်း၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူ (၁၀၂၈)ဦး အောင်ချက်ရာခိုင်နှုန်း ၉၄ဒဿမ၅၆ရာခိုင်နှုန်းနဲ့ ဝိသုဒ္ဓိမဂ် နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူ (၄၀၇)ဦး အောင်ချက်ရာခိုင်နှုန်း ၉၀ဒဿမ၃ရာခိုင်နှုန်းရှိတယ်လို့ သိရတယ်။

နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်း စာဖြေဌာနတွေအလိုက် အောင်စာရင်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
၁။ အဘိဓမ္မာ(ရိုးရိုး) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် တစ်နိုင်ငံလုံးအမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၂။ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် တစ်နိုင်ငံလုံးအမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၃။ ဝိသုဒ္ဓိမဂ် နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် တစ်နိုင်ငံလုံးအမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၄။ အဘိဓမၼာ(ရိုးရိုး) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းအလိုက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၅။ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းအလိုက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း
၆။ ဝိသုဒ္ဓိမဂ် နှစ်ချင်းပေါက်သုံးဆင့်လုံးအောင်မြင်သူများအနက် နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းအလိုက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)ရရှိသူများစာရင်း

၂၀၁၈ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ် အောင်စာရင်းအဆက် {အဘိဓမ္မာ(ရိုးရိုး)}

၇။ အဘိဓမၼာ(ရိုးရိုး) နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းစာဖြေဌာနအလိုက် အောင်စာရင်း
(က) ကချင်ပြည်နယ် စာဖြေဌာန အောင်စာရင်း

(ခ) ကယားပြည်နယ် စာဖြေဌာန အောင်စာရင်း


(ဂ) ကရင်ပြည်နယ် စာဖြေဌာန အောင်စာရင်း


(ဃ) စစ်ကိုင်းတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း


(င) တနင်္သာရီတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း


(စ) ပဲခူးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း


(ဆ) မကွေးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း


(ဇ) မန္တလေးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း


(စျ) မွန်ပြည်နယ် စာဖြေဌာန အောင်စာရင်း


(ည) ရခိုင်ပြည်နယ် စာဖြေဌာန အောင်စာရင်း


(ဋ) ရန်ကုန်တိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း


(ဌ) ရှမ်းပြည်နယ် စာဖြေဌာန အောင်စာရင်း


(ဍ) ဧရာဝတီတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း


(ဎ) နေပြည်တော် စာဖြေဌာန အောင်စာရင်း


(ဏ) နိုင်ငံခြား စာဖြေဌာန အောင်စာရင်း


၈။ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) အောင်စာရင်း
၉။ ဝိသုဒ္ဓိမဂ် အောင်စာရင်း

၂၀၁၈ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ် အောင်စာရင်းအဆက် {အဘိဓမ္မာ(ဂုဏ်ထူးဆောင်)}

၈။ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းစာဖြေဌာနအလိုက် အောင်စာရင်း
(က) ကချင်ပြည်နယ် စာဖြေဌာန အောင်စာရင်း
(ခ) ကယားပြည်နယ် စာဖြေဌာန အောင်စာရင်း
(ဂ) ကရင်ပြည်နယ် စာဖြေဌာန အောင်စာရင်း
(ဃ) စစ်ကိုင်းတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(င) တနင်္သာရီတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(စ) ပဲခူးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(ဆ) မကွေးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(ဇ) မန္တလေးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(စျ) မွန်ပြည်နယ် စာဖြေဌာန အောင်စာရင်း
(ည) ရခိုင်ပြည်နယ် စာဖြေဌာန အောင်စာရင်း
(ဋ) ရန်ကုန်တိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(ဌ) ရှမ်းပြည်နယ် စာဖြေဌာန အောင်စာရင်း
(ဍ) ဧရာဝတီတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(ဎ) နေပြည်တော် စာဖြေဌာန အောင်စာရင်း
(ဏ) နိုင်ငံခြား စာဖြေဌာန အောင်စာရင်း

၂၀၁၈ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ် အောင်စာရင်းအဆက် {ဝိသုဒ္ဓိမဂ်}

၉။ ဝိသုဒ္ဓိမဂ် နိုင်ငံရပ်ခြား၊ ပြည်နယ်နှင့်တိုင်းစာဖြေဌာနအလိုက် အောင်စာရင်း
(က) ကချင်ပြည်နယ် စာဖြေဌာန အောင်စာရင်း
(ခ) ကရင်ပြည်နယ် စာဖြေဌာန အောင်စာရင်း
(ဂ) စစ်ကိုင်းတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(ဃ) တနင်္သာရီတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(င) ပဲခူးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(စ) မကွေးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(ဆ) မန္တလေးတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(စျ) မွန်ပြည်နယ် စာဖြေဌာန အောင်စာရင်း
(ဇ) ရခိုင်ပြည်နယ် စာဖြေဌာန အောင်စာရင်း
(ည) ရန်ကုန်တိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(ဋ) ရှမ်းပြည်နယ် စာဖြေဌာန အောင်စာရင်း
(ဌ) ဧရာဝတီတိုင်းဒေသကြီး စာဖြေဌာန အောင်စာရင်း
(ဍ) နေပြည်တော် စာဖြေဌာန အောင်စာရင်း
(ဎ) နိုင်ငံခြား စာဖြေဌာန အောင်စာရင်း

ဗီအိုင်ပီရောဂါ

ကျွန်တော်တို့ ရွှေမြန်မာ တွေမှာ ‘ဗီအိုင်ပီ’ ဖြစ်ချင်တဲ့ ရောဂါစွဲ သူ တော်တော်များတယ်။ ရောဂါထတဲ့သူတွေကိုလည်း အပြစ်တော့မတင်ချင်ပါဘူး။ ဗီအိုင်ပီဆိုတာ ‘အရေးကြီးပုဂ္ဂိုလ်’ ဆိုပြီး သူများ ထက် ထူးထူးခြားခြားအခွင့်အရေး များလည်း ရပေတာကိုး။ အခုဆို ရင် ‘ဗီအိုင်ပီ’ ထက် အခွင့်ထူးပိုရ တဲ့ ‘ဗီဗီအိုင်ပီ’ ဆိုတာတောင်မှ ထပ်ပေါ်နေပြန်ပြီ။

ကုန်စိမ်းတန်းက အာလူး တွေ ‘ရှယ်’၊ ‘ထူးရှယ်’၊ ‘ထူးထူး ရှယ်’ လို့ အဆင့်တွေ ခွဲထားသလို ပေါ့။ လုပ်ငန်းအရ၊ တာဝန်အရ၊ ရာထူးဌာနန္တရအရ ‘ဗီအိုင်ပီ’ ဖြစ် ခွင့်ရလို့ ပီကြတာတွေကို ကျွန် တော် မဝေဖန်(ရဲ) ပါဘူး။ အခု ဟာက ကိုယ့်ဟာကိုယ် ‘ဗီအိုင်ပီ’ နေတဲ့ အရေးကြီးပုဂ္ဂိုလ်တွေ အကြောင်း ပြောမှာပါ။
ရွှေနိုင်ငံမှာ နာရေးကားက လည်း ‘ဗီအိုင်ပီ’ ဖြစ်တာပဲ။ နာရေးကားလာရင် ကျန်တဲ့ကားတွေက ရပ်ပေးရတယ်။ မီးပွိုင့်က နီနေရင် တောင်မှ ‘မသာကား’တော့ စိမ်း ပေးရတယ်။ သူကလည်း သချႋုင်း ဖြောင့်ဖြောင့်တန်းတန်းရောက်ဖို့ အရေးကြီးတာကိုး။ နာရေးကား တန်းကြီးတွေ တွေ့ရင် တစ်ချိန်ကမန္တလေးသစ်လွင်အငြိမ့်မှာ ဒါရိုက် တာမောင်မြတ်မှိုှုင်းလုပ်သွားတဲ့ ပြကွက်လေးတစ်ကွက်ကို ပြန် သတိရမိပါရဲ့။

လှေခေတ်၊ လှည်းခေတ်၊ ရှေးခေတ်ကလို ဝတ်စားထားတဲ့ တိုင်းသူပြည်သားနှစ်ယောက်က ပြည်ဖုံးကားရှေ့မှာ ထွက်ရပ်နေ တယ်။ ကားလိပ်နောက်ထဲက ‘ချွင်ချွင်’၊ ‘ချွင်ချွင်’ နဲ့ ချူသံတွေ မြိုင်မြိုင်ပေးပြီး ဖြတ်သွားတဲ့ အသံ ဇာတ်ခုံဘယ်ဘက်က ညာဘက် ကို ဖြတ်သွားတယ်။ ကားချပ်ရှေ့ က လူနှစ်ယောက်က အသံကြား တဲ့အတိုင်း ခေါင်းကို ရွှေ့ပြီး လိုက်ကြည့်ကြတယ်။ ပြီးတော့ တစ် ယောက်က မေးတယ်။ ‘‘ဒီယာဉ် တန်းကြီးက ဘာလဲ’’ တဲ့။ ‘‘လူကြီးခရီးစဉ်၊ ဗီအိုင်ပီယာဉ်တန်းပါ’’ လို့ ပြန်ဖြေတယ်။ အူကြောင် ကြောင်ပုံဖမ်းထားတဲ့ တစ် ယောက်က ‘‘သိပါဘူးကွာ။ ယာဉ် တွေက များတော့ မသာချလာတာလားလို့ပါ’’တဲ့။ ပရိသတ်ကတော့ ရယ်မောကြ၊ လက်ခုပ်တီးကြ၊ လက်ခေါက်တွေ တရွှီရွှီမှုတ်ကြ ပေါ့။ လူတွေရဲ့ရင်ထဲမှာ ဗီအိုင်ပီ ဆိုတာကို မနှစ်မြို့တဲ့ အခံလေး က ရှိနေသေးတာကိုး။

တစ်ခါတုန်းကပေါ့။ တာဝန် ရှိသူတစ်ယောက်ဖြစ်တဲ့ သူငယ် ချင်းနဲ့အတူ လက်ဖက်ရည်ဆိုင် မှာ ကျွန်တော်တို့ထိုင်နေကြပါ တယ်။ သူငယ်ချင်း ဖုန်းအခေါ်ခံ ရတယ်။ ပြဿနာကတော့ ကုန် စည်ပြပွဲလုပ်နေတဲ့ ခန်းမဆောင် ဘေးက လမ်းကို ‘ကိုယ်စားလှယ် တော်ကြီး’ ပါတဲ့ ကားဖြတ်ဖို့ရာ လမ်းပိတ်နေတာကြောင့် ‘ကိုယ် စားလှယ်တော်ကြီး’ က လမ်းလှမ်းရှင်းခိုင်းတာပါ။ တာဝန်ရှိသူ သူ ငယ်ချင်းကတော့ ယာဉ်ထိန်းရဲတို့၊ လုံခြုံရေးမှူးတို့ကို ဖုန်းတွေဆက် ပြီး လမ်းရှင်းပေးဖို့ ညွှန်ကြားပါ တယ်။ အသံတွေကြာပြီး နားကြားပြင်းကတ်နေတဲ့ (ဘာတာဝန်မှ လည်းမရှိတဲ့) ကျွန်တော်ကတော့ ‘‘ဟေ့လူ၊ လမ်းရှင်းပေးစရာမလို ဘူး။ ဒီအချိန်၊ ဒီနေရာမှာ ကုန်စည်ပြပွဲလုပ်နေတာ လူတိုင်းသိတယ်။ လမ်းသွားလမ်းလာများမှာလည်း လူတိုင်း သိတယ်။ လမ်းရှင်းရှင်း သွားချင်ရင် ပြပွဲနဲ့ ကွင်းသွားပေါ့။ လူတွေက အာဏာတယ်ပြချင် ကြသကိုး’’ ဆိုပြီး ဝင်ပြောမိပါ တယ်။ လူဆိုတာမရှိ ရှိတဲ့အာဏာ လေးပြရရင် စားဝင်အိပ်ပျော်ဖြစ် တတ်တာ သဘာဝပေကိုး။ ဒါကို သိရဲ့နဲ့ ကျွန်တော်က လျှာရှည်မိ တာ။

အမြဲတမ်း ‘ဗီအိုင်ပီ’ ခွင့်ရတဲ့ သူက မြိန့်မြိန့်ကြီး ‘ပီ’ သလို တစ် ခါတစ်ရံမှ ‘ပီ’ ခွင့်ရတဲ့သူတွေက လည်း ရတဲ့အခိုက်မှာတော့ မြိန့် မြိန့်ကြီး ‘ပီ’ လေ့ရှိကြပါတယ်။ အလှူပွဲလှည့်တဲ့အခါ၊ မင်္ဂလာ သတို့သား၊ သတို့သမီး ယာဉ်တန်း သွားတဲ့အခါ (နယ်မှာ) ရှေ့ပြေး ဆိုင်ကယ်လူကြီးမင်းအားလုံးဟာ အချိန်ပိုင်း ‘ဗီအိုင်ပီ’တွေပါပဲ။ ဘယ်ယာဉ်စည်းကမ်းလမ်းစည်း ကမ်းမှ မလိုက်နာဘူး။ ဆိုင်ကယ် စီးရင် ဆောင်းရမယ့် အန္တရာယ် ကင်းဦးထုပ်မဆောင်းဘူး။ ဟွန်း တတီတီတီးမယ်။ မီးနီဖြတ်ချင် ဖြတ်မယ်။ သူတို့ကိုလည်း အပြစ် မဆိုနိုင်ဘူး။ သူတို့လည်း အချိန် ပိုင်းတော့ ‘ဗီအိုင်ပီ’။ ‘ဗီအိုင်ပီ’ ဆိုတာ စည်းကမ်းတွေ၊ ဥပဒေတွ မလိုက်နာဘဲ နေခွင့်ရှိတယ်ထင် နေတာကိုး။

‘သားသုံးသား’ ဆိုတာ ရှိ တယ်။ သူတို့ထဲက တချို့ကလည်း ‘ဗီအိုင်ပီ’ အထူးအခွင့်အရေးယူ တယ်။ တာဝန်ရှိသူတွေကလည်း ဥပဒေ၊ စည်းကမ်းဖောက်ဖျက်ရင် တောင်မှ မျက်နှာလွှဲထားတယ်။ ပြဿနာမဖြစ်ချင်ဘူး။ ‘ဗီအိုင်ပီ’ လုပ်ခွင့်ရတော့လည်း ပီချင်တာ ပေါ့။

တစ်ခါတုန်းက ရပ်ကွက် တစ်ရပ်ကွက်မီးလောင်ပါတယ်။ ရပ်ကွက်အဝင်လမ်းမကြီးကို ပိတ် ပြီး တရားပွဲလုပ်ဖို့ စင်တွေ၊ မဏ္ဍပ်တွေထိုးထားတော့ မီးသတ်ကား ဝင်မရဖြစ်နေတယ်။ ကျွန်တော်က တာဝန်ရှိ လူကြီးမင်းသူငယ်ချင်း တွေကို အကျပ်ရိုက်အောင် တစ် ခါတစ်ရံမှာ ချောက်တွန်းတဲ့ မေး ခွန်းတွေမေးပါတယ်။ ‘‘လမ်းပိတ် ပြီး လုပ်တာ မင်းတို့ခွင့်ပြုသလား’’ ဆိုတော့ တာဝန်ရှိသူ သူငယ်ချင်း က ‘‘ကိုယ့်ဆရာ၊ နာချင်လို့လား’’ တဲ့။ ‘‘ပါမောက္ခချုပ် ဆရာတော် ကြီးရဲ့ တရားပဲ အမ်ပီသရီးနဲ့ နာ ပါတယ်’’လို့ ဆင်ဝှေ့ရန်ရှောင် ကျွန်တော်ပြန်ဖြေရဖူးပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက် ရတနာပုံခေတ်ကတည်း က စာဆိုတော် ဦးပုညက ‘‘ဘုရား လိုဏ်ခေါင်းအောင်း၍ မာန်သွေး ဟောင်သည့် ခွေးကို အရေးပြုငှာ ခွင့်မသာသို့’ ဆိုပြီး ထင်လွယ်မြင် လွယ်တဲ့ ဥပမာနဲ့ သင်္ကန်းခြုံထား တဲ့ မုဆိုးသောနုတ္ထိုကို တင်စားပြီး စာရေးဖူးတယ်။ ခွေးကို ခဲနဲ့ပစ်ရင် လည်း ဘုရားထိမယ်။ ဟောင်နေတာကို နားကြားပြင်းကတ်ပေမယ့် မတတ်နိုင်ဘဲ လျစ်လျူရှုရတဲ့ ဒုက္ခက တယ်တော့ မသေးပါဘူး။ ထီး ရိပ်နန်းရိပ်ခိုပြီး မဟုတ်မမှန်တာ လုပ်တတ်တဲ့ လူနပ်လူလည်တွေ ကလည်း ခေတ်အဆက်ဆက်ရှိမြဲ ပေကိုး။

အစိုးရအဖွဲ့တို့၊ အာဏာရှိ ပါတီတို့၊ ဘာသာရေး၊ လူမှုရေး အသင်းအပင်း အဖွဲ့အစည်းတို့ကို ဘက်ဂရောင်းယူပြီး ‘ဘယ်ခွေးမှ လူမထင်ဘူး’ ဆိုတဲ့ အခွင့်အရေး သမားတွေကလည်း ခေတ်အ ဆက်ဆက် ပန်းပန်လျက်ပဲ ရှိတာ ကိုး။ သာမန်ပြည်သူလူထုက ကြော်ငြာထောင်ရင် ထိုက်သင့်သ လို အခွန်အခဆောင်ရပေမယ့် ဘက်ဂရောင်းရှိတဲ့ သူတွေက တော့ အချက်အချာကျတဲ့ နေရာ ကောင်းမှာ ‘ဗီအိုင်ပီ’ လုပ်နေတာ လူထွီစရာဖြစ်လို့ ဖြစ်မှန်းမသိကြ ဘူး။ ဂုဏ်သိက္ခာမြင့်မားတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ရုပ်ပုံတွေ လမ်းဘေး ချထောင်ထားတာ မလေးစားရာ ကျလို့ ကျမှန်းမသိကြဘူး။ ဒီလို လုပ်သူတွေက ပွဲပြီး မီးသေသမား တွေ။ သူတို့ လမ်းဘေးထောင် ပစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ရုပ်ပုံ တွေ၊ သူတို့ တလူလူလွှင့်ထူပစ်ခဲ့ တဲ့အလံတွေ အချိန်တန်ရုံမက အချိန်လွန်တဲ့အထိ ပြန်သိမ်းဖို့ သတိမရကြဘူး။ ညစ်ပေစုတ်ပြဲ အရောင်မွဲပြီး ကြည့်ရှုမကောင်း လို့လည်း အမြင်မတော်တဲ့သူက သိမ်းမပေးရဲဘူး။ ‘ဗီအိုင်ပီ’ တွေ လုပ်ထားတာမို့ ကိုယ်က စေတနာ နဲ့ လုပ်တာပေမယ့် အမှုက ချဲ့သ လောက် ကြီးသွားနိုင်တာကိုး။

လူ့အဖွဲ့အစည်းက ပရဟိတ သမားဆိုရင် တန်ဖိုးထားပါတယ်။ ‘ဗီအိုင်ပီ’ စာရင်းထဲ ထည့်ထား ပေးတယ်။ ပရဟိတသမားအချို့ လိုင်စင်မဲ့ ဝစ်သောက်ကားတွေ တဝီဝီစီးနေတာတောင်မှ မျက်စိ မှိတ်ထားပေးတဲ့ ကျွန်တော်တို့လူ့ အဖွဲ့အစည်းပါ။ ပရဟိတသမား ဆိုရင် လူ့အဖွဲ့အစည်းက လေး စားတော့ တာဝန်ရှိရဲ၊ အာဏာပိုင် တွေကလည်း တန်ဖိုးထားကြ တော့ မသမာသူတွေက ဝစ် သောက်ကားကို ‘ပရဟိတ’ အမည်ဆေးသုတ် ‘ဗီအိုင်ပီ’ ဓာတ်ဖမ်းပြီး မဟုတ်တာတွေ လုပ်လို့ဖမ်းဆီးရမိတာ ခဏခဏ မြင်ရကြားရတယ်။ ပရဟိတအရေခွံခြုံပြီး ‘မကောင်း မှု’ ကျူးလွန်တယ်။ ပရဟိတအ မည်တပ်ထားတဲ့ ကားနဲ့ တရားမ ဝင် သစ်မှောင်ခိုချတယ်။ မူးယစ် ဆေးကယ်ရီဆွဲတယ်။ ‘ဗီအိုင်ပီ’ အခွင့်အရေးကို တလွဲမှာ သုံး စားတာပါ။

AMBULANCE လို့ စာလုံး ကပ်၊ ခေါင်းပေါ်မှာ မီးလည်တပ် ထားတဲ့ကားကလည်း ကားချင်း ယှဉ်ရင်တော့ ‘ဗီအိုင်ပီ’ ပဲ။ သူ့ကို ဦးစားပေးရတယ်။ ဦးစားပေးခံရ တဲ့ အရသာကို သိသွားတော့ အ ရေးကြီးကြီး၊ မကြီးကြီး၊ လူနာပါပါ၊မပါပါ အရေးပေါ်မီးလည်ဖွင့်ပြီး အခွင့်အရေးယူသူက ယူတတ်ပါတယ်။

ရွှေမြန်မာတွေ ‘ဗီအိုင်ပီ’ ချင် တာလည်း အပြစ်တော့ မြင်ရခက် ပါတယ်။ ‘ဗီအိုင်ပီ’ ဆိုရင် အခွင့် ထူးခံဖြစ်သွားတာကိုး။ လူချင်း အတူတူ ခေါင်းတစ်လုံးမြင့်သလို လိုဖြစ်သွားတာကိုး။ ဟောက်စား၊ ခြောက်စားလုပ်စားတတ်သူ ‘ဗီ အိုင်ပီ’ ဖြစ်ခွင့်ရလို့ကတော့ ရွာနာ မှာပါပဲ။

‘ဗီအိုင်ပီ’ ဆိုသူ လူကြီးမင်း များက သာမန်ပြည်သူလူထုထက် အလွန်ထူးခြားတဲ့ အခွင့်အရေး တွေ ခံစား၊ စံစားတာလျှော့ပြီး ‘ပြည်သူနဲ့အတူ’ ဆိုရင်တော့ ‘ဗီအိုင်ပီရောဂါ’ လျော့တန်သလောက် လျော့ပါလိမ့်မယ် (ထင်ပါရဲ့)။